Sales Hotline : 09448001653       Download App



စစ်ကိုင်းသမဝါယမတက္ကသိုလ်က အောင်စာရင်းထွက်မည့်ရက်နှင့် ကျောင်းဖွင့်ရက် ထုတ်ပြန်

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အောင်စာရင်းထုတ်ပြန်မည့်ရက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်၊  ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်) များကို ထုတ်ပြန် ကြေညာထားသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အောင်စာရင်း ထုတ်ပြန်မည့်ရက်မှာ စတုတ္ထနှစ်၊ PGD၊ MI ( ဒု-နှစ်ဝက် )      များအတွက် ဧပြီ ၃၀၊ ၂၀၂၄ (အင်္ဂါနေ့) ဖြစ်ပြီး ဒုတိယနှစ်၊ တတိယနှစ် (ဒု-နှစ်ဝက်) များအတွက် မေ ၅၊ ၂၀၂၄ (သောကြာနေ့) ဖြစ်သည်။ 

 

သင်တန်းနှစ်များ အားလုံးအတွက်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံမည့်ရက်/ သတင်းပို့ရမည့် ရက်မှာ မေ ၁၆၊ ၂၀၂၄ (ကြာသပတေးနေ့) ဖြစ်ပြီး ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းစတင် ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ဖြစ်သည်။

 

စစ်ကိုင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်အကြောင်းနှင့် ရရှိမည့် ဘွဲ့များ

> https://www.edge.com.mm/article/651e8b0f0942a.html 

 

သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်နှင့် တခြား သမဝါယမကောလိပ်များမှာမူ အဆိုပါရက်များအား ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါ။

Latest Post Government School Local News Read 282 times