Sales Hotline : 09448001653       Download App



ကျူရှင်များ သင်ကြားပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ အရေးယူခံရမည်

COVID-19 ကူးစက်ရောဂါ မတိုင်မီအချိန်က ကျူရှင်သင်တဲ့ တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးများပြုလုပ်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

ဒါက ကျူးလွန်တဲ့ လုပ်ရပ်အပေါ်မူတည်ပြီး ပြစ်ဒဏ်ကို ချမှတ်တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူအချင်းချင်းခွဲခြားဆက်ဆံတာ၊ ကျူရှင်သင်တာ မှန်ကန်နေရင် အရင်ဆုံး စာနဲ့ သတိပေးပြီး ထပ်မံကျူးလွန်ခဲ့ရင် ကျောင်းသား ကျောင်းသူ အပေါ်ပြင်းထန်တဲ့လုပ်ရပ် တစ်ခုခုလုပ်ခဲ့ရင် မိဘတွေက တိုင်ကြားရင် ရာထူးလျှော့ခြင်း ပြစ်ဒဏ်ချမှတ်တယ်လို့သိရပါတယ်။

ကျောင်းချိန်ပြင်ပ ကျူရှင်သင်ကြားတဲ့ ပညာရေးဝန်ထမ်းများကို ကိုဗစ်ကာလ ထုတ်ပြန်ညွှန်ကြားချက်နဲ့ အညီ အရေးယူသွားမှာလည်း ဖြစ်ပါတယ်။ ကျောင်းအုပ်တွေအနေနဲ့ လည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ပညာရေးဝန်ထမ်းများအား ကျုရှင်သင်ကြားပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဥပဒေအရ အရေးယူခြင်းခံရမယ့်ဆို တာကို သိရှိကြောင်း ပညာရေးဝန်ထမ်းများကို ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်းရမှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ရန် မဖြစ်မနေလုပ်ရန် လိုအပ်ပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေရမည်ဖြစ်ပြီး Mask တပ်ဆင်ရမယ်လို့လဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးဖြစ်ပါတယ်။

ကျောင်းအုပ်ကြီးမှ မိမိတို့ကျောင်းရှိ ပညာရေးဝန်ထမ်းများအား အထက်ဖော်ပြပါ အချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ် ရေးထိုး၍ သက်ဆိုင်ရာပညာရေးမှူးရုံးများသို့ သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး တင်ပြပေးသွားရမယ်လို့လည်း သိရပါတယ်။

Yu Khine

Latest Post Read 6505 times