ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နိုင်မည့် အလှကုန်လုပ်ငန်း အတတ်ပညာ

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် အလှကုန်လုပ်ငန်း အတတ်ပညာ သင်တန်းကို နိုဝင်ဘာ (၁၁) ရက်နေ့မှ စ၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်။

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၅.၁၁.၂၀၂၄ ရက်နေ့မှ ၁၀.၁၁.၂၀၂၄ ရက်နေ့အထိ လျှောက်ထားရမည်ဖြစ်သည်။

Advertisement : Yangon Directory

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ - ၁၁.၁၁.၂၀၂၅

သင်တန်းကာလ - (၃) လ

သင်တန်းအချိန် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (မနက် (၇) နာရီမှ (၉) နာရီအထိ)

သင်တန်းကြေး - (၃) လကို တစ်သိန်းကျပ်

လက်ခံမည့်သင်တန်းသားဦးရေ - (၁၂၀) ဦး

ပေးအပ်မည့် အောင်လက်မှတ် - Certificate in Cosmetics Technology

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၇၇၃၇၂၇၆၆၇၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ် မေးမြန်းနိုင်ပါသည်။ 

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 3215 times