Sales Hotline : 09448001653   Find A Tutor     Download App



TOEFL စာမေးပွဲအတွက် ကိုယ်တိုင်လေ့လာနိုင်မည့် အကောင်းဆုံး YouTube Channel များ

 

 

TOEFL ကို ဖြေဆိုမည့်သူများ၊ အခုမှစလေ့လာမည့်သူများ နှင့် TOEFL လေ့လာရန် စိတ်ဝင်စားနေသူများအတွက် သင်တန်းလည်း မတတ်ချင်သေးဘူး၊ အရင်ဆုံးကိုယ်တိုင်လေ့လာချင်တယ် ဒါမှမဟုတ် သင်တန်းတတ်နေရင်းနဲ့မှ ကိုယ်တိုင်လည်း သေချာလေ့လာကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြသွားမယ့် YouTube Channel လေးတွေက လုံးဝကို သေချာပေါက် အသုံးဝင်မှာပါ။ 

 

  1. TST Prep TOEFL

 

အရည်အချင်းပြည့်ဝသော TOEFL ဆရာများထံမှာ အချက်အလက် အကြံဉာဏ်များရယူကာ ၂၀၁၃ ခုမှစတင်၍ တည်ထောင်ထားတဲ့  Channel တစ်ခုဖြစ်ပါတယ်။ ဒီ Channel ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရှင်းလင်းပြတ်သားတဲ့ TOEFL စာမေးပွဲဆိုင်ရာ အကြံပြုချက်များ နဲ့ စာမေးပွဲရဲ့ အဓိက မေးခွန်းလှည့်ကွက်လေးတွေ မှတ်သားစရာ အချက်လေးတွေကို ရှင်းလင်းပြောပြသွားဖို့ပါ။ 

ဗီဒီယိုများမှာ ၁၀ မိနစ်ကနေ ၁ နာရီအထိ ကြာမြင့်ပြီး လွယ်ကူရိုးရှင်းသောကြောင့် TOEFL ကိုလေ့လာဖို့ ကြောက်နေသူများ အခုမှစပြီး လေ့လာမယ့်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ 

 

ChannelLink> https://www.youtube.com/c/TOEFLSpeakingTeacher1/featured

 

  1. E2 TOEFL

 

နာမည်ကြီးအွန်လိုင်းသင်ကြားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ E2 Language က တည်ထောင်ထားတဲ့ ဒီ Channel ဟာဆိုရင် ၂၀၁၆ ခုနှစ် မတ်လကစတင်ပြီး အရည်အချင်းပြည့်မီတဲ့ ဆရာ/ဆရာမများနှင့် ကျွမ်းကျင်သူများမှ TOEFL စာမေးပွဲအတွက် အကြံပြုချက်များ၊ နည်းဗျူဟာများကို တင်ဆက်ပေးနေတာပါ။


TOEFL စာမေးပွဲမှာပါတဲ့ Section အလိုက် မေးခွန်းများကို ရှင်းလင်းဖော်ပြခြင်း၊ စာမေးပွဲနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေကို အသေးစိတ်ရှင်းပြခြင်း၊ မေးခွန်းလှည့်ကွက်များကို အပိုင်းလိုက် ပြောပြခြင်းတို့ကြောင့် ဒီ Channel ကလည်း နာမည်ကြီးလူကြိုက်များပါတယ်။ ဒါ့အပြင် ဗီဒီယိုတစ်ခုချင်းစီမှာလည်း ပျှမ်းမျှကြာချိန် ၁၀ မိနစ်မှ ၁၅ မိနစ်အထိပဲရှိတာကြောင့် ကိုယ်သိချင်တဲ့ အချက်ကို ထိထိမိမိ တိုတိုတုတ်တုတ်နဲ့ သိရှိနိုင်ပါတယ်။ 

 

Channel Link > https://www.youtube.com/c/E2TOEFL/featured


 

  1. TOEFL TV Official 

 

Subscriber 177,000 ကျော်ရရှိထားတဲ့ ဒီ Channel မှာဆိုရင်တော့ TOEFL ဖြေဆိုခဲ့ဖူးသူတွေရဲ့ မြေပြင်လက်တွေ့ အတွေ့အကြုံတွေကို သိရှိနိုင်မယ့်အပြင် Tips & Tricks လေးတွေကိုပါ သိရှိနိုင်မှာပါ။  TOEFL Test & Preparation အတွက် iBT,Home Edition နဲ့ Essentials ဆိုပြီး (၃) မျိုးခွဲခြားဖော်ပြထားပါတယ်။ 

မေးခွန်းအမျိုးအစား တစ်ခုချင်းစီအတွက် ရှင်းလင်းချက်တွေကို စုံစုံလင်လင် ဖော်ပြထားတာကြောင့် စာမေးပွဲမှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ 

 

Channel Link > https://www.youtube.com/user/TOEFLtv/featured

 

  1. Test Resource - TOEFL Preparation

 

TOEFL ရဲ့ အဓိက အပိုင်း ၂ ပိုင်းဖြစ်တဲ့ Writing နဲ့ Speaking Section ကို ဗဟိုပြု ဖော်ပြပေးတဲ့ Channel တစ်ခုပါ။ မေးနိုင်တဲ့ မေးခွန်းများ နဲ့ မေးခွန်းများအပေါ်မှာ ဘယ်လို အမှတ်ကောင်းကောင်း ရအောင် ထိထိရောက်ရောက် ဖြေဆိုရမလဲဆိုတဲ့ ဖြေဆိုနည်းပုံစံများကိုပါ ဖော်ပြပေးထားပါတယ်။ 

စာမေးပွဲအတွက် အရေးအကြီးဆုံး လေ့လာရမယ့် အပိုင်းဖြစ်တဲ့ အမှတ်ပေးစံနှုန်းများကိုလည်း ဆွေးနွေးတင်ပြထားပါတယ်။ သင်က Writing နဲ့ Speaking အပိုင်း အားနည်းနေတယ်၊ ဒါမှမဟုတ် ပိုပြီး အားစိုက်လေ့လာချင်တယ်ဆိုရင်တော့ ဒီ Channel လေးကို ချက်ချင်းပဲ Subscribe လုပ်ထားလိုက်တော့နော်။

 

Channel Link > https://www.youtube.com/c/Toeflresources/featured

 

  1. PrepScholar TOEFL

 

TOEFL စာမေးပွဲမှာ ပါဝင်တဲ့ Section လေးခုဖြစ်တဲ့ Reading , Listening, Speaking & Writing လေးခုစလုံးကို Cover ဖြစ်ချင်ရင် ဒီ Channel က အဆင်ပြေပါတယ်။ Channel မှာပေးထားတဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်ကနေ သွားပြီးတော့ Speaking Practice Test လည်း ဖြေဆိုကြည့်နိုင်ပါတယ်။ TOEFL စာမေးပွဲမှာ အမှတ်ကောင်းကောင်းရချင်သူများအတွက် အထူး Design ပြုလုပ်ထားတဲ့ Channel မို့လို့ Subscribe လုပ်ထားတာ အကောင်းဆုံးပါပဲ။ 

 

Channel Link > https://www.youtube.com/@PrepScholarTOEFL

 

Latest Post Knowledge University / College Read 415 times