Sales Hotline : 09448001653       Download App



တက္ကသိုလ်ဖွင့်ရန် ကြာနိုင်သေး၊ စာမေးပွဲများကို Onlineမှ ဖြေဆိုရန်မရှိ

ပါမောက္ခချုပ်များကော်မတီ၏ COVID-19ကာလ တက္ကသိုလ်များ စဉ်ဆက်မပြတ်ပညာရေး ဆောင်ရွက်နိုင်ရန် ကြိုတင်လုပ်ငန်းများ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ Zoom Meetingဖြင့်ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.သိန်းဝင်း၊ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ Dr.ဇော်ဝေစိုး၊ နည်းပညာတက္ကသိုလ်များအလိုက် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ ကိုယ်စားလှယ်များ၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.သိန်းဝင်းမှ 
- တက္ကသိုလ်များတွင် Online learning ဖြင့် သင်ကြားသင်ယူမှုပြုလုပ်ရန် ပြင်ဆင်ထားမှု အခြေအနေအား အမျိုးသားအဆင့် COVID-19 ထိန်းချုပ်မှု ဗဟိုကော်မတီသို့ တင်ပြထားပြီး ဗဟိုကော်မတီမှ ဆုံးဖြတ်မှုများ မပြုရသေးပါကြောင်း
- စာမေးပွဲကိစ္စများကိုမူ Onlineမှ ဆောင်ရွက်မည်မဟုတ်ဘဲ COVIDအလွန်ကာလမှသာ စစ်ဆေးမည်ဖြစ်ကြောင်း
- Online learning အတွက် လိုအပ်သော ဘတ်ဂျက်ကို ယခုနှစ်တွင် ချထားပေးရန် မရှိသေးကြောင်းနှင့် EUမှ COVID-19 Recovery Planအရ ထောက်ပံ့ပေးမည်ဟုဆိုသော်လည်း ယခုထိ လက်ခံရရှိမှု မရှိသေးကြောင်း၊ ရရှိပါက Online learning အတွက် ထောက်ပံ့နိုင်မည်ဟု ထင်ရပါကြောင်း
- Online learning ဆောင်ရွက်ပါက လိုအပ်သည့်အရာများ(Memory card, Dual drive stick)အား ထောက်ပံ့ပါကလည်း သင်ကြားမှုပြီးဆုံးက ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း
ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ Dr.ဇော်ဝေစိုးမှ
- တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်၍ face to faceသင်ကြားရန်မှာ techniqueများ၊ guide lineများကိုပင် နောက် သုံး၊ လေးလမှသာ ချမှတ်နိုင်ဖွယ် ရှိပါကြောင်း
- တက္ကသိုလ်များ ပုံမှန်အတိုင်း လည်ပတ်ရန် အနည်းဆုံး တစ်နှစ်ခွဲခန့်ကြာနိုင်ပြီး ယခုထက် စောကောင်းစောနိုင်သကဲ့သို့ နောက်ကျခြင်းလည်း ဖြစ်နိုင်ပါကြောင်း
- ယခုအခြေအနေအားဖြင့် သင်ကြားသင်ယူမှုများ နောင်ကျမှုမရှိအောင် E-learningကို နှိုးဆော်ရခြင်းဖြစ်ကြောင်း၊ ညွှန်ကြားမှု မဟုတ်ပါကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှလည်း ဆွေးနွေးခဲ့ကြပြီး နေ့လည်(၁၂:၃၀)ခန့်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
Source - Technological University Sagaing, Students' Union - STUSU

Government School News Read 6153 times