သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (၁၂) နေရာအတွက် အလုပ်လျှောက်လွှာ ခေါ်ယူလျက်ရှိသည်။
အောက်ပါသတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။
ရွေးချယ်ခန့်အပ်ထားခြင်းခံရပါက အနည်းဆုံး (၅) နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ထမ်းဆောင်နိုင်ခြင်း မရှိပါက သတ်မှတ်လျော်ကြေးနှုန်းထားများအတိုင်း ပေးလျော်ရမည်ဖြစ်ကြောင်း ဝန်ခံကတိထိုးရမည်။
လစာ
၂၁၆,၀၀၀ - ၂၀၀၀ - ၂၂၆,၀၀၀ ကျပ်
လျှောက်ထားခြင်း
လျှောက်လွှာများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်တကွ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ -
ရေးဖြေစာမေးပွဲ
ရေးဖြေဖြေဆိုခွင့်ကတ်ပြားကို ဇူလိုင် (၂၆) ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ပြီး ဇူလိုင် (၂၇) ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှာ စာမေးပွဲဖြေဆိုရပါမည်။ ဖြေဆိုရမည့်ဘာသာများမှာ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ဖြစ်သည်။
ရေးဖြေအောင်မြင်သူများစာရင်းကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ ကြော်ငြာသင်ပုန်းတွင်လည်းကောင်း၊ တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဒ် (https://www.ucms) တွင်လည်းကောင်း၊ ဖေ့စ်ဘုတ်စာမျက်နှာ (https://www.facebook.com/) တွင်လည်းကောင်း ကြေညာသွားပါမည်။
ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး အင်တာဗျုးရက်အား ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေ/လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်၊ အလုပ်သမားမှတ်ပုံတင်တို့ကို မူရင်းတင်ပြနိုင်ရမည်။
အသေးစိတ်သိလိုပါက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ ဖုန်း-၀၉-၇၈၇၉၂၉၈၁၇၊ ၀၉-၄၀၁၆၅၆၆၉၁ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။