Sales Hotline : 09448001653       Download App



ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးမည့် TIESS ကွန်းဖရန့်

ကမ္ဘာ့အကြီးဆုံး ပညာ‌ရေးနှင့် စွမ်းဆောင်ရည် ဆိုင်ရာ အခန်းကဏ္ဍအတွက် ကွန်းဖရင့် တစ်ခုဖြစ်သည့် TIESS ( The International Education & Skill Summit ) သည် နှစ်စဥ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိသော နိုင်ငံ ပညာရေးခေါင်းဆောင်များ၏ ဆွေးနွေးပွဲ တစ်ခု ဖြစ်ပါသည်။ 

၎င်းဆွေးနွေးပွဲတွင် ပညာ‌ရေးနှင့် ပတ်သက်၍ စဉ်းစားတွေးခေါ်မှုများနှင့် ဘက်စုံထောင့်စုံမှ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် နိုင်စေရန်နှင့် အသိပညာ၊ ဗဟုသုတများအတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်  အတူတကွစုရုံးလာသည့် စိတ်အားထက်သန်သောပညာပေးများ၊ ခေါင်းဆောင်များနှင့်ကျွမ်းကျင်သူများ အများဆုံးပါဝင်သော ပွဲတစ်ခု ဖြစ်ပါသည်။ 

 ၁၁ နှစ်ကျော် နိုင်ငံတကာတွင် အောင်မြင်စွာကျင်းပခဲ့ရာ ၁၂ ကြိမ်မြောက်ကို ယခုအခါတွင် အွန်လိုင်းမှ တစ်ဆင့် လေးရက်တိုင်တိုင် ကျင်းပလျက်ရှိပါသည်။ 

နိုင်ငံပေါင်း  80 ကျော်၊ ဟောပြောသူပေါင်း ၁၅၀ ကျော်၊ တက်ရောက်ဆွေးနွေးသူပေါင်း ၃၀၀ ကျော် ပါဝင်သည့် အဆိုပါ ပညာ‌ရေးကွန်းဖရန့်တွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိမ်းကြီး မှလည်း တက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်းကို သိရှိရပါသည်။ 

ထို့ကြောင့် အဆိုပါပွဲကို တက်ရောက်လိုပါက အောက်ပါလင့်တွင် နှိပ်၍ Register လုပ်ကာတက်ရောက်နိုင်ပါသည်။

>>> Click Here <<<

ပိုမိုသိရှိလိုပါက >>> Click Here <<<

By Myanmar Education Guide (EDGE) 

Local News Read 464 times