Sales Hotline : 09448001653       Download App



တက္ကသိုလ်၊ ဒီဂရီကောလိပ်များဖွင့်မည့်ရက်နှင့်ပတ်သက်၍

** Unicode **

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကင်းစင်မှ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ဖွင့်လှစ်သွားမယ်လို့ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ‌ရောဂါကင်းစင်ပြီး လူစုလူဝေးပြုလုပ်နိုင်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ရရှိမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ဖွင့်လှစ်သွားမယ်လို့ အဆင်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ဒါကြောင့် တကက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆိုတာ COVID-19 အခြေအနေ အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ ပထမနှစ်ဝက် တက္ကသိုလ် စာမေးပွဲကို ကျင်းပနေတုန်းကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူတွေ ရှိလာတဲ့အတွက် စာမေးပွဲတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

ဖြေဆိုနေစဉ်မှာ ရပ်ဆိုင်းထားရတဲ့ တက္ကသိုလ်စာမေးပွဲတွေကိုလည်း ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ချိန်မှာစစ်ဆေးသွားမှာဖြစ်ပြီး ကျောင်းသားတွေကိုကြိုတင်အသိပေးသွားမယ်လို့ ဆိုပါတယ်။

COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး အမှန်တကယ် စိတ်ချလို့ ရနိုင်တဲ့အချိန်ကျမှ တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်တာကောင်းသလို တဘက်မှာလည်း နိုင်ငံတကာမှာလို အွန်လိုင်းကနေ သင်ကြားမှုနည်းစနစ်တွေကို ပြင်ဆင်ထားသင့်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာများသမဂ္ဂက ကထိက ဦးလှိုင်တင့်က ပြောပါတယ်။

Thai (48) ထိုင်းဘာသာ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၈) ခုရှာရန်နှိပ်ပါ။

လတ်တလောမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို ပိတ်ထားတဲ့အတွက် ဆရာ၊ဆရာမ အများစုဟာ နေအိမ်တွေကနေ Work From Home အလုပ်တာဝန်တွေ လုပ်ကိုင်နေကြရပါတယ်။

ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ ဖွင့်လှစ်နိုင်မယ့်အချိန်ကာလအပေါ်မှာမူတည်ပြီး သင်ခန်းစာတွေကိုအချိန်တိုအတွင်းမှာ ထိရောက်ဆုံးသင်ကြားနိုင်ဖို့ လက်ရှိမှာ ဆရာတွေဘက်ကနေ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ 

Credit: DVB

 

** Zawgyi **


ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကင္းစင္မွ တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြကို ဖြင့္လွစ္သြားမယ္လို႔ အဆင္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္းက ဒီဗြီဘီကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ‌ေရာဂါကင္းစင္ၿပီး လူစုလူေဝးျပဳလုပ္ႏိုင္ၿပီလို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္ရရွိမွ တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြကို ဖြင့္လွစ္သြားမယ္လို႔ အဆင္ျမင့္ပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။ဒါေၾကာင့္ တကကၠသိုလ္ေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ဆိုတာ COVID-19 အေျခအေန အေပၚ မူတည္ေနတယ္လို႔ ဆိုပါတယ္။ၿပီးခဲ့တဲ့မတ္လကုန္ပိုင္းက တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြမွာ ပထမႏွစ္ဝက္ တကၠသိုလ္ စာေမးပြဲကို က်င္းပေနတုန္းကာလအတြင္းမွာ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕ရွိသူေတြ ရွိလာတဲ့အတြက္ စာေမးပြဲေတြကို ရပ္ဆိုင္းထားခဲ့ပါတယ္။

ေျဖဆိုေနစဥ္မွာ ရပ္ဆိုင္းထားရတဲ့ တကၠသိုလ္စာေမးပြဲေတြကိုလည္း ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္ႏိုင္ခ်ိန္မွာစစ္ေဆးသြားမွာျဖစ္ၿပီး ေက်ာင္းသားေတြကိုႀကိဳတင္အသိေပးသြားမယ္လို႔ ဆိုပါတယ္။

COVID-19 ကို႐ိုနာဗိုင္းရပ္ေရာဂါ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ၿပီး အမွန္တကယ္ စိတ္ခ်လို႔ ရႏိုင္တဲ့အခ်ိန္က်မွ တကၠသိုလ္ေတြကို ျပန္လည္ဖြင့္လွစ္တာေကာင္းသလို တဘက္မွာလည္း ႏိုင္ငံတကာမွာလို အြန္လိုင္းကေန သင္ၾကားမႈနည္းစနစ္ေတြကို ျပင္ဆင္ထားသင့္တယ္လို႔ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ဆရာမ်ားသမဂၢက ကထိက ဦးလႈိင္တင့္က ေျပာပါတယ္။

Thai (48) ထိုင္းဘာသာ စကားေျပာသင္တန္းႏွင့္ ပတ္သက္ၿပီး သင္တန္း (၄၈) ခုရွာရန္ႏွိပ္ပါ။

လတ္တေလာမွာ တကၠသိုလ္၊ ဒီဂရီေကာလိပ္ေတြကို ပိတ္ထားတဲ့အတြက္ ဆရာ၊ဆရာမ အမ်ားစုဟာ ေနအိမ္ေတြကေန Work From Home အလုပ္တာဝန္ေတြ လုပ္ကိုင္ေနၾကရပါတယ္။

ေက်ာင္းေတြျပန္လည္ဖြင့္လွစ္ခ်ိန္မွာ ဖြင့္လွစ္ႏိုင္မယ့္အခ်ိန္ကာလအေပၚမွာမူတည္ၿပီး သင္ခန္းစာေတြကိုအခ်ိန္တိုအတြင္းမွာ ထိေရာက္ဆုံးသင္ၾကားႏိုင္ဖို႔ လက္ရွိမွာ ဆရာေတြဘက္ကေန ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါတယ္။ 

Credit: DVB

Latest Post News Tips Read 29266 times