Sales Hotline : 09448001653       Download App



UI / UX ဒီဇိုင်နာများအတွက် Prototype Tools များ

UI / UX ဒီဇိုင်နာများအတွက် Prototype Tools များ

UI / UX ဒီဇိုင်းရေးဆွဲဖို့စိတ်ဝင်စားမယ့် မောင်ငယ်၊ ညီမငယ်များနဲ့ ခုမှ UI / UX ကို စပြီးလေ့လာမယ့် လူငယ်များအတွက် အကောင်းဆုံး UI / UX Prototyping Tools များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ (ဒီဆောင်းပေးလေးက ကျွမ်းကျင်ပြီး ပညာရှင်များအတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါဘူးနော်။)

 

Prototype ရေးဆွဲတာနဲ့ပတ်သက်ပြီး မှတ်သားစရာ စကားလေးတစ်ခွန်းကတော့ "If a picture is worth a thousand words, a prototype is worth a 1000 meetings”. "အကယ်၍ ဓာတ်ပုံတစ်ပုံက စကားလုံး တစ်ထောင်နဲ့ညီမျှတယ်ဆိုရင် Prototype က Meeting အကြိမ် တစ်သောင်းနဲ့ ညီပါတယ်"

 

ကိုယ်ရေးဆွဲထားတဲ့ prototype တစ်ခုက Web ဒီဇိုင်းတစ်ခုတည်ဆောက်ခြင်းအတွက် များစွာအထောက်အကူပြုပါတယ်။

ဒီဇိုင်နာများက Customer တွေရဲ့လိုအပ်ချက်၊ သူတို့လိုချင်တဲ့အချက်အလက်များပေါ်မှာ မူတည်ပြီး ဒီဇိုင်းရေးဆွဲရတာဖြစ်တယ်။ တစ်ခါတစ်လေမှာ Designer နဲ့ Customer အကြား နားလည်မှုလွဲပြီး ရေးဆွဲခဲ့တယ်ဆိုရင် လုပ်ငန်းစဉ် Process မှာ နှောင့်နှေးမှုများ၊ အဆင်မပြေမှုများ၊ အကြိမ်ကြိမ်ဆက်သွယ်မှုများ စသဖြင့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Prototyping Tools များကို အသုံးပြုခြင်းအားဖြင့် နောက်ဆုံးထွက်ရှိလာမယ့် Result ကို ကြိုတင်သိရှိနိုင်ပြီး Customer တွေရဲ့လိုအပ်ချက်နဲ့ ထပ်တူကျတဲ့ ဒီဇိုင်းတွေကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။

 

ကဲ ခုချိန်မှာ Top ဖြစ်နေတဲ့ UI / UX ဒီဇိုင်းအတွက် Prototyping Tools လေးတွေကို လေ့လာကြည့်ရအောင်။

 

1. InVision

1.InVision.jpeg
 

Cost:
Single project — Free
3 projects (starter) — $15/month
Unlimited Projects (Professional) — $25/month

 

Runs on:
Web

 

Prototypes for:
Android
iOS
Web

Invision က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Prototype Tool တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းပညာရှင်များအဆင်ပြေစေရန်အတွက် အသစ်အသစ်တွေ အမြဲတမ်းဖြည့်စည်းနေတဲ့ Tool တစ်ခုပါ။ InVision က To-do, In progress, Needs review, and Approved, and drag and drop your design components ဆိုပြီး အပိုင်းလိုက်ခွဲခြားထားနိုင်ပါတယ်။ Animations တွေလည်း ထည့်လို့ရသေးတယ်နော်။ JPG, PNG, GIF, AI နှင့် PSD စသည့်ဖိုင်မျိုးစုံကိုသင် upload လုပ်နိုင်သည်။

 

2. Adobe Experience Design (Adobe Xd)
 

2.xda.jpeg

 

Cost:
Free

 

Runs on:
OS X
Windows
Android
iOS

 

Prototypes for:
All

Adobe မှ ထုတ်ထားတဲ့ ဒီ Prototype ကဆိုရင် Photoshop, After Effects တို့နဲ့တော်တော်ဆင်ပါတယ်။ ဒီဇိုင်းဆွဲလို့လည်း အရမ်းကိုလွယ်ကူပြီး Free ရတဲ့အတွက် အရမ်းအရမ်းကို အဆင်ပြေတဲ့ Prototyping Tool တစ်ခုပါပဲ။

 

3. Origami Studio
 

3._Origami_Studio.png

Cost:
Free

 

Runs on:
OS X

 

Prototypes for:
Android
iOS

 

Origami ကတော့ Facebook က ရေးဆွဲထားတဲ့ Tool တစ်ခုဖြစ်ပြီး Product အသစ်တွေဖန်တီးဖို့အတွက် ၊ ဒီဇိုင်းရေးဆွဲဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ထားခဲ့တာပါ။ ဒီ Prototyping Tool နဲ့အတူ Origami Live ကိုသုံးပြီး mockup ကိုမိုဘိုင်းပေါ်မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင်ဒီဇိုင်းအမျိုးမျိုးကိုထုတ်ကုန်အမျိုးမျိုးမှာပြသနိုင်ပါတယ်။ Sketch နှင့် Photoshop ဒီဇိုင်းများကို Origami သို့ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒီ Prototyping Tool က Freelancers သမားတွေ၊ တစ်ကိုယ်ထဲသုံးမယ့်သူတွေအတွက် ပိုကောင်းပါတယ်။

 

4. Sketch

4._Sketch.jpeg

Cost:

Free trial
$99 for full version

 

Runs on:
OS X

 

Prototypes for:
OS X
iOS
Web


WebSketch သည် Photoshop နှင့်နည်းမျိုးစုံနှင့်ဆင်တူပြီး ဓာတ်ပုံတွေကို ဒီမှာ တစ်ခါတည်း ပြင်လို့ရတယ်။ အခြေခံသည့်လုပ်ငန်းအသွားအလာသည်အစမှအဆုံးအထိလှပပြီးအရည်အသွေးမြင့်အနုပညာလက်ရာများဖန်တီးရန်လွယ်ကူစေပါတယ်။


5. Figma
 

1_N73YrueVCXfVEM4lfzmmNQ.png

Cost:
Free trial (for up to 2 editors and 3 projects)
$12 per editor/month (Professional)
$45 per editor/month (Organization)

 

Runs on:
MacOS,
Windows,
Linux, etc

 

Prototypes for:
OS X
iOS
Web


Adobe Xd နည်းတူ အသုံးပြုရလွယ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Prototyping Tool တစ်ခုကတော့ Figma ပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း UI Design များကို ရေးဆွဲနိုင်ပါတယ်။ Mobile-optimized: Device frames နှင့် momentum scrolling ကဲ့သို့အသေးစိတ်အချက်အလက်များသည်သင်၏ Prototype ကိုတကယ့်website တစ်ခုကဲ့သို့ ခံစားစေနိုင်ပါတယ်။

 

ကဲဒီလောက်ဆိုရင်တော့ ဘယ် Prototyping Tools က ကိုယ်နဲ့ထပ်တူကျမလဲဆိုတာကို စမ်းသပ်ကြည့်ဖို့ လုံလောက်မယ်ထင်ပါတယ်နော်။

Knowledge Latest Post Read 404 times