Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းများ အောင်စာရင်းကို ဧပြီလ (၂၆) ရက်ကြေညာမည်

**Unicode**

 

စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါအဝင် အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းကို ဧပြီလ (၂၆) ရက်တွင်ကြေညာမည်ဖြစ်သည်။ 

အခြေခံပညာသူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းကို ဧပြီလ (၂၆) ရက်တွင် အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာရန်နှင့် အောင်စာရင်းကြေညာစာရွက်တွင် ခုံအမှတ်၊ အမည်၊ အဘအမည်တို့ကိုသာ ဖော်ပြရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှတစ်ဆင့် အခြေခံပညာကျောင်းများသို့ညွှန်ကြားထားသည်။ 

အခြေခံပညာအတန်းအောင်မြင်သူများကို ကြေညာရာတွင် (၂၀၁၆-၂၀၁၇) ပညာသင်နှစ်က အတန်းကူးပြောင်းစာရင်းဟု ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း (၂၀၁၇-၂၀၁၈) ပညာသင်နှစ်မှစ၍ အောင်စာရင်းဟုသာ ပြောင်းလဲကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။ 

စတုတ္ထတန်း၊ အဋ္ဌမတန်း အောင်/ရံှူး ကိုနှစ်ဆုံးစာမေးပွဲတစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ အခန်းဆုံးစာမေးပွဲ၊ ပထမနှစ်ဝက်စာမေးပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုရလဒ်ဖြင့် ဆုံးဖြတ်ရန် အခြေခံပညာဦးစီးဌာနကညွှန်ကြားထားသည်။ 

Libraries (79) စာၾကည့္တုိက္မ်ားႏွင့္ ပတ္သက္ျပီး (၇၉) ခုရွာရန္ႏွိပ္ပါ။

နှစ်ဆုံးစာမေးပွဲရလဒ်ကို ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ် (၈၀) မှ (၁၀၀) အထိကို (A) အဆင့်၊ ရမှတ် (၆၀) မှ (၇၉) အထိကို (B) အဆင့်၊ ရမှတ် (၄၀) မှ (၅၉) အထိကို (C) အဆင့်၊ ရမှတ် (၃၉) မှတ်နှင့် အောက်ကို (D) အဆင့် (ကျရံှူး) သတ်မှတ်မည်ဖြစ်သည်။ 

Read More:>>. University Preparation Program သင္တန္း တန္းခြဲသစ္ဖြင့္လွစ္မည္

သို့သော် နှစ်ဆုံးစာမေးပွဲတွင် ဘာသာရပ်တစ်ခုတွင် အဆင့် (D) ရနေပါက အခန်းဆုံးစစ်ဆေးမှု (CET) (သို့) ပထမနှစ်ဝက်စာမေးပွဲတွင် ထိုဘာသာရပ်တွင် (A)၊ (B)၊ (C) အဆင့်တစ်ခုခုရထားပါက ထိုဘာသာရပ်၏ နှစ်ဆုံးစာမေးပွဲရလဒ်ကို (D) မှ (C) သို့ပြင်ဆင်ပေးမည်ဖြစ်သည်။ ထိုစာမေးပွဲရလဒ်ဖြင့် ဖြည့်ဆည်းသော်လည်း (D) အဆင့်ရ ဘာသာရပ်ကျန်ရှိနေသေးလျှင် တစ်နှစ်ပတ်လုံးကျောင်းလုပ်ငန်းဆောင်ရွက်မှု (CPR) ရလဒ်ဖြင့် (C) အဆင့်သို့ပြောင်းပေးမည်ဖြစ်သည်။ 

Source: 7Day News

 

**Zawgyi**

စတုတၳတန္းႏွင့္ အ႒မတန္းအပါအဝင္ အေျခခံပညာအတန္းမ်ား၏ စာေမးပဲြေအာင္စာရင္းကို ဧၿပီလ (၂၆) ရက္တြင္ေၾကညာမည္ျဖစ္သည္။ 

အေျခခံပညာသူငယ္တန္းမွ နဝမတန္းအထိ စာေမးပဲြေအာင္စာရင္းကို ဧၿပီလ (၂၆) ရက္တြင္ အေျခခံပညာေက်ာင္းမ်ားတြင္ ထုတ္ျပန္ေၾကညာရန္ႏွင့္ ေအာင္စာရင္းေၾကညာစာရြက္တြင္ ခံုအမွတ္၊ အမည္၊ အဘအမည္တို႔ကိုသာ ေဖာ္ျပရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွတစ္ဆင့္ အေျခခံပညာေက်ာင္းမ်ားသို႔ညႊန္ၾကားထားသည္။ 

အေျခခံပညာအတန္းေအာင္ျမင္သူမ်ားကို ေၾကညာရာတြင္ (၂၀၁၆-၂၀၁၇) ပညာသင္ႏွစ္က အတန္းကူးေျပာင္းစာရင္းဟု ထုတ္ျပန္ေပးရန္ ညႊန္ၾကားခဲ့ေသာ္လည္း (၂၀၁၇-၂၀၁၈) ပညာသင္ႏွစ္မွစ၍ ေအာင္စာရင္းဟုသာ ေျပာင္းလဲေၾကညာရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ညႊန္ၾကားထားသည္။ 

စတုတၳတန္း၊ အ႒မတန္း ေအာင္/ရံွူး ကိုႏွစ္ဆံုးစာေမးပဲြတစ္ခုတည္းျဖင့္ မဆံုးျဖတ္ဘဲ အခန္းဆံုးစာေမးပဲြ၊ ပထမႏွစ္ဝက္စာေမးပဲြႏွင့္ ေက်ာင္းလုပ္ငန္းေဆာင္ရြက္မႈရလဒ္ျဖင့္ ဆံုးျဖတ္ရန္ အေျခခံပညာဦးစီးဌာနကညႊန္ၾကားထားသည္။ 

Libraries (79) စာၾကည့္တုိက္မ်ားႏွင့္ ပတ္သက္ျပီး (၇၉) ခုရွာရန္ႏွိပ္ပါ။

ႏွစ္ဆံုးစာေမးပဲြရလဒ္ကို ဘာသာရပ္တစ္ခုခ်င္းစီအလိုက္ ရမွတ္ (၈၀) မွ (၁၀၀) အထိကုိ (A) အဆင့္၊ ရမွတ္ (၆၀) မွ (၇၉) အထိကို (B) အဆင့္၊ ရမွတ္ (၄၀) မွ (၅၉) အထိကို (C) အဆင့္၊ ရမွတ္ (၃၉) မွတ္ႏွင့္ ေအာက္ကုိ (D) အဆင့္ (က်ရံွူး) သတ္မွတ္မည္ျဖစ္သည္။ 

Read More:>>>  University Preparation Program သင္တန္း တန္းခြဲသစ္ဖြင့္လွစ္မည္

သို႔ေသာ္ ႏွစ္ဆံုးစာေမးပဲြတြင္ ဘာသာရပ္တစ္ခုတြင္ အဆင့္ (D) ရေနပါက အခန္းဆံုးစစ္ေဆးမႈ (CET) (သို႔) ပထမႏွစ္ဝက္စာေမးပဲြတြင္ ထိုဘာသာရပ္တြင္ (A)၊ (B)၊ (C) အဆင့္တစ္ခုခုရထားပါက ထုိဘာသာရပ္၏ ႏွစ္ဆံုးစာေမးပဲြရလဒ္ကို (D) မွ (C) သို႔ျပင္ဆင္ေပးမည္ျဖစ္သည္။ ထုိစာေမးပဲြရလဒ္ျဖင့္ ျဖည့္ဆည္းေသာ္လည္း (D) အဆင့္ရ ဘာသာရပ္က်န္ရွိေနေသးလ်ွင္ တစ္ႏွစ္ပတ္လံုးေက်ာင္းလုပ္ငန္းေဆာင္ရြက္မႈ (CPR) ရလဒ္ျဖင့္ (C) အဆင့္သို႔ေျပာင္းေပးမည္ျဖစ္သည္။ 

Source: 7Day News

Latest Post News News News Read 18780 times