အွန်လိုင်းမှ တက်ရောက်နိုင်သည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (၂) နှစ်သင်တန်း

လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (Certified Public Accountant Training Course) ကို မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးပြီး ‌ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန် (အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်) မှ ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် Online ဖြင့် ဖွင့်လှစ်သင်ကြားပါမည်။

မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင်လည်း တက်ရောက်နိုင်သည်။ စုစုပေါင်း သင်တန်းတတက်ရောက်ချိန် (၆၀)% ပြည့်မီအောင် တက်ရောက်ရမည်ဖြစ်ပြီး မပြည့်မီပါက နောင်ပညာသင်နှစ်တွင် အဆိုပါကျောင်းများ၌ ပြည့်မီအောင် ပြန်လည်တက်ရောက်ရပါမည်။

CPA သင်တန်းကို အောက်ပါပုဂ္ဂိုလ်များ တိုက်ရိုက် တိုက်ရောက်ခွင့်ရှိသည်။

- စီးပွားရေးတက္ကသိုလ်များမှ B.Com၊ B.Act၊ B.B.A ဘွဲ့စာမေးပွဲ အောင်မြင်ပြီးသူများ

- သမဝါယမတက္ကသိုလ်များမှ B.BSc (Accounting and Finance) ဘွဲ့စာမေးပွဲ အောင်မြင်ပြီးသူများ

- မြန်မာနိုင်ငံစာရင်းကောင်စီက ကျင်းပခဲ့သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်ပြီးသူများ

- မြန်မာနိုင်ငံက တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသည့်အပြင် ACCA Fundamental Skills Level ပြီးစီးသူများ

- မြန်မာနိုင်ငံက တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသည့်အပြင် CIMA Diploma in Management Accounting ရရှိပြီးသူများ

Advertisement : Yangon Directory 

တိုက်ရိုက်တက်ရောက်ခွင့် ရရှိသူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း ရုံးဖွင့်ရက်များတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) ၌ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း လျှောက်လွှာကြေး ၁,၀၀၀ ကျပ်ဖြင့် ဝယ်ယူ လျှောက်ထားနိုင်သည်။

တိုက်ရိုက်တိုက်ရောက်ခွင့် မရှိသည့် မြန်မာနိုင်ငံ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး အောင်မြင်ပါက သင်တန်းသို့ တက်ရောက်နိုင်သည်။

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်သူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၈) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ရုံးဖွင့်ရက်များတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) ၌ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း လျှောက်လွှာကြေး (၁,၀၀၀) ကျပ်နှင့်အတူ စာမေးပွဲကြေး (၁၀,၀၀၀) ကျပ် ပေးသွင်း၍ လျှောက်ထားနိုင်သည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

- ဘွဲ့လက်မှတ် (သို့) ဘွဲ့ထောက်ခံစာမူရင်း

- တိုက်ရိုက်တက်ရောက်ခွင့်ရရှိသူများ၏ သက်ဆိုင်ရာ စာမေးပွဲအောင်လက်မှတ် (သို့) သင်တန်းအောင်လက်မှတ်များ

- ၁၈ နှစ်ပြည့် လဲလှယ်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့် မိတ္တူ)

- တစ်လအတွင်း ရိုက်ကူးထားသည့် ၁"×၁" ဓာတ်ပုံ (၃) ပုံ

- နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစိစစ်ရေးကတ်ပြား (မူရင်းနှင့် မိတ္တူ) နှင့် သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် မူရင်း

ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ရရှိသူများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် https://www.oagmac.gov.mm/news-activities တွင် ကြေညာထားမည်ဖြစ်ပြီး ဝင်ခွင့်ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂) ရက်နေ့မှ (၆) ရက်နေ့အတွင်း ဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်) တွင် ထုတ်ပေးပါမည်။

ဝင်ခွင့်စာမေးပွဲကို ဖေဖော်ဝါရီ (၈) ရက်နေ့ (တနင်္ဂနွေနေ့)၊ မနက် (၉) နာရီတွင် ရန်ကုန်၌ ကျင်းပမည်ဖြစ်ပြီး Financial Accounting၊ Cost and Management Accounting နှင့် Auditing ဘာသာရပ်များကို (၂) နာရီ မေးခန်းလွှာတစ်ခု ဖြေဆိုရပါမည်။

သင်တန်းတက်ရောက်ခွင့် ရရှိသူများစာရင်းကို ၂၀၂၆ ခုနှစ် ဧပြီလတွင် https://www.oagmac.gov.mm/news-activities မှတဆင့် ကြေညာပေးမည်ဖြစ်သည်။

CPA သင်တန်းတွင် သင်ကြားရမည့် ဘာသာရပ်များ


သင်တန်းကာလမှာ ပထမပိုင်း (တစ်နှစ်) နှင့် ဒုတိယပိုင်း (တစ်နှစ်) ဟူ၍ စုစုပေါင်း (၂) နှစ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းအချိန်မှာ ရုံးဖွင့်ရက်များတွင် နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်ပြီး စနေနေ့တွင် နံနက် (၇) နာရီမှ (၁၂) နာရီအထိ ဖြစ်သည်။ 

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကောင်စီရုံး ဖုန်းအမှတ် (၀၁-၈၂၂၇၂၄၆၊ ၀၉-၄၀၈၇၀၄၄၉၉၊ ၀၉၄၂၁၇၂၉၆၈၈) တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 21532 times