အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံး အစိုးရတက္ကသိုလ်ဖြစ်တဲ့ Universitas Sebelas Maret (UNS) က နိုင်ငံတကာကျောင်းသားတွေအတွက် ပေးအပ်ချီးမြှင့်တဲ့ Bachelor၊ Master နဲ့ Ph.D ပညာသင်ဆု ပရိုဂရမ်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
UNS Scholarship ဟာ Universitas Sebelas Maret (UNS) မှာရှိတဲ့ မေဂျာတွေအာလုံးအတွက် ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ဒါကြောင့် ပညာသင်ဆုလျှောက်ထားသူတွေဟာ UNS မှာ လက်ရှိသင်ကြားလျက်ရှိတဲ့ ပရိုဂရမ်တိုင်းကို မိမိ စိတ်ဝင်စားတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး ရွေးချယ်လျှောက်ထားလို့ ရပါတယ်။
လျှောက်ထားနိုင်တဲ့ ပရိုဂရမ်များ >> http://uns.id/listofcourses.
ပညာသင်ဆုကာလနဲ့ အကျိုးခံစားခွင့်
ပညာသင်ဆုကို Full Coverage နဲ့ Partial Scholarship ဆိုပြီး အမျိုးအစား (၂) မျိုး ခွဲခြားထားပါတယ်။ ပညာသင်ဆုကာလမှာ -
- Bachelor - (8) semesters
- Master - (4) semesters
- Doctoral - (6) semesters တို့အသီးသီး ဖြစ်ပါတယ်။
Full Scholarship
- Tuition and instituional fee waiver
- Free Indonesian Language Course
- Health Insurance
- Settlement allowance: IDR 1.000.000
- Monthly Living Allowance
- Bachelor's Degree: IDR 1.500.000
- Master's Degree: IDR 1.750.000
- Doctoral's Degree: IDR 2.250.000
Partial Scholarship
- Tuition and institutional fee waiver
- Free Indonesian Language course
- Health Insurance
မှတ်ချက်။ ။ ကျောင်းသားတွေအနေနဲ့ နေထိုင်စားသောက်စရိတ်၊ လေယာဉ်ခ၊ ဗီဇာနဲ့ အခြားကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွေကို ကိုယ်တိုင် တာဝန်ယူရပါမယ်။

Join our Viber Channel
သတ်မှတ်အရည်အချင်းများ
- အင်ဒိုနီးရှားနိုင်ငံသားမဟုတ်သူများ
- Bachelor's Degree အတွက် အသက် (၂၁) နှစ်ရှိသူများ
- Master’s Degree အတွက် အသက် (၃၅) နှစ်ထက်မကျော်သူများ
- Doctoral’s Degree အတွက် အသက် (၄၀) နှစ်ထက်မကျော်သူများ
- ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် အင်တာဗျူးဖြေဖို့ အဆင်ပြေသူများ
- စာရွက်စာတမ်းတွေ ပြည့်စုံသူများ
ဘာသာစကားအရည်အချင်း
လျှောက်ထားသူတွေက အင်ဂျင်နီယာနှင့် သဘာ၀သိပ္ပံပရိုဂရမ်တွေအတွက် TOEFL အနိမ့်ဆုံးအမှတ် (၄၅၀) နဲ့ လူမှုသိပ္ပံပရိုဂရမ်တွေအတွက် အနိမ့်ဆုံးအမှတ် (၅၀၀) ရှိရပါမယ်။ ဒါမှမဟုတ် တူညီတဲ့ ရမှတ်တွေရှိတဲ့ တခြား အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ်တွေ ပြနိုင်ရင်လည်း အဆင်ပြေပါတယ်။ (ဥပမာ-. IELTS , Duolingo)
ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများ
- လတ်တလော ရိုက်ကူးထားတဲ့ ဓာတ်ပုံ
- နိုင်ငံသားစိစစ်ရေးကတ်
- အနည်းဆုံး (၁၈) လ သက်တမ်းရှိသေးတဲ့ တရားဝင် နိုင်ငံကူးလက်မှတ်
- ဘွဲ့လက်မှတ် (သို့) အထက်တန်းအောင်လက်မှတ်နဲ့ အမှတ်စာရင်းများ
- ကျန်းမာရေးထောက်ခံစာ
- CV (UNS template)
- Personal statement (UNS template)
- Financial statement (UNS template)
- အင်ဒိုနီးရှားဘာသာစကားကျွမ်းကျင်မှုလက်မှတ် (မရှိလည်းရ၊ ရှိရင်ပိုကောင်း)
- အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုလက်မှတ်
- အင်ဒိုနီးရှားသံရုံးမှ ထောက်ခံစာ
- ပညာရေးနှင့် လုပ်ငန်းပိုင်းမှ ထောက်ခံစာ (၂) စောင် (ဘွဲ့လွန်ပရိုဂရမ်တွေအတွက်သာ)
- သုတေသနအဆိုပြုချက် (ပါရဂူတန်းအတွက်သာ)
***Template ပုံစံတွေကို အောက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။***
>> https://drive.google.com
လိုက်နာရမယ့် စည်းကမ်းချက်များ
- အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေအပြင် တက္ကသိုလ်ရဲ့ စည်းမျဉ်းတွေနဲ့ တခြားဆက်စပ်စည်းမျဉ်းတွေကို လိုက်နာရပါမယ်။
- တက္ကသိုလ်၊ လေ့လာမှုအစီအစဉ်နဲ့ ဌာနမှ ကျင်းပတဲ့ ဟောပြောပွဲတွေ၊ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေအားလုံးမှာ ပါဝင်ပေးရပါမယ်။
- ကျောင်းတက်နေစဉ်တလျှောက် လူမှုရေးသိပ္ပံပရိုဂရမ်တွေအတွက် အနည်းဆုံး GPA (3.00)၊ အင်ဂျင်နီယာနဲ့ သဘာ၀သိပ္ပံပရိုဂရမ်တွေအတွက် အနည်းဆုံး GPA (2.75) ရှိရပါမယ်။
- အနည်းဆုံး ရှိရမယ့် GPA ကို မထိန်းထားနိုင်ရင် (သို့) တက္ကသိုလ်နဲ့ အင်ဒိုနီးရှားဥပဒေ၊ စည်းမျဉ်းတွေကို ချိုးဖောက်ရင် ပညာသင်ဆုအား ရပ်စဲပါမယ်။
- သတ်မှတ်ထားတဲ့ ပညာသင်ဆုကာလအတွင်း ကျောင်းပြီးအောင် မတက်ရောက်နိုင်ရင် ကျန်ရှိနေတဲ့ ကျောင်းစရိတ်ကို ကိုယ်တိုင် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
- UNS ကနေ နှုတ်ထွက်ချင်ရင် ပညာသင်ဆုရရှိသူတွေဟာ ကျောင်းဘက်က ပေးထားတဲ့ ငွေတွေကို ပြန်လျော်ပေးရပါမယ်။
လျှောက်ထားပုံအဆင့်ဆင့်
- http://uns.id/OfferLetterAug2026 ကနေတဆင့် Offer Letter ကို ဒေါင်းလုတ်လုပ်ပါ။
- https://drive.google.com/file/ ကနေတဆင့် Cover Letter ကို ဒေါင်းလုတ်လုပ်ပါ။
- UNS မှ ရရှိထားတဲ့ Offer Letter၊ Cover Letter နှင့်အတူ မိမိ၏ နိုင်ငံကူးလက်မှတ်၊ ဘွဲ့လက်မှတ် (သို့) အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းတွေကို ယူဆောင်ပြီး အင်ဒိုနီးရှားသံရုံးမှာ ထောက်ခံစာ ရယူပါ။
- UNS International Admission ဝက်ဘ်ဆိုက်ဒ်မှာ အကောင့်ဖွင့်ပါ။ (အကောင့်ဖွင့်ပြီးရင် ခနစောင့်ပါ၊ ဝင်ခွင့်ဖောင်က ဇူလိုင် ၁ ရက်နေ့မှ ပွင့်မှာမို့ပါ)
- ကိုယ်ရေးအချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေကို သေချာ ဖြည့်စွက်ပါ။
- လိုအပ်တဲ့ စာရွက်စာတမ်းတွေ အပြည့်အစုံ တင်ပြပြီးရင် Registration Card ကို Save လုပ်ပြီး ပရင့်ထုတ်ထားပါ။
လျှောက်ထားပုံအဆင့်ဆင့်လမ်းညွှန် - https://drive.google.com/file
ပညာသင်ဆုအတွက် ရွေးချယ်မှုအဆင့်ဆင့်
ဒီပညာသင်ဆုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။လျှောက်ထားသူတွေအနက် ပထမအဆင့် ရွေးချယ်ခံရသူတွေကို အင်တာဗျူးခေါ်မှာ ဖြစ်ပါတယ်။ အင်တာဗျူးအောင်ရင် Computer based Test တစ်ခုဖြေဆိုရပါမယ်။ နောက်ဆုံးအဆင့်မှာ အင်တာဗျူးထပ်ဖြေပြီး အောင်တဲ့သူတွေကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှာ အီးမေးလ်ကနေတဆင့် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုရန်
>> https://uns.ac.id/en/admission
--------------------------------------------------------------
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP