လုပ်ခလစာများကို အောက်တိုဘာလ (၈) ရက်နေ့ (မနက်ဖြန်) မှစ၍ သွားရောက်ထုတ်ယူရန် ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများသည် လုပ်ခလစာပေးရာတွင် Payroll Processing QR Pass ကို အောက်တိုဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် မှတ်ပုံတင်ရယူ၍ အောက်တိုဘာလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ သွားရောက်နိုင်ကြောင်း ကြေညာထားခဲ့ပြီးဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အောက်တိုဘာလ (၅) ရက်နေ့ကြေညာချက်အရ ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလကို ၂၁.၁၀.၂၀၂၀ အထိ သက်တမ်းတိုးခဲ့ပါသည်။ 

သို့ရာတွင် ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများမှ အလုပ်သမားများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စက်တင်ဘာလ လုပ်ခလစာများကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်တိုဘာလ (၈) ရက်နေ့ (မနက်ဖြန်) မှစ၍ သွားရောက်ထုတ်ယူရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Latest Post Read 1341 times