ပညာရေးဆိုတာ ဘ၀တိုးတက်ရေးအတွက် လိုအပ်တဲ့ အသိပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ၊ စွမ်းရည်တွေကို ရရှိစေတဲ့ သင်ယူမှုဖြစ်စဉ်ကို ဆိုလိုပါတယ်။ ပညာရေးလို့ပြောလိုက်ရင် လူအများစုက ကျောင်းတက်တာ၊ တက္ကသိုလ်မှာ ဘွဲ့ရတာ စတာတွေကိုပဲ မြင်တတ်ကြပါတယ်။ ကျောင်းတက်မှ ပညာရှာနိုင်မှာ အမှန်ပေမဲ့ တခြားနည်းလမ်းတွေကနေလည်း ပညာရှာနိုင်ပါတယ်။
ဒါကြောင့် အခြေခံအားဖြင့် ပညာရေးကို အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။ ဘာတွေလဲဆိုရင် Formal Education၊ Informal Education နဲ့ Non-Formal Education တို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီက ဘာကို ဆိုလိုတာလဲဆိုတာ ဥပမာနဲ့တကွ အောက်မှာ ဆက်လက်ရှင်းပြပေးသွားပါမယ်။
၁။ Formal education - ကျောင်းတွင်းပညာရေး
Formal education ဆိုတာက မူလတန်းကနေ တက္ကသိုလ်အထိ ပါဝင်တဲ့ ကျောင်းပညာရေးစနစ် ဖြစ်ပါတယ်။ Formal education မှာ သတ်မှတ်ထားတဲ့ အတန်းတွေ၊ သတ်မှတ်ထားတဲ့ သင်ရိုးတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေက သင်ကြားပို့ချပေးတဲ့ ပညာရေးဖြစ်ပါတယ်။ ပညာရေးဆုံးခန်းတိုင်ရင် အစိုးရက အသိအမှတ်ပြုတဲ့ အထက်တန်းအောင်လက်မှတ် (သို့) ဘွဲ့ဒီဂရီတွေ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ - သင်က ဆေးပညာသင်ယူချင်လို့ ဆေးကျောင်းတက်တာမျိုးက Formal Education ဖြစ်ပါတယ်။
အားသာချက်များ
အားနည်းချက်များ
၂။ Non-Formal Education - ကျောင်းပြင်ပပညာရေး
ကျောင်းပြင်ပပညာရေးစနစ်ဖြစ်ပြီး သင်တန်းတွေ တက်ရောက်တာမျိုးကို Non-Formal Education လို့ ခေါ်ပါတယ်။ သူ့မှာ ပြီးရမယ်လို့ သတ်မှတ်ထားတဲ့ အချိန်လည်း မရှိသလို သင်ရိုးညွှန်းတမ်း အတိအကျလည်း မရှိပါဘူး။ တိကျတဲ့ တစ်ခုတည်းသော စွမ်းရည် (သို့) အသိပညာကိုပဲ Focus ထားပြီး သင်တဲ့ သင်တန်းမျိုးကို ဆိုလိုပါတယ်။ ဥပမာ - အင်္ဂလိပ်စာသင်တန်း၊ Training courses၊ Online courses၊ Workshops စတာတွေက Non-Formal Education အမျိုးအစားတွေ ဖြစ်ပါတယ်။
အားသာချက်များ
အားနည်းချက်များ
၃။ Informal Education - ကိုယ်တိုင်သင်ယူပညာရေး
Informal Education က ကျောင်းတက်စရာမလိုသလို သင်တန်းတွေလည်း တက်စရာမလိုဘဲ နေ့စဉ်ဖြတ်သန်းရတဲ့ ဘ၀အတွေ့အကြုံတွေကနေ သင်ယူရတဲ့ ပုံစံဖြစ်ပါတယ်။ Informal Education က ဘယ်နေရာမှာမဆို သင်ကြားနိုင်ပြီး မွေးပြီးပြီးချင်းမှာတင် စတင်နိုင်တဲ့ အခြေခံ သင်ယူမှု ဖြစ်ပါတယ်။ ဥပမာ- ဆိုရှယ်မီဒီယာပို့စ်ကနေ အသိပညာဗဟုသုတွေ ရရှိတာ၊ အဖေက သူ့ကလေးကို စက်ဘီးစီးတတ်အောင် သင်ပေးတာ၊ အလုပ်လုပ်နေရင်းနဲ့မှ Communication ကောင်းလာတာ စတာတွေက Informal Education တွေ ဖြစ်ပါတယ်။
အားသာချက်များ
အားနည်းချက်များ
အပေါ်မှာ ပညာရေးစနစ် (၃) မျိုးရဲ့ ကွဲပြားခြားနားချက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပြီး ကျောင်းသားတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီပညာရေး (၃) မျိုးစလုံးက အလွန်အရေးကြီးကြောင်း သိထားရပါမယ်။