Sales Hotline : 09448001653       Download App



ကျောင်းများပြန်ဖွင့်လျှင် အသက်ခြောက်နှစ်ပြည့်ပြီးသည့် ကလေးများ KG တက်ရန်မလို

အခြေခံပညာကျောင်းများမှာ ကိုဗစ်-၁၉ ရောဂါများကြောင့် ကျောင်းများပိတ်ထားရပြီး ရောဂါအခြေအနေများကြောင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိချိန်တွင် အသက်ခြောက်နှစ်ပြည့်ပြီးသည့် ကလေးငယ်များအနေဖြင့် KG တက်ရန်မလိုတော့ဘဲ Grade-1 သို့တန်းတက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယခုနှစ်ပညာသင်နှစ် ကျောင်းပြန်ဖွင့်ချိန်တွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး ယာယီပိတ်ထားရဆဲဖြစ်ပြီး ယခုပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းများဖြစ်ကြသည့် Grade-10နှင့် Grade-11 တို့ကို ဇူလိုင်လအတွင်းမှစ၍ တစ်လကျော်ခန့်သာ ဖွင့်လှစ်သင်ကြားပေးခဲ့ရကြောင်းသိရသည်။ မူလတန်း၊ အလယ်တန်းကျောင်းများအားလုံးကိုမူ ဖွင့်လှစ်ရခြင်းမရှိသေးပါ။ ထိုသို့ အခြေခံပညာကျောင်းများ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် အချိန်တွင် အသက်ခြောက်နှစ်ပြည့်ပြီးသည့် ကလေးငယ်များမှာ KG သို့ တက်စရာမလိုတော့ဘဲ Grade-1 ဖြစ်သည့် ပထမတန်းသို့တက်ရောက်ကြရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ ကလေးကအကြောင်းမညီညွှတ်လို့ KG မှာ မတက်ခဲ့ရဘူးဆိုရင် ကလေးအသက် ခြောက်နှစ်ပြည့်တော့မှသာလျှင် Grade-1 မှာတက်ရမှာမည်။ ထိုပညာသင်နှစ်ထဲမှာ ပြန်ဖွင့်ခွင့်ရရင်တော့ အသက်ငါးနှစ်ပဲဆိုရင် KG ကိုပဲဆက်တက်ရမှာမည်ဖြစ်သည်။ 

ပုံမှန်အတိုင်းဆိုလျှင် ပညာရေးဥပဒေအရ ငါးနှစ်ဆိုရင် KG၊ ခြောက်နှစ်ဆိုရင် Grade-1 ဖြစ်မည်။ လက်ရှိအခြေအနေအရဆိုလျှင် ကျောင်းတွေဖွင့်ရန် ကိုဗစ်-၁၉ ရောဂါအခြေအနေကိုပေါ်မူတည်ပြီး စောင့်ကြည့်နေရတယ်လို့ အခြေခံပညာဦးစီးဌာနမှ သိရသည်။

By Myanmar Education Guide - EDGE

Latest Post Read 937 times