The Yangon International Schools Industry Report 2025-2026

>> English Below <<

ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးကျောင်းများနှင့် ပတ်သက်သည့် စျေးကွက်အခြေအနေကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်စေရန် The Yangon International Schools Industry Report 2025-2026" ပွဲကို လာမည့် စက်တင်ဘာ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပသွားပါမည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခုလို နိုင်ငံတကာကျောင်းစျေးကွက် အစီရင်ခံစာမိတ်ဆက်ပွဲကို Vintage Luxury Yacht ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်း (၁၇) ကျောင်းမှ တာဝန်ရှိသူ (၃၅) ဦး တက်ရောက်ခဲ့ကြသည်။

ပွဲ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ ဈေးကွက်အကြောင်း နားလည်စေရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ( ISCED Level 1, 2 & 3 ) ဖွင့်လှစ်မှု အခြေအနေများ၊ ကျောင်းသားကျောင်းသူ တက်ရောက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ နိုင်ငံတကာကျောင်းစျေးကွက်၏ အနာဂတ်အလားအလာ အခြေအနေတို့ကို သိရှိစေရန် စီစဉ် ကျင်းပခြင်း ဖြစ်ပါသည်။

အဆိုပါပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းအတွေ့အကြုံ (၃၃) နှစ်ရှိသော MMRD Business Insight မှ ကြီးမှူးကျင်းပသွားမည် ဖြစ်ပါသည်။ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုနှင့် အတွေ့အကြုံများကို www.mmrdrs.com တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

ပွဲတွင် အဓိက ဆွေးနွေး တင်ပြမည့် ကဏ္ဍများမှာ - 

  • ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ ဈေးကွက်အခြေအနေ သုံးသပ်ချက်များကို တင်ပြခြင်း
  • မိမိတို့၏ အစီရင်ခံစာအပေါ် လူကြီးမင်းတို့၏ ထင်မြင်ချက်များ မျှဝေခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း
  • နိုင်ငံတကာ အခြေခံပညာရေးကျောင်းများ၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကျောင်းများနှင့် စပ်လျဉ်း၍ MMRD ဥက္ကဌ ဦးမိုးကျော်၊ SKT International School ၏ တည်ထောင်သူဖြစ်သည့်အပြင် ပုဂ္ဂလိက နိုင်ငံတကာကျောင်းများအသင်း ဥက္ကဌလည်းဖြစ်သည့် ဦးရဲထွန်းနှင့်အတူ Guest Speaker (၃) ဦးတို့မှ Pannel Discussion ပြုလုပ်သွားပါမည်။ 

ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ အကြောင်းကို ပိုမို သိရှိလိုပြီး အဆိုပါလုပ်ငန်း၏ ဈေးကွက်အရွယ်အစားနှင့် အခြေအနေကို နားလည် သဘောပေါက်လိုသည့် လူကြီးမင်းများအနေဖြင့် ယခုပွဲအား လက်လွှတ်မခံဘဲ တက်ရောက်သင့်ပါသည်။

ပွဲတက်ရောက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ -

  • ရန်ကုန်မြို့ရှိ နိုင်ငံတကာ အခြေခံပညာရေးဆိုင်ရာ ဈေးကွက်အခြေအနေများကို သိရှိနိုင်ခြင်း
  • လုပ်ငန်းတိုးတက်ရေး အစီအစဉ်များ ရေးဆွဲရာတွင် အရေးပါသော အချက်အလက်များနှင့် သုံးသပ်ချက်များကို ရယူနိုင်ခြင်း
  • ဈေးကွက်အလားအလာ ရှိနိုင်သည့် ကျောင်းများကို သိရှိနိုင်ခြင်း  
  • တခြားသော ကျောင်းများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ပြီး အတွေ့အကြုံနှင့် အမြင်များ မျှဝေနိုင်ခြင်း
  • လုပ်ငန်းအမျိုးအစား ခွဲခြားထားသည့် Education Industry Market Tree ကို QR scan ဖတ်၍ လက်ဆောင်ရရှိခြင်း 
  • ရန်ကုန်မြို့ နိုင်ငံတကာကျောင်း စျေးကွက်အစီရင်ခံစာအား (၂၀%) လျှော့စျေးဖြင့် ဝယ်ယူရရှိနိုင်ခြင်းတို့ဖြစ်သည်။ 

ပွဲအစီအစဉ်

နေ့ရက် - စက်တင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ် ( တနင်္လာနေ့ )

အချိန် - မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ

နေရာ - Sky Star Hotel (အမှတ် ၅၁/ဘီ-၁၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းမ၊ တာမွေမြို့နယ်၊ ရန်ကုန်၊ မြန်မာ။)

ပွဲအခမ်းအနား တက်ရောက်နိုင်သည့် လူဦးရေကို ကန့်သတ်ထားသည့်အတွက် တစ်ကျောင်းကို တာဝန်ရှိသူ (၂) ဦးသာ တက်ရောက်နိုင်ပြီး အောက်ပါလင့်ခ်တွင် အမြန်ဆုံး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ 

စာရင်းပေးသွင်းရန် လင့်ခ် 

https://docs.google.com/forms/d/

ပွဲအစီအစဉ်ကြည့်ရန်

---------------------------------------------------

The Myanmar Education Guide www.edge.com.mm a division of Myanmar Marketing Research & Development (MMRD) www.mmrdrs.com would like to have your participation for the 3rd Industry report of “The Yangon International Schools Industry Report 205-26 Launch and Seminar" with the leaders in the international education business on the 29th September, 9am to 12pm at the Sky Star Hotel Yangon.  

The event titled  “ The Yangon International Schools Industry Review and Networking Seminar " was successfully held in February 2024 at the Vintage Luxury Yacht Hotel, bringing together 35 representatives from 17 international schools in Yangon.

The “The Yangon International Schools Industry Report 2025-2026'' has been conducted by MMRD Business Insight, Myanmar's most experienced Industry research company with 33 years of experience undertaking business related research for both Overseas and local organizations and companies.

The purpose of this seminar is to understand the market of international basic education in Yangon. It will provide information on the requirements for opening Primary, Secondary, and Upper Secondary (ISCED Level 1, 2 & 3) schools and the seminar aims to know the future of international basic education market in Myanmar. 

The seminar will consist of the following major sections:

  • Presentation on the Yangon International Schools Report
  • Polling Session: Participants' Reaction to the Industry Review
  • Panel Discussion on the International Schools Industry

The seminar will feature an inclusive panel discussion led by educational experts. The focus of the discussion will be the past, present, and future of the International Private School Industry. 

Our Panelists and Moderator

The panel discussion on international schools will be led by U Moe Kyaw, Chairman of MMRD, and U Ye Htun, Founder of SKT International School and President of the Private International Schools Association, along with three other distinguished educational experts.

If you are interested in the International Education Industry and would like to gain a deeper understanding of this market, we cordially invite you to attend our seminar.

We are confident that you can get the following benefits from our seminar:

  • Comprehensive understanding of the International Education Industry and Its market.
  • Acquire valuable data to effectively plan for the growth of International Education.
  • Know gauge potential of Schools being undertaken by the Industry
  • Develop the ability to assess the potential of schools within the industry
  • Meet with other Stakeholders and Share opinions of the Education Industry.
  • Receive the Education Industry Market Tree : Classification Sheet 
  • Get a 20% discount on the Yangon International Schools Market Report.

Event Information

Date : Sep 29, 2025 ( Monday )
Time : 9:00 AM - 12:00 PM
Location : Sky Star Hotel Yangon ( No.51/B-1, East Horse Race Course Road, Tamwe Township, Yangon, Myanmar  )

As the number of attendees is limited, only two representatives from each school will be allowed to attend, and registration through the link below is required.

Reservation Link 

> docs.google.com/forms/d/

Event Agenda

 

Events & Exhibitions Local News Latest Post Read 53 times