Sales Hotline : 09448001653    



ဖွင့်လှစ်တာ တစ်နှစ်ပဲ ရှိသေးတဲ့ နေပြည်တော် နည်းပညာတက္ကသိုလ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) မှ နေပြည်တော် နည်းပညာတက္ကသိုလ်အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်အတွင်း တည်ရှိသည်။ 

 

တက္ကသိုလ်အဆင့် မမြှင့်တင်မီ မူလက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မြေအကျယ် ၂၂ ဧကပေါ်၌ အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ် သင်ကြားခဲ့သည်။

 

နေပြည်တော် နည်းပညာတက္ကသိုလ်တွင် လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် အင်ဂျင်နီယာ ဘာသာရပ်ကြီး (၄) ခု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်းဘာသာရပ် (၆) ခုကို လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။

 

Advertisement

Click Here > Giza

 

သင်ကြားပေးနေသည့် ဘာသာရပ်များ

  • မြို့ပြအင်ဂျင်နီယာ
  • အီလက်ထရွန်းနစ်အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ
  • ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ
  • ဗိသုကာ

 

ဘွဲ့သင်တန်းများကို နှစ်စဉ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆို အောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာ ရမှတ် (အများ/အနည်း) ပေါ် မူတည်၍ ရွေးချယ် တက်ရောက်ခွင့်ပြုလျက် ရှိသည်။

 

အဆိုပါ တက္ကသိုလ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၏ ပထမနှစ် သင်တန်းများကို စတင် ဖွင့်လှစ် သင်ကြားပေးပြီး ဖြစ်ကာ သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။ 

 

Government School Latest Post Read 1708 times