Sales Hotline : 09448001653       Download App



၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသူ၊ ကျောင်းသားများ

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲတွင် ကြံခင်းမြို့နယ် အထက ရေနံတောင်မှ ၆ ဘာသာဂုဏ်ထူးရှင် မောင်ဝေယံကျော်လင်းက အမှတ် ၅၂၀ ဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သည်။ ဒုတိယနေရာကို ၎င်းကျောင်းမှ ၅ ဘာသာဂုဏ်ထူးရှင် မစုပိုပိုအောင်က ၄၉၈ မှတ်ဖြင့် လည်းကောင်း တတိယနေရာကို အထက ရှုံးရီ (ဂန့်ဂေါ)မှ ၄ ဘာသာဂုဏ်ထူးရှင် မောင်စိုးမင်းဦးက ၄၉၄ မှတ်ဖြင့်လည်းကောင်း  ရရှိသည်။ 

 

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲတွင် အထက (၅)၊ ဗိုလ်တထောင်မှ ၆ ဘာသာဂုဏ်ထူးရှင် မောင်အာကာမြင့်မြတ်က အမှတ် ၅၁၆ ဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သည်။ ဒုတိယနေရာကို ကပက မဟာ မြောင်းမြမှ ၅ ဘာသာဂုဏ်ထူးရှင် မောင်ငြိမ်းမင်းသန့်က  ၅၁၂ မှတ်ဖြင့် လည်းကောင်း တတိယနေရာကို အထက (၁၅)၊  လှိုင်သာယာမှ ၅ ဘာသာဂုဏ်ထူးရှင် မောင်သက်မောင်မောင်က ၅၀၅ မှတ်ဖြင့်လည်းကောင်း  ရရှိသည်။ 


 

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲတွင် အထက (၁)၊ ဒဂုံမှ ၆ ဘာသာဂုဏ်ထူးရှင် မမေသက်ထွန်းက အမှတ် ၅၂၂ ဖြင့် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့သည်။ ဒုတိယနေရာကို အထက လေ့ကျင့်ရေး (ကမာရွတ်)မှ ၆ ဘာသာဂုဏ်ထူးရှင် မစုပြည့်ပြည့်စံက  ၅၅၀ မှတ်ဖြင့် လည်းကောင်း တတိယနေရာကို အထက လေ့ကျင့်ရေး (ကမာရွတ်)မှ ၆ ဘာသာဂုဏ်ထူးရှင် မောင်ဇင်လှိုင်ထူးက ၅၄၉ မှတ်ဖြင့်လည်းကောင်း  ရရှိသည်။

 

Latest Post Government School Read 1436 times