Sales Hotline : 09448001653       Download App



လာမည့်ပညာသင်နှစ်တွင် သင်ရိုးသစ်ပြောင်းမည့် အတန်း (၃) တန်း

**Unicode**

 

(၂၀၂၀-၂၀၂၁) ပညာသင်နှစ်တွင် အခြေခံပညာစတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးညွှန်းတမ်းအသစ်ပြောင်းမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

လာမည့်ဇွန်လတွင်စတင်မည့် (၂၀၂၀-၂၀၂၁) ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်တွင် စတုတ္ထတန်း (Grade-4)၊ အလယ်တန်းအဆင့်တွင် သတ္တမတန်း (Grade-7) ကိုသင်ရိုးသစ်ဖြင့်သင်ကြားမည်ဖြစ်သည်။ အထက်တန်းအဆင့်ဒသမတန်း (Grade-10) ကိုပါသင်ရိုးသစ်ပြောင်းမည်ဟုသိရသည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းသည် " နောက်နှစ်မှာ Grade-4၊ Grade-7၊ Grade-10 (၃) တန်းပြောင်းမယ်။ Grade-4 က Grade-3 ကနေဆက်သွားမယ်။ Grade-7 ကတော့ အခု Grade-6 ကနေဆက်သွားမယ်။ Grade-10 ကတော့ Upper Secondary ဖြစ်တဲ့ အထက်တန်းအဆင့်မှာ ပြောင်းလဲမှာပါ " ဟု ဆိုသည်။ 

လာမည့်နှစ်တွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း (Grade-10) ကို သင်ရိုးညွှန်းတမ်းအသစ်စပြောင်းမည်ဖြစ်၍ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သည့် အဋ္ဌမတန်း (Grade-9) အောင်မြင်သူများသည် လာမည့်နှစ်အထက်တန်းအဆင့်တက်ချိန်တွင် သင်ရိုးသစ်ဒသမတန်း ( Grade-10) တွင် တက်ရမည်ဖြစ်သည်။ ထိုကျောင်းသား၊ ကျောင်းသူများသည် ဒသမတန်း (Grade-10) ပြီးဆုံးပါက ဧကာဒသမတန်း (Grade-11)၊ ဒွါဒသမတန်း (Grade-12) ဆက်တက်ရမည်ဖြစ်သည်။ 

ယခုနှစ်တွင်သင်ရိုးဟောင်းအတိုင်းသင်ယူနေသည့် နဝမတန်း (Grade-10) ကျောင်းသားများသည်ပုံမှန်အတိုင်း သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကိုတက်ရမည်ဖြစ်သည်။ အခြေခံပညာမူလတန်း သင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်းသင်ရိုးညွှန်းတမ်းအသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားသည်။

Read More:>>>  အနုပညာသင္တန္းတက္ေရာက္ရင္း အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ရယူလိုပါက

အခြေခံပညာရေးကို သူငယ်တန်းအပါအဝင် မူလတန်း ငါးနှစ်၊ အလယ်တန်း လေးနှစ်၊ အထက်တန်း သုံးနှစ် (သူငယ်တန်း + ၁၂ တန်း) စနစ်သစ်အဖြစ် စတင်ပြောင်းလဲနေသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 တို့ကိုသင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားနေသည်။

Employment Agencies (228) အလုပ္အကုိင္ေအဂ်င္ဆီမ်ားႏွင့္ ပတ္သက္ျပီး (၂၂၈) ခုရွာရန္ႏွိပ္ပါ။

အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ (၁၁) တန်း တက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါဒသမတန်းအထိ (၁၃) တန်းတက်ရောက်ရမည်ဖြစ်သည်။

Source: 7Day News

 

**Zawgyi**

 

(၂၀၂၀-၂၀၂၁) ပညာသင္ႏွစ္တြင္ အေျခခံပညာစတုတၳတန္း၊ သတၱမတန္း၊ ဒသမတန္းတို႔ကို သင္ရိုးညႊန္းတမ္းအသစ္ေျပာင္းမည္ဟု ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

လာမည့္ဇြန္လတြင္စတင္မည့္ (၂၀၂၀-၂၀၂၁) ပညာသင္ႏွစ္ အေျခခံပညာမူလတန္းအဆင့္တြင္ စတုတၳတန္း (Grade-4)၊ အလယ္တန္းအဆင့္တြင္ သတၱမတန္း (Grade-7) ကိုသင္ရိုးသစ္ျဖင့္သင္ၾကားမည္ျဖစ္သည္။ အထက္တန္းအဆင့္ဒသမတန္း (Grade-10) ကိုပါသင္ရိုးသစ္ေျပာင္းမည္ဟုသိရသည္။

အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းသည္ " ေနာက္ႏွစ္မွာ Grade-4၊ Grade-7၊ Grade-10 (၃) တန္းေျပာင္းမယ္။ Grade-4 က Grade-3 ကေနဆက္သြားမယ္။ Grade-7 ကေတာ့ အခု Grade-6 ကေနဆက္သြားမယ္။ Grade-10 ကေတာ့ Upper Secondary ျဖစ္တဲ့ အထက္တန္းအဆင့္မွာ ေျပာင္းလဲမွာပါ " ဟု ဆိုသည္။ 

လာမည့္ႏွစ္တြင္ အထက္တန္းအဆင့္၏ ပထမဆံုးအတန္းျဖစ္သည့္ ဒသမတန္း (Grade-10) ကို သင္ရိုးညႊန္းတမ္းအသစ္စေျပာင္းမည္ျဖစ္၍ အလယ္တန္းအဆင့္၏ ေနာက္ဆံုးအတန္းျဖစ္သည့္ အ႒မတန္း (Grade-9) ေအာင္ျမင္သူမ်ားသည္ လာမည့္ႏွစ္အထက္တန္းအဆင့္တက္ခ်ိန္တြင္ သင္ရိုးသစ္ဒသမတန္း ( Grade-10) တြင္ တက္ရမည္ျဖစ္သည္။ ထိုေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ဒသမတန္း (Grade-10) ၿပီးဆံုးပါက ဧကာဒသမတန္း (Grade-11)၊ ဒြါဒသမတန္း (Grade-12) ဆက္တက္ရမည္ျဖစ္သည္။ 

ယခုႏွစ္တြင္သင္ရိုးေဟာင္းအတိုင္းသင္ယူေနသည့္ နဝမတန္း (Grade-10) ေက်ာင္းသားမ်ားသည္ပံုမွန္အတိုင္း သင္ရိုးေဟာင္း ဒသမတန္း (Grade-11) ကိုတက္ရမည္ျဖစ္သည္။ အေျခခံပညာမူလတန္း သင္ရိုးညႊန္းတမ္းအသစ္ေရးဆဲြႏိုင္ရန္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA)၊ အလယ္တန္းႏွင့္ အထက္တန္းသင္ရိုးညႊန္းတမ္းအသစ္မ်ားအတြက္ အာရွဖံြ႔ၿဖိဳးေရးဘဏ္ (ADB) တို႔က ပညာေရးဝန္ႀကီးဌာနသို႔ နည္းပညာႏွင့္ ဘ႑ာေရးပံ့ပိုးထားသည္။

Read More:>>>  အနုပညာသင္တန္းတက္ေရာက္ရင္း အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ရယူလိုပါက

အေျခခံပညာေရးကို သူငယ္တန္းအပါအဝင္ မူလတန္း ငါးႏွစ္၊ အလယ္တန္း ေလးႏွစ္၊ အထက္တန္း သံုးႏွစ္ (သူငယ္တန္း + ၁၂ တန္း) စနစ္သစ္အျဖစ္ စတင္ေျပာင္းလဲေနသည္။ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ KG၊ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ Grade-1၊ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ Grade-2၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ Grade-3 ႏွင့္ Grade-6 တို႔ကိုသင္ရိုးညႊန္းတမ္းအသစ္မ်ားျဖင့္ စတင္သင္ၾကားေနသည္။

Employment Agencies (228) အလုပ္အကုိင္ေအဂ်င္ဆီမ်ားႏွင့္ ပတ္သက္ျပီး (၂၂၈) ခုရွာရန္ႏွိပ္ပါ။

အေျခခံပညာတြင္ ယခင္က သူငယ္တန္းမွ ဒသမတန္းအထိ (၁၁) တန္း တက္ေရာက္ရေသာ္လည္း စနစ္သစ္အရ သူငယ္တန္းမွ ဒြါဒသမတန္းအထိ (၁၃) တန္းတက္ေရာက္ရမည္ျဖစ္သည္။

Source: 7Day News

 

Latest Post News News News Read 63432 times