သတင်းအချက်အလက်နည်းပညာတက္ကသိုလ်က ဖွင့်လှစ်မည့် AI ဒီပလိုမာသင်တန်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် Professional Diploma in AI သင်တန်းကို (၆) လ ဖွင့်လှစ်မည်ဖြစ်သဖြင့် တက်ရောက်လိုသူများ ဧပြီလ (၂၄) ရက်အထိ လျှောက်ထားနိုင်သည်။

အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည် -

  • IT နှင့် ဆက်စပ်သည့် ဘွဲ့တစ်ခုခု ရရှိထားသူ (သို့) ဘွဲ့တစ်ခုခု ရရှိထားပြီး C++/Python/Java Programming အခြေခံရှိသူ (သို့) IT ဘာသာရပ်ဖြင့် ဘွဲ့ရရှိရန် လိုအပ်သည့် Credit များ သင်ယူပြီးမြောက်သော CU၊ TU နှင့် PU များမှ နောက်ဆုံးနှစ် ကျောင်သား၊ ကျောင်းသူများဖြစ်ရမည်။
  • မိမိနှင့်တကွ မိဘနှစ်ပါးလုံးသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
  • ဝင်ခွင့်အရည်ချင်းစစ်စာမေးပွဲများကို အောင်မြင်စွာ ဖြေဆိုနိုင်သူ ဖြစ်ရမည်။
  • ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့ သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုစာ ပါရှိရမည်။

လျှောက်လွှာများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာနတွင် ဧပြီ (၂၄) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားရပါမည်။  

လျှောက်ထားသူများအားလုံး လူတွေ့စစ်ဆေးမှု ဖြေဆိုရမည်ဖြစ်ပြီး ထပ်မံ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။ IT နှင့် ဆက်စပ်သည့် ဘွဲ့တစ်ခုခု ရရှိထားသူ မဟုတ်ပါက ဧပြီ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ပါရမီလမ်းမကြီး၊ တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ ရန်ကုန်မြို့) တွင် ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကြရပါမည်။

သင်တန်းအား ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ နိုဝင်ဘာ (၆) ရက်နေ့အထိ (၆) လ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား (၆၀) ဦးသား လက်ခံမည်ဖြစ်သည်။ သင်တန်းအား အစိုးရရုံးပိတ်ရက်များမှအပ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှား (၃) သိန်းကျပ်ဖြစ်သည်။

သင်တန်းပြီးမြောက်အောင်မြင်သူများကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ Centre for Development of Advanced Computing (C-DAC) တို့ပူးပေါင်း၍ Post Graduate Diploma ဘွဲ့ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ 

အသေးစိတ်သိရှိလိုပါက email: [email protected] နှင့် တယ်လီဖုန်း ၀၉-၇၇၄၁၅၂၁၆၆ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 479 times