Sales Hotline : 09448001653       Download App



TOEFL အကြောင်း သိကောင်းစရာများ

TOEFL (Test of English as Foreign Language) သည် ကောလိပ် သို့မဟုတ် တက္ကသိုလ်အဆင့်တွင် နိုင်ငံတကာသုံးစကားတစ်ခု ဖြစ်သည့် အင်္ဂလိပ်ဘာသာစကားကို တစ်ဦးချင်းစီ၏  ကျွမ်းကျင်မှုအတိုင်းအတာ စံသတ်မှတ်နှုန်းကို စစ်ဆေးနိုင်သည့် စာမေးပွဲ တစ်ခု ဖြစ်ပါသည်။  IELTS ရမှတ်များကဲ့သို့ပင် TOEFL ရမှတ်များကို နိုင်ငံတကာမှ ကျောင်းများသို့ ကျောင်းလျှောက်ရာတွင် လက်ခံကြပါသည်။ ၎င်း၏ ရမှတ်သက်တမ်းမှာ နှစ်နှစ် ဖြစ်ပြီး နှစ်နှစ်ကျော်လွန်သွားပါက သက်ဆိုင်ရာ အချက်အလက်များကို database မှ ဖျက်သိမ်းပါသည်။ 

TOEFL စာမေးပွဲသည် ပညာရေးဆိုင်ရာစစ်ဆေးခြင်း ဝန်ဆောင်မှု -Educational Testing Service (ETS) ၏ တရားဝင် မှတ်ပုံတင်ထားပြီး ကမ္ဘာတစ်ဝှမ်းမှလည်း အသိအမှတ်ပြုထားပါသည်။ 

အဆိုပါ စစ်ဆေးခြင်းကို 1964 ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသားပေါင်း သန်း ၂၀ နီးပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြစ်ပါသည်။ 

ဆက်စပ်ဖတ်ရှုရန်>>> IELTS အကြောင်း သိကောင်းစရာများ

TOEFL နှင့် ပတ်သက်ပြီး သိသင့်သည့် အချက်များ

  • Online မှ ဖြစ်စေ၊ Form တင်၍ ဖြစ်စေ အမေရိကန်စင်တာ တွင် လျှောက်ကာ ဖြေဆိုနိုင်ပါသည်။  ထို့အပြင် TOEFL နှင့် ပတ်သက်သည့် စာစောင်များကို လည်း အမေရိကန် စင်တာ တွင်ရယူနိုင်ပါသည်။ 
  • စာမေးပွဲဖြေရန် အချိန်မရွေးဖောင်တင်နိုင်ပြီး Credit Card ဖြင့်သာ ငွေသွင်းရမည်ဖြစ်ပါသည်။
  • တစ်နှစ်လျှင်လေးကြိမ်  January, May, August နှင့် November လများတွင် အမေရိကန်စင်တာ တွင် TOEFL စာမေးပွဲ ကို ဖြေဆိုနိင်ပါသည်။ 
  • စာမေးပွဲ‌ ဖြေဆိုရန်အတွက် စောင့်ဆိုင်းရန် မလိုပေ။
  • စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ 110 မှ 150 ကြား ရှိပါသည်။ 
  • စာမေးပွဲ ကျင်းပမည့် နေရာများမှာ American Center, International School နှင့် Grand Plaza Park Royal တို့ဖြစ်ပါသည်။ 
  • စာမေးပွဲ ရလဒ်များကို ဖြေဆိုပြီး ၅ ပတ်အတွင်း သိရှိရပါသည်။  

TOEFL စာမေးပွဲတွင်  နှစ်မျိုးနှစ်စား ရှိပါသည်။ Internet- based နှင့် Paper- Based ဟူ၍ နှစ်မျိုးတွင် လက်ရှိ ရန်ကုန်တွင် Paper-based ဖြင့်သာ ဖြေဆိုလျက် ရှိပါသည်။ 

 Internet- based test (iBT)

 2005 ခုနှစ် နောက်ပိုင်းမှ စ၍ Internet- Based test (iBT) - အင်တာနက်အခြေပြုစာမေးပွဲ ကို computer-based (CBT) - ကွန်ပျူတာအခြေပြု စာမေးပွဲ နှင့်  paper-based (PBT) test - စာရွက် အခြေပြု စာမေးပွဲ နှစ်ခု အစားထိုး၍ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီ ဖြစ်ပါသည်။  2005 ခုနှစ် မှစ၍ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ နှင့် အီတလီ စသည့် ထိပ်တန်းနိုင်ငံများတွင် စတင်မိတ်ဆက်ခဲ့ပြီး 2006 ခုနှစ်တွင် စာဖြေစင်တာများနှင့် ပုံမှန်စာမေးပွဲဖြေဆိုနိုင်ရန် အတွက်  ကမ္ဘာတစ်ဝှမ်း ကို မိတ်ဆက်ပေးခဲ့ပါသည်။ မိတ်ဆက်ပြီး တစ်နှစ်ကြာသည်အထိ စာမေးပွဲဖြေဆိုရန် နေရာလျှောက်ထားမှုသည် အလွန်အမင်း များပြားလျက်ရှိပြီး ဖြေဆိုသူအနေဖြင့် ကာလတို စာမေးပွဲ ဖြေရန် အတွက် တစ်လခန့် ကြာ‌အောင် စောင့်ခဲ့ရပါသည်။ လေးနာရီကြာ ဖြေဆိုရမည့် ထိုစာမေးပွဲတွင်  အပိုင်းလေးပိုင်းပါဝင်ပြီး အခြားဘာသာစကား အရည်အချင်းစစ် စာမေးပွဲကဲ့သို့ပင် ဖြစ်ပြီး အချို့ အပိုင်းများအတွက် မြင့်မားသော ကျွမ်းကျင်မှုများလိုအပ်ပါသည်။ ယခု Internet- Based test (iBT) - အင်တာနက်အခြေပြုစာမေးပွဲကို အဆင့်မြင့်ပညာရေးများနှင့် ပတ်သက်သော အသိုင်းအဝိုင်းများ အတွက် ဖြေဆိုကြလေ့ရှိပြီး မှတ်စုမှတ်ခြင်းကို ဤစာမေးပွဲတွင် အသုံးပြုနိုင်ပါသည်။ 

ပိုမိုသိရှိလိုပါက >>> Click Here <<<

Paper- Based test (PBT)

Internet- based test (iBT) မရသော ‌ဒေသများတွင် Paper- Based test ဖြင့် ဖြေဆိုကြပါသည်။ အဆိုပါ PBT သည် ယခင် ကွန်ပျူတာအခြေပြုစာမေးပွဲများကဲ့သို့ပင်  အရည်အချင်း စစ်ဆေးခြင်းများမှာ အတူတူဖြစ်သော်လည်း အခြားမတူညီမှုမှာ အနည်းငယ်သာပါဝင်ပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ရန်အကောင်းဆုံးနည်းလမ်းမှာစာမေးပွဲနှင့်ပတ်သက်သောသတင်းအချက်အလက်များကိုရှာဖွေရန် အကောင်းဆုံးနည်းများမှာ - 

  • စာမေးပွဲ ဖြေဆိုမည့် စင်တာများသို့ သင်ထောက်ကူပစ္စည်းများ၊ စာမေးပွဲနှင့် သက်ဆိုင်သည့် စာအုပ်များ၊စာရွက်စာတမ်းများ၊ စီဒီများရှိမရှိ သေချာအောင် ဆက်သွယ် မေးမြန်းပါ။ 
  • စာမေးပွဲတွင် မည်သည့်အကြောင်းအရာ၊ အခန်းကဏ္ဍများပါဝင်သည်ကို ရှာဖွေပါ။
  • စာမေးပွဲ ပုံစံကို လေ့လာပါ။ (Multiple Choices, essays, short answers, true/false)
  • စာမေးပွဲ ကြာချိန်ကို သတိပြုပါ။ 
  • ကြိုတင် ပြင်ဆင်ရမည့် သင်တန်းများကို တက်ထားပါ။
  • စာမေးပွဲ မဖြေခင် ကြိုတင်ပြင်ဆင်၍ အစမ်းစာမေးပွဲများကို ဖြေဆိုကာ အလေ့အကျင့်ပြုလုပ်ပါ။ 
  • သက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်များတွင် သတင်းအချက်အလက်များ ရှာဖွေပါ။

TOEFL  Structures

 ETS က ဖော်ပြထားတဲ့ ကောင်းမွန်တဲ့ TOEFL ရမှတ်များ

ပျမ်းမျှရမှတ်များ 

ETS မှ ဖော်ပြထားသည့် ကောင်းမွန်သည့် TOFEL ရမှတ်များ 

အထက်ပါ အချက်များကို မှီငြမ်း၍ လိုချင်သော အမှတ်များ၊ ပညာသင်ဆုများ ရနိင်မည်ဟု မျှော်လင့်မိပါသည်။ 

Ref: Sayar.comTOFEL - Myanmar Study Abroad

By Myanmar Education Guide(EDGE) 

High Read 1512 times