Sales Hotline : 09448001653       Download App



အခြေခံပညာ ဆရာ၊ဆရာမ များအတွက် လုပ်ငန်းခွင် ဆရာအတတ်ပညာရေးဆိုတာ ဘာလဲ?

ပြည်နယ်နှင့်တိုင်းဒေသအလိုက်အခြေခံပညာကျောင်းအသီးသီးတွင်တာ၀န်ထမ်းဆောင်နေသော ဆရာ၊ဆရာမများ၏ စာသင်ကြားမှုဆိုင်ရာ ကျွမ်းကျင်မှု၊ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းများ စဉ်ဆက်မပြတ် တိုးတက်စေနိုင်ရန်အတွက် အထောက်အကူပြု မြှင့်တင်ပေးသော ကာလတိုလုပ်ငန်းခွင်သင်တန်းများ၊အလုပ်ရုံဆွေးနွေးပွဲများ၊အစည်းအဝေးပွဲများအားကျောင်းအလိုက် ကျင်းပလျက် ရှိပါသည်။ 

ထို့တွင်သာမက ကျောင်းအုပ်ကြီးများအတွက် ရုံးလုပ်ငန်းများနှင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့် သင်တန်းများလည်း လေ့ကျင့်သင်ကြားပေးနေပါသည်။

လုပ်ငန်းခွင် ဆရာအတတ်သင်ပညာရေး (In Service Teacher Education)၏ စဉ်ဆက်မပြတ် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး (Continuous Professional Development) အစီအစဉ်တစ်ခုဖြစ်သော ကျောင်းအခြေပြုလုပ်ငန်းခွင် ဆရာအတတ် ပညာရေးအစီအစဉ် (School-based Inservice Teacher Education-SITE)ကို ယူနီဆက်၏ ပံ့ပိုးပေးမှုဖြင့် ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ 

အထူးသဖြင့် ဝေးလံခေါင်ဖျား ဒေသများမှ ဆရာ/ဆရာမများ၏ ဆရာအတတ်ပညာ အရည်အသွေး စဉ်ဆက်မပြက် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် လုပ်ငန်းခွင်မပျက် ကိုယ်တိုင်လေ့လာ သင်ယူနိုင်သည့် ကုန်ကျစရိတ်သက်သာသော ဆန်းသစ်သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၃၃) မြို.နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။

 

News Read 883 times