Sales Hotline : 09448001653       Download App



အမေရိကန်နိုင်ငံမှ လာအိုသို့ မူလတန်းကြိုပုံပြင်စာအုပ်ပေါင်း ၂၉၀၀၀ အုပ် လှူဒါန်း

အမေရိကန်သံအမတ်မှ လာအိုနိုင်ငံရှိ စာသင်ကျောင်းများ အတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၅ ရက် တွင် အမေရိကန်သံအမတ်မှ လာအိုနိုင်ငံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား စာဖတ်ခြင်းတွင် အထောက်အကူဖြစ်စေမည့် ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ထိုသို့ ပေးအပ်ခြင်းအခမ်းအနားကို အမေရိကန်သံအမတ်မှ ပညာရေးနှင့်အားကစား ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး Dr. Daravone Kittiphanh သို့ ပေးအပ်ခဲ့ပြီး ဗီယင်ကျန်းပြည်နယ်၊ တယ်လ်ဟန်းခရိုင်ရှိဆခ်မူလတန်းကျောင်း တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အဖြစ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပညာရေးနှင့်အားကစား ၀န်ကြီး ဌာနမှ ကိုယ်စားလှယ်များ၊ ဆရာများနှင့်ကျောင်းသားများအပါအ၀င် လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ထိုသင်ထောက်ကူပစ္စည်းများတွင် စာသင်ခန်း ၂၂၇ ခန်းအတွက် အရည်အသွေးမြင့်သင်ကြားရေးပစ္စည်းများ ပါဝင်သည့် မူလတန်းကြိုပုံပြင်စာအုပ်ပေါင်း ၂၉၀၀၀ အုပ်ခန့် ပါဝင်သည်။

ယခုနှစ်စာသင်နှစ်တွင် ယူအက်စ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှ ပံ့ပိုးသောပစ္စည်းများမှာ စုစုပေါင်း ၈၁၀၀၀ ကျော်ခန့် ရှိပြီး လာအိုနိုင်ငံ၏ ပြည်နယ် ၄ ခု ရှိ ကျောင်းပေါင်း ၅၈၄ ကျောင်း သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

“ ဒီနေ့လွှဲပြောင်းပေးမှုက အမေရိကန်နှင့် လာအို နှစ်နိုင်ငံကြား ထားရှိထားသည့် လာအိုရှိကလေးသူငယ်များအားလုံးအတွက် စာဖတ်ခြင်းရလဒ်များနှင့် အခြေခံပညာရေးတိုးတက်စေရန်နှင့် အားလုံးပါ၀င်သည့် ပညာရေးမြှင့်တင်ရန် စသည့် ကတိများနှင့် ရည်ရွယ်ချက်များ အထမြောက်စေရည်ရွယ်ပါသည်” ဟု သံအမတ် Haymond ကဆို ခဲ့ပါသည်။

ဆက်လက်၍ ၎င်းက လာအိုနိုင်ငံ၏အကြီးမားဆုံးသယံဇာတအရင်းအမြစ်ဖြစ်သော၎င်း၏ကလေးများကို ကူညီထောက်ပံ့ပေးရခြင်းကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားထားသည်။

ယနေ့အထိ အမေရိကန်ပြည်ထောင်စုသည် လာအိုပီအာတွင် အခြေခံပညာရေးကိုတိုးတက်စေရန်အတွက် ဒေါ်လာသန်း ၁၂၀ ကျော်ရင်းနှီးမြုပ်နှံထားပြီး “စာဖတ်ရန်သင်ယူပါ (Learn to Read)” အစီအစဉ် အပါအ၀င်ကျယ်ပြန့်သောအစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။

ထို “စာဖတ်ရန်သင်ယူပါ (Learn to Read)” အစီအစဉ် ကို USAID မှငွေကြေးထောက်ပံ့ပြီး MoES နှင့် Save the Children မှအကောင်အထည်ဖော်ထားသည်။

Attapeu၊ Champasak, Vientiane နှင့် Xiengkhouang ရှိကျောင်း ၈၅၀ တွင်ကျောင်းသား ၆၅,၃၁၃ ၏စာဖတ်စွမ်းရည်ကိုတိုးတက်စေခဲ့သည်။

“စာဖတ်ရန်သင်ယူပါ (Learn to Read)” အစီအစဉ်သည် စာဖတ်ခြင်း အလေ့အထကို ဖြစ်ပေါ်စေပြီး ပုံပြင်စာအုပ်များ၊ သင်ကြားရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ၊ ဆရာများအတွက် သင်တန်းများ၊ အထောက်အပံ့များ နှင့်အတူ မိဘများ၊ ကလေး သူငယ်ပြုစု စောင့်ရှောက်သူများကို အထောက်အကူ ပေးလျက်ရှိသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည်စိုက်ပျိုးရေးဌာနမှရန်ပုံငွေရရှိပြီး ကက်သလစ်ကယ်ဆယ်ရေး ၀န်ဆောင်မှုနှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အကောင်အထည်ဖော်ဆောင် နေသည့် ကျောင်းများတွင် ကလေးငယ်များကို အာဟာရကျွေးမွေး နိုင်ရန် စီစဉ်လျက်ရှိသည်။

ကျောင်းများတွင် ကလေးငယ်များကို အာဟာရကျွေးမွေးမည့် အစီအစဉ်သည် လာအိုတွင်ရှိသောကျောင်းပေါင်း ၁၇၀၀ ကျော်မှကျောင်းသားများ၏စာတတ်မြောက်မှုစွမ်းရည်နှင့်အစားအသောက်အလေ့အကျင့်များကိုတိုးတက်လာစေကြောင်းတွေ့ရသည်။

အမေရိကန်ပြည်ထောင်စု သည် လာအို နိုင်ငံနှင့် ကျန်းမာရေးနှင့်အာဟာရများတိုးတက်စေရန်၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကိုလွယ်ကူချောမွေ့စေရန်၊ တရားဥပဒေစိုးမိုးရေးကိုမြှင့်တင်ရန် နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အစရှိသည့် နယ်ပယ်များတွင် တွင်တွင် ကျယ်ကျယ် လုပ်ဆောင်နိုင်ရန် သဘောတူ ထားပြီး ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: US Embassy In Lao

Latest Post News Read 1254 times