မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတွင် နေစားစရိတ်ငြိမ်း သင်တန်း (၆) မျိုး ဖွင့်လှစ်မည်

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အီလက်ထရောနစ် (၁) နှစ်သင်တန်းနှင့် ဆံသ၊ စက်ချုပ်၊ ကွန်ပျူတာ၊ ဓာတ်ပုံနှင့် တံဆိပ်ရိုက် (၃) လ သင်တန်းများကို ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

အောက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

  • ကိုယ်အင်္ဂါမသန်စွမ်းသူများဖြစ်ရမည်။
  • အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်း ဖြစ်ရပါမည်။
  • ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာမရွေး လျှောက်ထားနိုင်သည်။
  • သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းအပ်နှံရာတွင် လိုအပ်သည့်အချက်များ

  • မှတ်ပုံတင်မိတ္တူ
  • အိမ်ထောင်စုဇယားမိတ္တူ
  • ပညာအရည်အချင်းထောက်ခံစာမိတ္တူ
  • ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံ
  • သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရပ်ကွက်/ကျေးရွာတွင် နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
  • ကိုဗစ်-၁၉ စစ်ဆေးပြီးစီးကြောင်း ဆေးလက်မှတ်မူရင်း
  • ပုံမှန်သောက်သုံးနေရသည့်ဆေးဝါးများ ယူဆောင်လာရန်

လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်းအတွင်း၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လူကိုယ်တိုင် တိုက်ရိုက်လျှောက်ထားနိုင်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသူ၊ သင်တန်းသားများအတွက် ရန်ကုန်မြို့သို့လာသော အသွားအပြန် ခရီးစရိတ်များကို နိုင်ငံတော်မှ စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု ဖုန်းနံပါတ်-၀၆၇-၄၀၄၂၅၂၊ ၀၆၇-၄၀၄၆၇၆ နှင့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၆၆၁၇၁၂၊ ၀၉-၄၄၈၀၃၅၀၈၀၊ ၀၉-၉၇၂၆၆၁၈၄၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 554 times