Sales Hotline : 09448001653       Download App



UK တက္ကသိုလ်မှ သင်တန်းများကို Online မှတစ်ဆင့် အခမဲ့တက်ရောက်နိုင်မည်

**Unicode**

ဖွံဖြိုးဆဲနိုင်ငံများမှ သင်တန်းတက်သူတွေကိုသာ အခမဲ့ပေးခြင်းဖြစ်ပြီး ဒီဂျစ်တယ်အောင်လက်မှတ်အရေအတွက်ကို ကန့်သတ်ထားသည့်အတွက် ကြိုတင်စာရင်းပေးသွင်းတက်ရောက်ရမည်ဖြစ်ပါတယ်။

UK တက္ကသိုလ်မှ သင်တန်းတွေကို Online မှတစ်ဆင့် အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

အခမဲ့အွန်လိုင်းသင်တန်းများကို ဇန်နဝါရီလ (၃၁) ရက်အထိ နိုင်ငံတကာမှကျောင်းသား/သူများတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းအပြီးတွင် အခမဲ့ ဒီဂျစ်တယ်အောင်လက်မှတ်ကိုပါ ရရှိနိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။

ဂိမ်းဒီဇိုင်းနှင့်သက်ဆိုင်သည့် သင်တန်းများမှစတင်ကာ စီးပွားရေးဆိုင်ရာ သင်တန်းများအထိ ယူကေတက္ကသိုလ်နှင့်အဖွဲ့အစည်းပေါင်း (၃၅) ခုမှ အွန်လိုင်းသင်တန်းပေါင်း (၃၂၅) ခုကို အခမဲ့လေ့လာနိုင်မည်ဖြစ်သည့်အတွက်ကျောင်းသား/သူများအနေဖြင့် သင်တန်းကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် စာရင်းပေးသွင်းခြင်းကို http://bit.ly/2N2xCNB တွင်ပြုလုပ်ရမည်ဖြစ်ပါတယ်။

(www.edge.com.mm)
 

**Zawgyi**






(www.edge.com.mm)
 

Latest Post International/Private News Read 1229 times