(၂၀) ရာစုမတိုင်ခင်က မြန်မာ့ပညာရေးစနစ်မှာ ဆရာဗဟိုပြုသင်ကြားရေးနည်းလမ်းတွေကိုပဲ အသုံးပြုခဲ့ပါတယ်။ (၂၀) ရာစုနောက်ပိုင်းရောက်မှ သင်ယူသူဗဟိုပြု သင်ကြားနည်းဆိုတာက ကမ္ဘာတစ်ဝှမ်းမှာ တွင်ကျယ်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ (၂၁) ရာစုနောက်ပိုင်းလောက်မှ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီသင်ကြားနည်း (၂) နည်းစလုံးရဲ့ ကွဲပြားခြားနားချက်တွေ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ ဘယ်သင်ကြားနည်းက ဘယ်အချိန်မှာ အသင့်တော်ဆုံးလဲဆိုတာ မျှဝေပေးသွားပါမယ်။
ဆရာဗဟိုပြု ချဉ်းကပ်နည်း (Teacher-Centered Approach - TCA)
ဆရာက ဒီသင်ကြားရေးနည်းလမ်းမှာ အခရာကျသူ ဖြစ်ပြီး ဆရာကပဲ ဦးဆောင်ပြီး သင်ခန်းစာတွေ သင်ကြားပို့ချရပါတယ်။ သင်ခန်းစာနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေကို ရှင်းပြပေးရပါတယ်။ ကျောင်းသားတွေအနေနဲ့ ဆရာတွေ ပြောတာကိုသာ သေချာ နားထောင်ပြီး မှတ်စုတွေ လိုက်ရေးရပါတယ်။
ဆရာဗဟိုပြုသင်ကြားနည်းကို အသုံးပြုချိန်မှာ စာသင်ခန်းစီမံခန့်ခွဲမှုပြုလုပ်ရတာက ပိုမိုလွယ်ကူပါတယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ ပျင်းရိလာပြီး သင်ခန်းစာအပေါ် စိတ်ဝင်စားမှု ရှိလာမှာ မဟုတ်တဲ့အပြင် ဆိုးရွာတဲ့ အပြုအမူတွေကိုပါ လုပ်ပြလာနိုင်ပါတယ်။
ဒါဆိုရင် ဆရာဗဟိုပြုသင်ကြားနည်းကို -
ဆိုးကျိုးအနေနဲ့ကတော့ -
ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း (Learner-Centered Approach - LCA)
ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းမှာ ဆရာက ဦးဆောင်သူဆိုတာထက် ကူညီလမ်းညွှန်းသူတစ်ဦးသာ ဖြစ်ပါတယ်။ ကျောင်းသားတွေက ဒီသင်ကြားရေးနည်းလမ်းမှာ အခရာကျသူ ဖြစ်ပြီး လေ့လာသင်ယူမှုတိုင်းမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရပါတယ်။ ဆရာတွေဘက်ကလည်း ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ သင်ယူမှုနှုန်းတို့အပေါ်လိုက်ပြီး သင်ခန်းစာကို အတိုးအလျှာ့ ပြင်ဆင်ပေးရပါတယ်။
သင်ယူသူဗဟိုပြုသင်ကြားနည်းက နှစ်ယောက်တစ်တွဲ (သို့) အုပ်စုလိုက်လုပ်ငန်းတွေ၊ ဂိမ်းကစားနည်းတွေ၊ လက်တွေ့စမ်းသပ်မှုတွေ များစွာ ပါဝင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်အကြံဉာဏ်တွေကို တွေးတော မျှဝေဖို့က ဒီသင်ကြားရေးရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
သင်ယူသူဗဟိုပြုချဉ်းကပ်နည်းကို -
ဆိုးကျိုးအနေနဲ့ကတော့ -
အချိန်တွေ အများကြီးကုန်သလို မြန်မာကျောင်းသားတွေနဲ့လည်း သိပ်မရင်းနှီးသေးတဲ့ အလေ့အထမို့ ကျောင်းသား၊ ဆရာနှစ်ဖက်လုံးမှာ အခက်အခဲရှိနိုင်ပါတယ်။
TCA နှင့် LCA နှိုင်းယှဉ်ချက်များ
ဆရာအခန်းကဏ္ဍ - TCA မှာ ဆရာက သင်ကြားသူဖြစ်ပြီး၊ LCA မှာ ဆရာက ကူညီလမ်းညွှန်ပေးသူဖြစ်ပါတယ်။
ကျောင်သားအခန်းကဏ္ဍ - TCA မှာ ကျောင်းသားတွေက နားထောင်သူဖြစ်ပြီး၊ LCA မှာတော့ တက်ကြွစွာ ပါဝင်လှုပ်ရှားသူတွေ ဖြစ်ပါတယ်။
အပြန်အလှန်ဆက်သွယ်မှု - TCA မှာ ဆရာကနေ ကျောင်းသားထံ ဆက်သွယ်ပြောဆိုပြီး၊ LCA မှာတော့ ဆရာနဲ့ ကျောင်းသားအပြင် ကျောင်းသားအချင်းချင်း ဆက်သွယ်ပြောဆိုမှုတွေလည်း ပါရှိပါတယ်။
ချဉ်းကပ်နည်း - TCA က သင်ရိုးညွှန်းတမ်းကို အဓိက ချဉ်းကပ်ပြီး LCA ကတော့ ကျောင်းသားတွေရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှုတွေကို အလေးထားပါတယ်။
သင်ကြားနည်း - TCA က ပြဌာန်းစာအုပ်ပါ သင်ခန်းစာတွေကို ဆရာမှ ဦးဆောင်သင်ကြားခြင်းဖြစ်ပြီး LCA က ကျောင်းသားတွေအချင်းချင်း ဆွေးနွေးခြင်း၊ အဖွဲလိုက်လုပ်ဆောင်ခြင်း၊ ပြသနာဖြေရှင်းခြင်းတို့ ပါဝင်ပါတယ်။
သင်ယူမှုဖြစ်စဉ် - TCA က အလွတ်ကျက်မှတ်ရပြီး LCA ကတော့ စူးစမ်းလေ့လာသင်ယူရပါတယ်။
သင်ယူမှုပတ်ဝန်းကျင် - TCA က စည်းကမ်းတင်းကျပ်ပြီး LCA က ပြုပြင်ပြောင်းလဲရ လွယ်ကူပါတယ်။
သင်ယူနှုန်း - TCA မှာ ဆရာက ထိန်းချုပ်ပြီး၊ LCA မှာတော့ ကျောင်းသားတွေရဲ့ တိုးတက်မှုနှုန်းအလိုက် ပြင်ဆင်နိုင်ပါတယ်။
စစ်ဆေးအကဲဖြတ်ခြင်း - TCA မှာ အတန်းတင်စာမေးပွဲတွေ ဖြေဆိုရပြီး LCA မှာကျ သင်ယူစဉ် မေးခွန်းတွေ မေးခြင်း၊ ကျောင်းသားအချင်းချင်း အကြံပေးခြင်းတို့ ပါဝင်ပါတယ်။
အသိပညာမျှဝေခြင်း - ဆရာက သိရှိထားတဲ့ အသိပညာတွေကို တစ်ဆင့်ခံ မျှဝေပြီး LCA မှာကျ ဆရာနဲ့ အတူ ကျောင်းသားတွေက စဉ်းစားတွေးခေါ်ရင်း အသိပညာကို အတူတကွ ဖန်တီးပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာကျောင်းအများစုကသာ LCA ကို အသုံးပြု သင်ကြားကြပါတယ်။ ဒါပေမဲ့လည်း LCA က TCA ထက် သာနေတယ်လို့တော့ မဆိုလိုနိုင်ပါဘူး။ ဒီသင်ကြားနည်း (၂) နည်းစလုံးမှာ ကောင်းကျိုး၊ ဆိုကျိုး ဒွန်တွဲရှိနေကြတာဖြစ်တဲ့အတွက် ဆရာတွေအနေနဲ့ အခြေအနေပေါ်မူတည်ပြီး နည်းလမ်း (၂) မျိုးလုံးကို တွဲဖက်အသုံးပြု သင်ကြားပေးသင့်ပါတယ်။
Reference - Myanmar Teacher Paltform