ရန်ကုန်မြို့က Educator (၁၁၅) ဦး တက်ရောက်ခဲ့ကြတဲ့ YIS Industry Report Seminar

ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုမို သိရှိနားလည်နိုင်စေဖို့ “The Yangon International Schools Industry Report 2025-2026 Launch & Panel Seminar" ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ Sky Star ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ပွဲကို နိုင်ငံတကာကျောင်းနဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၅၃) ကျောင်းမှ Founder များ၊ Principal များ၊ ဆရာ/ဆရာမကြီးများ၊ သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ ကျောင်းအသစ်ဖွင့်လှစ်လိုသူများနဲ့ Panelist များအပါအဝင် စုစုပေါင်း (၁၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ ပွဲရဲ့ အဓိက အစီအစဉ်ဖြစ်တဲ့ ရန်ကုန်မြို့ နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်အခြေအနေ သုံးသပ်ချက်ကို MMRD ရဲ့ ဥက္ကဌ ဦးမိုးကျော်က တင်ပြ ဆွေးနွေးပေးခဲ့ပါတယ်။ တက်ရောက်လာကြတဲ့သူတွေကို စျေးကွက်အစီရင်ခံစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပြီး အဖြေအများဆုံးမှန်သူ (၄) ဦးကို Bean Bag နှင့် Pillow လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။

Report Preview

https://www.edge.com.mm/report.html

ဒုတိယအနေနဲ့ မြန်မာ့ပညာရေးလမ်းညွှန် (Myanmar Education Guide) Website ရဲ့ New Feature ဖြစ်တဲ့ Online Self-Classification အကြောင်းနဲ့ နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Bi-weekly Education Bulletin အကြောင်းကို မိတ်ဆက် တင်ပြပေးခဲ့ပါတယ်။

Online Self-Listing

https://www.edge.com.mm/advertise-with-us.html?type=digital

Subscribe to Bulletin

> https://b7f1d892.sibforms.com/serve/

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတွေရဲ့ လက်ရှိ အခြေအနေတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အနာဂတ်အလားအလာတွေ အကြောင်းကို...

  • နှစ် (၅၀) ကျော် အတွေ့အကြုံရှိ အင်္ဂလိပ်စာ သင်ကြားပေးခဲ့တဲ့ ဆရာကြီး ဦးနေအုပ်၊
  • Private International School Association ဥက္ကဌ ဦးရဲထွန်း၊
  • Institute of International Professionalism ကျောင်း တည်ထောင်သူ ဒေါ်မေသစ်မွန်၊
  • British Council မှ ဦးစည်သူအောင်နဲ့
  • MMRD ဥက္ကဌ ဦးမိုးကျော်တို့က ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူတွေကလည်း သိရှိလိုတာများကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

ပွဲတက်ရောက်ခဲ့သူအနေနဲ့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ ဈေးကွက်အခြေအနေတွေနဲ့ ဈေးကွက်အလားအလာ ရှိနိုင်တဲ့ ကျောင်းတွေကို သိရှိတဲ့အပြင် တခြားကျောင်းများမှ လုပ်ငန်းရှင်တွေ၊ ဆရာ/ဆရာမကြီးတွေနဲ့လည်း တွေ့ဆုံကာ အတွေ့အကြုံတွေ၊ အမြင်တွေကို မျှဝေနိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သတင်းကောင်းအနေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ YIS Industry Report 2025-2026 ကို ဝယ်ယူမယ်ဆိုရင် (၂၀%) လျှော့စျေး ရရှိမယ့်အပြင် စျေးကွက်အစီရင်ခံစာနဲ့ ပတ်သက်ပြီး သိလိုတဲ့ အချက်အလက်တွေကို ချက်ချင်း မေးမြန်းနိုင်မယ့် Report GPT နဲ့ Myanmar Education Guide ရဲ့ Premium Package ဖြစ်တဲ့ First Class ကိုလည်း (၁) နှစ်စာ လက်ဆောင်ရရှိဦးမှာ ဖြစ်ပါတယ်။

More details

www.edge.com.mm

ဒါကြောင့် နိုင်ငံတကာကျောင်းစျေးကွက် အစီရင်ခံစာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားလို့ ဆက်သွယ်လိုတယ်ဆိုရင် Myanmar Education Guide Page Messenger မှာဖြစ်ဖြစ်၊ ဖုန်းနံပါတ် 09450408205 (သို့) အီးမေးလ် [email protected] ကို ဆက်သွယ်ပြီးဖြစ်ဖြစ် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Events & Exhibitions Latest Post Local News Read 90 times