Sales Hotline : 09448001653       Download App



အစိုးရကျောင်း ပြောင်းရွှေ့လိုသူများအတွက် မေလမှာ အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်မည်

အစိုးရကျောင်း ပြောင်းရွှေ့လိုသူများအတွက် မေလမှာ အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်မည်

စာမေးပွဲကျင်းပမယ့်ရက်ကို တိုင်းရုံးမှာ ကြေညာပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနကနေ ပြဌာန်းထားတဲ့ သင်ရိုးနဲ့ ပတ်သက်တာကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ပြောင်းရွှေ့တက်ရောက်လိုသူများအတွက် စစ်ဆေးပေးခြင်းဖြစ်ပါတယ်။

ပြောင်းရွှေ့တက်ရောက်လိုသူများအနေဖြင့် မိမိအောင်မြင်ခဲ့တဲ့ အတန်းရဲ့တစ်ဆင့်နိမ့် အတန်းအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အရည်အချင်းစစ်စာမေးပွဲကို နှစ်စဉ် ပညာသင်နှစ်အသစ် မစတင်ခင် မေလအတွင်းမှာ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းပြောင်းပြီး တက်ရောက်လိုသူများအနေဖြင့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ ထုတ်ယူ လျှောက်ထားနိုင်ပါတယ်။

အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမယ့်ရက် နီးကပ်လာပါက ရက်အတိအကျ ထပ်မံကြေညာပေးမှာပါ။

လျှောက်ထားလိုသူများအနေဖြင့် မိမိတက်ရောက်ခဲ့တဲ့ ကျောင်းကနေ ဖြေဆိုအောင်မြင်ခဲ့တဲ့ အဆင့် (level) အတွက် ကျောင်းထောက်ခံချက် သို့မဟုတ် အောင်လက်မှတ်မူရင်းကို လျှောက်ထားတဲ့အချိန်မှာ ပူးတွဲတင်ပြရမည်။

နိုင်ငံတကာကျောင်းတွေကနေ ပညာရေးဝန်ကြီးဌာ လက်အောက်မှာ ရှိတဲ့ ကျောင်းတွေကို ပြောင်းရွှေ့တက်ရောက်လိုသူများအတွက် အရည်အချင်းစစ် စာမေးပွဲကို ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

International/Private Read 4216 times