မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) နှင့် မွေးမြူရေးပညာဘွဲ့ (BASc) ဘွဲ့သင်တန်းတို့အတွက် ပထမနှစ်သင်တန်းသားများ ခေါ်ယူလျက်ရှိသည်။
တက်ရောက်နိုင်သည့် ဘွဲ့သင်တန်း (၂) ခု
တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၁၀) မှတ်နှင့် အထက်ရရှိသူ အမျိုးသားဦးရေ (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်။
မွေးမြူရေးပညာဘွဲ့ (BASc) သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့် အထက်ရရှိသူ အမျိုးသားဦးရေ (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦး စုစုပေါင်း (၁၅၀) ဦး လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
လျှောက်ထားသူသည် -
- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီသော နိုင်ငံသား ဖြစ်ရမည်။
- တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS-1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အသက် (၂၀) ထက်မကြီးသူ ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြည့်စုံသူဖြစ်ရမည်။
- တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
လျှောက်လွှာပုံစံ
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
- တက္ကသိုလ်၀င် စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)
- တက္ကသိုလ်ဝင်အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)
- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ၏ ထောက်ခံချက် (မူရင်း)
- လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစီစစ်ရေးကတ် (မိတ္တူ)
- လိုင်စင်ဓာတ်ပုံ (၄) ပုံ
လျှောက်ထားရမည့်ပုံစံ
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ၁၅.၁၀.၂၀၂၅ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ကိုယ်တိုင်/ကိုယ်စား (သို့) သင်တန်းရေးရာဌာန၊ မွေးမြူရေးတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့) အီးမေးလ်လိပ်စာ [email protected] သို့ ပေးပို့ လျှောက်ထားနိုင်သည်။
အကယ်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်းနံပါတ် - ၀၆၇-၃၄၁၆၆၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဒ်ဖြစ်သော www.uvs.edu.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။