သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) မှ MBA/MPA/MAR အွန်လိုင်းသင်တန်းများ

သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) တွင် အောက်ဖော်ပြပါ စီးပွားရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများကို အွန်လိုင်းဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်သဖြင့် ဝင်ခွင့်လျှောက်ထားနိုင်သည်။ 

- စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း (MBA)
- ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့သင်တန်း (MPA)
- အသုံးချသုတေသနပညာမဟာဘွဲ့သင်တန်း (MAR)

အဆိုပါသင်တန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ်ဖြစ်သည်။

အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်း တက်ရောက်နေသူ မဖြစ်ရပါ။
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။
  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
  • အွန်လိုင်းသင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများအား ကောင်းစွာ အသုံးချနိုင်သူ ဖြစ်ရမည်။

သင်တန်းလျှောက်ထားရမည့်ပုံစံ

သင်တန်းလျှောက်လွှာပုံစံများကို သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း) တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) မိမိလျှောက်ထားလိုသည့် သင်တန်း၏ အွန်လိုင်းမှ ဖြစ်စေ ဇန်နဝါရီ (၂၂) ရက်နေ့မှ စတင် ရယူပြီး ဧပြီ (၃) ရက်နေ့တွင် နောက်ဆုံးထား လျှောက်ရမည်။

MBA လျှောက်လွှာ - http://studyonline.ucms.edu.mm/?p=519

MPA လျှောက်လွှာ - http://studyonline.ucms.edu.mm/?p=509

MAR လျှောက်လွှာ - http://studyonline.ucms.edu.mm/?p=526

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

  • ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ
  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
  • နိုင်ငံသားစိစစ်ရေးကတ်
  • ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်
  • ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ

မှတ်ချက် - စာရွက်စာတမ်းများသည် မူရင်းကို Scan ဖတ်ထားသော မိတ္တူများဖြစ်ပြီး Email (သို့) Viber ဖြင့် ပေးပို့ရမည်။

ဝင်ခွင့်စာမေးပွဲ အချိန်စာရင်း

ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၈-၄-၂၀၂၆) ရက် (ဗုဒ္ဓဟူးနေ့)တွင် Online မှ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို (၂၃-၄-၂၀၂၆) ရက်တွင် ထုတ်ပြန်ပါမည်။ 

ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ

(က) MBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန
Phone - ၀၉-၈၉၇၇၅၂၀၄၆၊ ၀၉-၆၇၆၈၃၅၉၉၉
Viber - ၀၉-၈၉၇၇၅၂၀၄၆
Email - [email protected]

သင်တန်းရေးရာဌာနဖုန်း-၀၉-၄၂၇၉၀၆၁၇၀
Email- [email protected]

 MPA သင်တန်းအတွက် သမဝါယမပညာဌာန 
Phone - ၀၉-၈၉၇၇၅၁၇၄၂ ၊ ၀၉-၂၅၀၈၀၄၈၂၀
Viber - ၀၉-၆၉၉၀၆၅၃၃၁
Email- [email protected], [email protected]

သင်တန်းရေးရာဌာနဖုန်း- ၀၉-၄၂၇၉၀၆၁၇၀
Email- [email protected]

 MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန
Phone - ၀၉-၈၉၇၇၅၂၀၄၇  
Viber - ၀၉-၆၇၃၃၅၈၂၂၄
Email - [email protected]

သင်တန်းရေးရာဌာနဖုန်း - ၀၉-၄၂၇၉၀၆၁၇၀
Email- [email protected]

လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://www.ucmsonlinestudy.org/ နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Latest Post Local News University / College Read 30 times