Sales Hotline : 09448001653    



ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်းတိုးနိုင်

ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများ၏ ဗီဇာသက်တမ်းတိုးနိုင်ရေး ထောက်ခံချက်နှင့် စပ်လျဉ်း၍ ကြေညာချက်

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဗီဇာသက်တမ်းတိုး ဆက်လက်နေထိုင်နိုင်ရေးနှင့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ယခုအခါ “ပုဂ္ဂလိက ပညာရေးဥပဒေ" အား ပြဋ္ဌာန်းပြီးဖြစ်ပြီး ယင်းဥပဒေ အခန်း (၅) ၊ (၉) နှင့် (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် Myanmar Companies Online (MyCO) စနစ်တွင်မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရယူသည့်ကုမ္ပဏီများနှင့် ရယူခြင်းမရှိသည့်ကုမ္ပဏီများအနက် ပညာရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသား ဝန်ထမ်းများ အနေဖြင့် ထိုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများတွင် ခန့်အပ် တာဝန်ထမ်းဆောင်မည့် (သို့မဟုတ်) ထမ်းဆောင်နေသည့် နိုင်ငံခြားသားဝန်ထမ်းနှင့် မိသားစုဝင်များ၏ လုပ်ငန်းဗီဇာထောက်ခံချက်နှင့် သက်တမ်းတိုး ထောက်ခံချက်ရရှိရေးအတွက် http://movas.dica.gov.mm နှင့် https://visaonline.dica.gov.mm တို့တွင် လျှောက်ထားရန် မလိုအပ်တော့ဘဲ ပညာရေးဝန်ကြီးဌာနသို့သာ တိုက်ရိုက်လျှောက်ထားရန် နှင့် ပညာရေးဝန်ကြီးဌာန၏ ထောက်ခံချက် ပူးတွဲတင်ပြမှသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန


Announcement Regarding Visa Extension Recommendation for Foreigners from Companies Engaging in Educational Service Businesses

1. Ministry of Investment and Foreign Economic Relations, Directorate of Investment and Company Administration had provided support for foreigners and their family members from companies engaged in educational services to extend their visas and obtain recommendation for multiple re-entry visas.

2. Now, the "Private Educational Law" has been enacted. So, companies. engaged in educational services among companies which registered on Myanmar Companies Online (MyCO) whether they have Permit/ Endorsement from Myanmar Investment Commission or not must comply with Chapter (5), (9) and (10) of the law to employ foreigners.

3. Therefore, it is no longer necessary to apply at http://movas.dica.gov.mm and https://visaonline.dica.gov.mm for recommendation to obtain business visas and visa extension of foreign employees and their family members who will employ or are serving in educational service companies, but to apply directly to the Ministry of Education. Please be informed that the Ministry of Immigration and Population will continue to act only if you can submit endorsement from the Ministry of Education.

Directorate of Investment and Company Administration


 

Local News Read 1028 times