Sales Hotline : 09448001653       Download App



UMFCCI မှဖွင့်လှစ်မည့် Weekend Human Resource Management သင်တန်း

 

 

Human Resource Management (လူ့စွမ်းအားအရင်းမြစ်စီမံခန့်ခွဲမှုသင်တန်း) အားလာမည့် ဒီဇင်ဘာလထဲတွင် UMFCCI မှဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းမှာ တစ်ပတ်လျှင် နှစ်ရက် (စနေ၊ တနင်္ဂနွေ) နေ့လည် ၁း၀၀ နာရီမှ ၃း၀၀နာရီအထိ တက်ရောက်ရမည်ဖြစ်သည်။


 

လုပ်ငန်းခွင်အတွင်းလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးတွင်တာဝန်ယူဆောင်ရွက်နေသူများ၊ဝန်ထမ်းရေးရာကိစ္စအ၀၀ကို ကိုင်တွယ်ဆောင်ရွက်ရသူများ၊ Human Resource Management ဘာသာရပ်ကို စိတ်ပါဝင်စား၍လေ့လာလိုသူများ၊ ဘွဲ့ရရှိပြီးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းခွင်သို့ HR Fieldဖြင့်ဝင်ရောက်လုပ်ကိုင်လိုသူများ၊အချိန်ကိုအကျိုးရှိစွာသုံးချလိုသောဘွဲ့ရကျောင်းသား/ကျောင်းသူ များအတွက် တက်ရောက် လေ့လာ သင့်သောသင်တန်း ဖြစ်သည်။

 

သင်ကြားပို့ချမည့် ဆရာ/ဆရာမများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ဆရာဦးအုန်းဝမ် (B.A (English), MPA – (Yangon Institute of Economics), Cert. in  IR & HRM – (HIDA, Tokyo)၊

  • ဆရာဦးအောင်သန်း(တိုင်းဦးစီးအရာရှိ(ငြိမ်း)၊အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

  • ဆရာမဒေါ်ဇာဇာတင်ထွဋ် (MBA_International University of Japan, Dip in International Law, Dip. in Business Law) 


 

သင်ကြားပို့ချမည့် ဘာသာရပ်များမှာ_

 

  • HRM Challenges in the 21st Century

  • Job Design and Analysis

  • Human Resource Planning

  • Training and Development 

  • Performance Management 

  • Employee Development and Compensation

  • Incentives and Rewards 

  • Employee Benefits and Services

  • Trends in Compensation and Benefits

  • Recruitment Strategies

  • Process for Selecting the Best Candidate 

  • Legal Issues Related to the Recruitment and Selection 

  • Labour Law, Issues, Employment Contract   တို့ဖြစ်ကြသည်။


 

သင်တန်းကို Zoom Application ဖြင့် Online မှသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကြေး၊ သင်တန်းကာလ နှင့် စတင်မည့်ရက် စသည့် အသေးစိတ်အချက်အလက်များကို UFMCCI ၏ Facebook Page တွင် နိုဝင်ဘာလလယ်၌ ပြန်လည်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက UMFCCI ၏ Facebook Page Messenger သို့မဟုတ် ဖုန်းနံပါတ် ၀၁ ၂၃၀၂၄၈၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Credited to _ UMFCCI Facebook Page မှတစ်ဆင့်ကူးယူဖော်ပြပါသည်။  

 

Local News Latest Post Read 567 times