(၁၀) ရက်ကြာ “Tourism Digital Marketing” သင်တန်းအား အခမဲ့ ဖွင့်လှစ်မည်

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး “Tourism Digital Marketing” (၁၀) ရက် သင်တန်းအား အခမဲ့ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းရုံးခွဲ) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းရုံးခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် Digital Marketing နည်းပညာများကို မြှင့်တင်အသုံးချနိုင်ရေး၊ သင်တန်းဖွင့်လှစ်မည့် အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

သင်တန်းကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ရသာကွန်ဒို)၊ ၃၁ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားဦးရေ (၈၀) ဦးသာ လက်ခံမည်ဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများသည် အောက်ပါ လင့်ခ်တွင် စာရင်းပေးသွင်းနိုင်သည်။

> https://docs.google.com/forms/

သင်တန်းကာလကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၇) ရက်နေ့မှ ဖေဖော်ဝါရီ (၂) ရက်နေ့အထိ (၁၀) ရက် သတ်မှတ်ထားပြီး နေ့စဉ် (၁) နာရီမှ ညနေ (၄) နာရီအထိ လူကိုယ်တိုင် တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ 

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များကို ဖုန်းနံပါတ် (၀၉၄၂၀၁၂၉၁၅၆) သို့ ဆက်သွယ်၍ မေးမြန်းနိုင်သည်။ 

Latest Post Local News Vocational Read 98 times