Sales Hotline : 09448001653   Find A Tutor     Download App



နိုင်ငံတကာမှ ကျောင်းသားများကို အခမဲ့ပညာရေးပေးနေသည့် ထိပ်တန်း နိုင်ငံ ၇ ခု

 

နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုတွင် သွားရောက် ပညာသင်ကြားခြင်းသည် လူငယ်အများစု၏ အိ်မက်များပင် ဖြစ်သည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းသည် လူသစ်များနှင့်တွေ့ဆုံခြင်း၊ ယဉ်ကျေးမှုအသစ်များလေ့လာခြင်း၊ အစားအစာသစ်များ မြည်းစမ်းခြင်း၊ နေရာ အသစ်များသို့ လည်ပတ်ခြင်း အပြင် အသစ်သစ်သော အရာများကို သင်ယူနိုင်သည့် အခွင့်အရေး ကောင်းတစ်ရပ်ဖြစ်ပါသည်။

သို့သော် အမိမြေကို စွန့်ခွာပြီး လေ့လာမှုခရီးကို စတင်ရန် အခြားတိုင်းပြည်သို့ သွားရောက်ခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ (ဥပမာ- ဘာသာစကားအခက်အခဲ၊ ပတ်စပို့၊ ဗီဇာ)

ထို့အပြင် ကျောင်းသားများ အနေဖြင့် တက္ကသိုလ်ကျောင်းစရိတ်ကုန်ကျသည့်အပြင် နေထိုင်စရိတ်ပါ ကုန်ကျနိုင်သောကြောင့် ရည်မှန်းချက် အောင်မြင်ရန် အတွက် အခက်အခဲများ ဖြစ်လာနိုင်ပါသည်။

သတင်းကောင်းတစ်ခုမှာ အချို့နိုင်ငံများတွင် အဆင့်မြင့် ပညာရေးအတွက် အခကြေးငွေစရာပေးစရာမလိုဘဲ ‌administration fees သာ ပေးရသည့် နိုင်ငံများစွာလည်းရှိလာပါပြီ။

ထိုနိုင်ငံများမှ နိုင်ငံတကာမှ ကျောင်းသားများကို အခမဲ့ပညာရေးပေးနေသည့် ထိပ်တန်း နိုင်ငံခုနစ် ခုကို ဖော်ပြလိုက်ရပါသည်။

၁။ ဂျာမနီ

မကြာသေးမီနှစ်များအတွင်း ဂျာမနီ၌ပညာသင်ကြားရန် နိုင်ငံတကာကျောင်းသားများ၏တောင်းဆိုမှု များလာရခြင်းမှာ ပြည်သူ့တက္ကသိုလ်အားလုံးနီးပါးသည် ဂျာမန်နှင့်နိုင်ငံတကာမှကျောင်းသားများအတွက် ကျူရှင်ကြေးပေးစရာ မလိုသောကြောင့် ဖြစ်သည်။

ကျောင်းသားများပေးရသောတစ်ခုတည်းသောငွေပေးချေမှုမှာ အုပ်ချုပ်ရေးဆိုင်ရာကုန်ကျစရိတ်များကိုယူရို ၁၅၀ မှ ၂၅၀ အထိ သာ ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ ပညာရေး စနစ်သည် နှစ်စဉ်နိုင်ငံတကာမှ ကျောင်းသားများ လာရောက်မှုကို တိုးပွားစေပါသည်။

လက်ရှိတွင် ဂျာမနီရှိတက္ကသိုလ်ပေါင်း ၄၀ ကျော်သည်ကမ္ဘာ့တက္ကသိုလ်အဆင့်တွင်ထိပ်တန်းတက္ကသိုလ်များစာရင်းတွင်ပါဝင်ပါသည်။

သို့သော် ကျောင်းအများစုတွင် ကျောင်းလခ ပေးရန်မလိုသော်လည်း နိုင်ငံတကာမှ ကျောင်းသားများအနေဖြင့် ပညာသင်ဆုမှ နေထိုင်စရိတ်ထောက်ပံ့ခြင်းမရှိလျှင် မိမိဘာသာ ပေးဆောင်ရမည့် အချက်ကိုတော့ မေ့မထားသင့်ပေ။

အကယ်၍ ကျောင်းသားဗီဇာလိုအပ်သော နိုင်ငံမှလာလျှင် ကျောင်းသားများအနေဖြင့် တစ်နှစ်လျှင် နေထိုင်မှုကုန်ကျစရိတ်အဖြစ် ယူရို ၁၀၂၃၆ ပေါင် သို့မဟုတ် တစ်လလျှင် ယူရို ၈၅၀ပေါင် ရရှိကြောင်း အထောက်အထားများ ပြနိုင်ရမည်ဖြစ်သည်။

၂၀၁၉ စစ်တမ်းများအရ ကျောင်းသားအများစု တက်ရောက်လိုသော ထိပ်တန်းတက္ကသိုလ်မှာ မြူးနစ်နှင့် ဘာလင် မြို့များမှ ဖြစ်ပြီး ၎င်းတို့သည် နိုင်ငံတကာ ကျောင်းသားများအတွက် စျေးအသက်သာဆုံးကျောင်းများရှိသောကြောင့် ဖြစ်သည်။

၂။ ဩစတေးလျ

နိုင်ငံရပ်ခြားတွင် အခမဲ့ပညာသင်ကြားလိုသော ကျောင်းသားအများစု၏ ရွေးချယ်မှုမှာ ဩစတေးလျ ဖြစ်သည်။

အဆင့်မြင့် ပညာရေး ကုန်ကျစရိတ်နှင့် ပတ်သက်၍ ဩစတေးလျသည် ဩစတေးလျနိုင်ငံသားများနှင့် EU / EEA နိုင်ငံမှ ကျောင်းသားများကို မည်သည့် ပရိုဂရမ် သို့မဟုတ် ဒီဂရီ ကိုမဆို အခမဲ့ သင်ကြားနိုင်သည့် တူညီသော အခွင့်အရေးများ ပေးထားပါသည်။

သို့သော် ဩစတေးလျရှိ မည်သည့်တက္ကသိုလ်တွင်မဆိုစာရင်းသွင်းပြီးလျှင်ကျောင်းသားများသည်တစ်နှစ်လျှင်ယူရို ၃၆၃ ပေးရပါမည်။ အကယ်၍ ကျောင်းသားများသည် EU / EEA နိုင်ငံပြင်ပမှလာလျှင်စာသင်စရိတ်သည် ယူရို ၇၀၀ နှင့် အထက်အထိ တိုးမြင့်၍ ပေးဆောင်ရပါမည်။

၃။ ချက်သမ္မတ နိုင်ငံ

“ဥရောပ၏ အသည်းနှလုံး” ဟု မကြာခဏ တင်စားခံရသော ချက်သမ္မတ နိုင်ငံသည် နိုင်ငံတကာမှ ကျောင်းသားများအတွက် အခမဲ့ပညာရေးကို ကမ်းလှမ်းနေသော နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။

သို့သော်မည်သည့်အများပိုင်တက္ကသိုလ်များတွင်မဆိုအခမဲ့ကျူရှင်အခကြေးငွေများရရှိရန်အတွက်ကျောင်းသားများသည်ဒေသခံဘာသာစကားကိုသင်ရမည်ဖြစ်သည်။

အကယ်၍ ကျောင်းသားတစ် ဦး သည်အင်္ဂလိပ်ဘာသာဖြင့်ဆက်လက်လေ့လာလိုပါကတစ်နှစ်လျှင်ကျူရှင်ခအဖြစ်ယူရို ၄၀၀၀ မှ ၁၂၀၀၀ အထိပေးရန်လိုအပ်ပါသည်။

တွက်ချက်မှုစာရင်းများအရ ချက်သမ္မတနိုင်ငံတွင် နိုင်ငံတကာမှ ကျောင်းသားပေါင်း လေးသောင်းသုံးထောင်ကျော် ပညာသင်ကြားနေကြပါသည်။

၄။ ဘရာဇီး

ဘရာဇီးတွင် ပြည်တွင်းနှင့်နိုင်ငံတကာကျောင်းသားများသည် အစိုးရတက္ကသိုလ်အများစုတွင်အခမဲ့ပညာသင်ကြားနိုင်ပြီး ကျောင်းသားများသည် မှတ်ပုံတင်ကြေးကိုသာပေးရမည်ဖြစ်သည်။

ပုဂ္ဂလိကအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် ကျောင်းသားများပေးရမည့်ငွေပမာဏသည် ကျောင်းသားများ ရွေးချယ်သော တက္ကသိုလ်နှင့် ဘွဲ့အစီအစဉ်ပေါ်တွင်မူတည်ပါသည်။

ဘရာဇီးရှိ မည်သည့်တက္ကသိုလ်သို့မလျှောက်မီ ကျောင်းသားများသည် ပေါ်တူဂီဘာသာစကားတတ်ကြောင်းပြသရန်စာမေးပွဲဖြေဆိုထားသင့်ပါသည်။

အစားအစာနှင့်သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်များသည် ပတ်၀န်းကျင်ရှိ နိုင်ငံများနှင့်နှိုင်းစာလျှင် စျေးနှုန်းချိုသာသောကြောင့် ဘရာဇီးသည် ကျောင်းသားများအတွက် ငွေကြေး အများကြီး မကုန်ကျသည့် နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။

၅။ ပြင်သစ်

ပြင်သစ်သမ္မတနိုင်ငံအဖြစ် တရားဝင်လူသိများသောပြင်သစ်သည် ဥရောပအနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းသည် သမိုင်းနှင့်ယဉ်ကျေးမှုတွင် ကြွယ်ဝပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးလူမျိုးများဖြစ်ပါသည်။

ပြင်သစ် နိုင်ငံရှိ တက္ကသိုလ် အများစုမှာ အဆင့်မြင့် ပညာရေး ကဏ္ဍတွင် အခမဲ့ဖြစ်သောကြောင့် နိုင်ငံတကာမှ ကျောင်းသားများအနေဖြင့် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားလိုပါက ပြင်သစ်နိုင်ငံကို ရွေးချယ်နိုင်ပါသည်။

ကျောင်းသားများသည် ပြင်သစ်အစိုးရမှ ထောက်ပံ့ပေးထားသော ပညာသင်ဆုအနေဖြင့် ယူရို ၇၀၀၀ မှယူရို ၂၁၀၀၀ အထိကို ရယူနိုင်သည့် ခံစားခွင့်များလည်း ရှိပါသည်။ တိုင်းပြည်၏မြို့တော်ပါရီတွင်နေထိုင်ရန်ရွေးချယ်ခြင်း မှလွဲ၍ ကျောင်းသားများ၏ နေထိုင်ကုန်ကျစရိတ်မှာ သင့်လျော်ပါသည်။

၆။ ဖင်လန်

အထူးသဖြင့် ဘွဲ့လွန်နှင့်ပါရဂူကျောင်းသားများအတွက် ဖင်လန်နိုင်ငံသည် နိုင်ငံတကာကျောင်းသားမျးအတွက် ကျောင်းလခအခမဲ့ပေးသော နိုင်ငံတစ်ခုဖြစ်ပါသည်။

ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်သည်ကမ္ဘာပေါ်ရှိအကောင်းဆုံးပညာရေးများထဲမှတစ်ခုဖြစ်သည်။

ဖင်လန်နိုင်ငံရှိတက္ကသိုလ်များသည် အများအားဖြင့် အောက်ပါ နယ်ပယ်များဖြင့် လူသိများကြပါသည်။

  • ဒီဇိုင်းပညာ
  • ဗိသုကာ ပညာ
  • ဆက်သွယ်ရေး နည်းပညာ

အီးယူနိုင်ငံများမှ လာသည့်ကျောင်းသားများသည် မည်သည့်အစီအစဉ်တွင်မဆို ဖင်လန်၌အခမဲ့ပညာသင်နိုင်မည်ဖြစ်ပြီး ချွင်းချက်အနေဖြင့် ထိုနိုင်ငံများမှ မဟုတ်ဘဲ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားလိုပါက ကျောင်းလခပေးရမည်ဖြစ်သည်။

၇။ ဆွီဒင်

ဆွီဒင်နိုင်ငံတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းတက်ရောက်လိုပါက ဥရောပ နိင်င်ငံများမှ မဟုတ်သော ကျောင်းသားများသည် ကျောင်းလခ ပေး ဆောင်ရမည်ဖြစ်ပြီး ဆွီဒင်လူမျိုးနှင့် ဥရောပနိုင်ငံမှ ကျောင်းသားများသည် အခမဲ့ပညာရေးကို ရယူနိုင်ပါသည်။

သို့သော် တစ်ကမ္ဘာလုံးမှ PhD ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးမှာ အခမဲ့ဖြစ်ပါသည်။ဆွီဒင်သည်ပါရဂူဘွဲ့ကျောင်းသားများကိုသူတို့၏သုတေသနလုပ်ငန်းအတွက်ငွေကြေးအထောက်အပံ့ပေးသည်သာမက ဆွီဒင်ရှိနိုင်ငံတကာကျောင်းသားများကလည်းဆွီဒင်တက္ကသိုလ်များစွာမှပေးသောပညာသင်ဆုများစွာမှအကျိုးကျေးဇူးကိုခံစားနိုင်ပါသေးသည်။

ဆွီဒင်တွင်အကျော်ကြားဆုံးတက္ကသိုလ်များမှာ-

  1. Stockholm University
  2. Uppsala University
  3. Karolinska Institutet တို့ ဖြစ်ပါသည်။

ထို့အပြင် University of Gothenburg၊ Dalarna University၊ Dalarna University တို့သည်လည်း အဆင့်မြင့်ပညာရေးအခမဲ့ပေးသော တက္ကသိုလ်များဖြစ်ပါသည်။

By Myanmar Education Guide - EDGE 

Ref: Erudera Colege News 

Latest Post News Read 1508 times