Sales Hotline : 09448001653       Download App



အဆင့်ပညာဦးစီးဌာန၏ လူတွေ့စာမေးပွဲများ ကျင်းပမည့် ကိစ္စ 

အဆင့်ပညာဦးစီးဌာန၏ ရုံးချုပ်/စီမံ/ရာထူးတိုးပြောင်း များနှင့် ပတ်သက်၍ လူတွေ့စာမေးပွဲ ဖြေကြားရက်များကို ထုတ်ပြန်ထားပါသည်။ 

လိုအပ်သည်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို အောက်တွင် ဖော်ပြထားပါသည်။

(၁) အဆင့်မြင့်ပညာဦးစီးဌာန၏ (၂၆-၂-၂၀၂၀) ရက်စွဲပါ စာအမှတ်၊

အဆင့်မြင့်/ရုံးချုပ်/စီမံ/ (ရာထူးတိုးတူ) ၂၀၂၀ (၃၂၂၀)

(၂) အဆင့်မြင့်ပညာဦးစီးဌာန၏ (၁၈-၃-၂၀၂၀) ရက်စွဲပါ စာအမှတ်၊

အဆင်မြင့်/ရုံးချုပ်/စီမံ/ (သင်ကြား-တိုး/ပြောင်း) ၂၀၂၀/ ၄၂၅၃

(၃) အဆင့်မြင့်ပညာဦးစီးဌာန၏ (၆-၈-၂၀၂၀) ရက်စွဲပါ စာအမှတ်၊

အဆင့်မြင့်ရုံးချုပ်/စီမံ/ (ရာထူးတိုး/ပြောင်း) ၂၀၂၀/၁၀၀၃၆

(၄) အဆင့်မြင့်ပညာဦးစီးဌာန၏ (၆-၁၀-၂၀၂၀) ရက်စွဲပါ စာအမှတ်၊

အဆင်မြင့်/ရုံးချုပ်/စီမံ/(သင်ကြား-တိုး/ပြောင်း) ၂၀၂၀/ ၁၃၅၂၄ 

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ရာထူးများသို့ လျှောက်ထား သူများအား မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ် စီမံခန့်ခွဲရေးအဖွဲ့ဖြင့် လူတွေ့နှုတ်ဖြေစာမေးပွဲ စစ်ဆေးပြီး အဆင့်မြင့်ပညာဦးစီးဌာနသို့ (၁၁-၁-၂၀၂၁) ရက်နေ့အရောက် Hard Copy Soft Copy တို့ဖြင့် ပေးပို့ပါရန် အကြောင်းကြားထားပါသည်။

(၁) နည်းပြ/ သရုပ်ပြမှ လက်ထောက်ကထိက ရာထူးသို့ လျှောက်ထားသူများ

(၁၉ ချက်ကိုယ်ရေးမှတ်တမ်း (၃)စုံ ပေးပို့ရန်) 

(၂) လစာနှုန်း (ကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀) နှင့် (ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) မှ လစာနှုန်း (ကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀) ရာထူးသို့ လျှောက်ထားသည့် စီမံ ဝန်ထမ်းများ (လက်ထောက်စာကြည့်တိုက်မှူးနှင့် လက်ထောက်မန်နေဂျာ (ကွန်ပျူတာစနစ်) ရာထူးသို့ လျှောက်ထားသူများ လူတွေ့ ဖြေဆိုရန် မလိုပါ(ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်များသာ)

(၁၉ ချက်ကိုယ်ရေးမှတ်တမ်း (၃)စုံ ပေးပို့ရန်)

(၃) လစာနှုန်း(ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)မှ လစာနှုန်း (ကျပ် ၂၃၄၀၀၀-၂၀၀၀၂၄၄၀၀၀) ရာထူးသို့ လျှောက်ထားသူများ

ဒေါက်တာသိန်းဝင်း 

ညွှန်ကြားရေးမှူးချုပ်

 

By Myanmar Education Guide (EDGE) 

Latest Post Read 5982 times