Sales Hotline : 09448001653       Download App



ရွေးကောက်ပွဲ ကိစ္စများတွင် တရားစွဲဆိုထားခံရသော ဆရာဆရာမများကို အစိုးရမှ ကူညီမည်

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ကူညီခဲ့ကြသည့် ကျောင်းဆရာ၊ ဆရာမများ အား တရားစွဲဆိုထားမှုသည်မဖြစ် သင့်သောကိစ္စရပ်ဖြစ်ပြီး ယင်းဆရာ၊ ဆရာမများအတွက် အစိုးရက အတတ်နိုင်ဆုံးကူညီပေးသွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

‘‘အစိုးရအပိုင်းအနေနဲ့ ဒီ ကျောင်းဆရာ၊ ဆရာမတွေ ဒီလို အပင်ပန်းခံပြီးလုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အတတ်နိုင်ဆုံးကူညီဖို့ပေါ့နော်။ ဒါကိုတော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနကို ပြောကြားထားပါတယ်’’ ဟု ဦးဇော်ဌေးကဆိုသည်။

ထို့အပြင် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ဆရာ၊ ဆရာမ များအား တမင်သက်သက်စွပ်စွဲခြင်းများ မပြုရန်ကိုလည်း သမ္မတ ရုံးမှ မေတ္တာရပ်ခံခဲ့သည်။

‘‘နောက်တစ်ခုက ကျွန်တော် တို့တိုက်တွန်းချင်တာက နိုင်ငံရေး ပါတီတွေအနေနဲ့ပေါ့။ ဒီဆရာ၊ ဆရာမတွေက တချို့နေရာတွေတော့ ဖြစ်ကောင်းဖြစ်မယ်။ အဲ့တာမျိုးဆိုလုပ်ပေါ့ဗျာ။တချို့ကျတော့ မဟုတ်ဘူး။ တမင်သက်သက်စွပ်စွဲပြီးတော့ လုပ်တာမျိုးတွေကျတော့မလုပ်သင့်ဘူးလို့ပြောချင်ပါတယ်’’ဟု ဦးဇော်ဌေးကဖြည့်စွက် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရွေး ကောက်ပွဲ ဥပဒေများတွင်လည်း တရားဝင်အပ်နှင်းထားသော လုပ် ပိုင်ခွင့်အရဥပဒေနှင့်အညီ မိမိ တာဝန်ကိုသဘောရိုးဖြင့် စွမ်း ဆောင်နိုင်သမျှ စွမ်းဆောင်သော ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ယင်းတို့ ၏အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ခုံအဖွဲ့နှင့်ခုံအဖွဲ့ဝင်များ၊ မဲရုံမှူး များအပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမခံထိုက်စေရဟု ဖော်ပြထား ကြောင်း ဦးဇော်ဌေးကပြော သည်။

‘‘အထူးသဖြင့် ဆရာ၊ ဆရာမတွေကို တရားစွဲဆိုတယ် ဆိုတဲ့ကိစ္စက တော်တော်လေးကို မလုပ်သင့်ဘူးလို့မြင်တယ်’’ ဟု ဦးဇော်ဌေးကပြောသည်။ 

‘‘ခုဟာ သမ္မတရုံးဝန်ကြီးဌာနက တွန်းတွန်းတိုက်တိုက်လေး ပြောလိုက်တဲ့အတွက် ဖြစ်လာမယ်လို့တော့ထင်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ပညာရေးဝန်ကြီးဌာနကိုအားမရဘူး’’ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ပျဉ်းမနားမြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်သူ ဆရာနေဝင်းခိုင်က ပြောကြားသည်။

Source: 7Day News 

By Myanamar Education Guide (EDGE) 

Latest Post Read 404 times