Sales Hotline : 09448001653   Find A Tutor     Download App



တက္ကသိုလ်များအားလုံး နိုဝင်ဘာလ (၂၃) ရက်နေ့တွင် စတင် ဖွင့်လှစ် သင်ကြားမည်

လာမည့် နိုဝင်ဘာလ (၁၆) ရက်မှ စတင်၍ တက္ကသိုလ်များအားလုံး၌ ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နေ့စဉ် မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမည် ဖြစ်ကာ နိုဝင်ဘာလ (၂၃) ရက်တွင် ကျောင်းများ စတင် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားမည် ဖြစ်ပြီး မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားအားကစား လှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့်၊ အားကစားပြိုင်ပွဲများလည်း ကျင်းပမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

လာမည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံး အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် စာတတ်မြောက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

 

Advertisement

Click Here > Queen Empire

 

တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူအားလုံး ဝိုင်းဝန်း လက်တွဲ  ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာန လမ်းညွှန်ချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

 

အထက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ် ပါမောက္ခချုပ်များကို အောက်တိုဘာလအတွင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေး မှာကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ တွေဆုံပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြသည်။

 

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ 

တက္ကသိုလ်အားလုံး၏ ဝင်ခွင့်စာရင်းများ စုစည်းမှု

Government School Latest Post Local News Read 458 times