Sales Hotline : 09448001653       Download App



ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ ရေးသွင်းရန် ပညာရေးဌာန ညွှန်ကြား

** Unicode **

၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံချိန်တွင် တိုင်းရင်းသားတို့၏ အမည်များရှေ့တွင် ထည့်သွင်းသော ရိုးရာနာမည် အခေါ်အဝေါ်များဖြစ်သည့် “စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန်း၊ နန့်၊ ဂါ့၊ မိ၊ မိုင်”စသည့် စကားလုံးများကို မှတ်တမ်းတင်ရေးသွင်းရန် အခြေခံပညာဦးစီးဌာနက မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ အားလုံးကို ညွှန်ကြားထားကြောင်း သိရပါတယ်။


ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်း က “ကျောင်းအပ်နှံချိန်မှာ တိုင်းရင်းသား လူမျိုးတွေရဲ့ သက်ဆိုင်ရာ မျိုးနွယ်အလိုက် အမည်ပေးတဲ့နေရာမှာပါရှိတဲ့ ရှေ့ဆောင်စကားလုံးတွေကို မှတ်တမ်းတင် ရေးသွင်း ဆောင်ရွက်ဖို့ အခြေခံပညာဦးစီးဌာနက ဧပြီလ (၁) ရက်နေ့ကတည်းက ညွှန်ကြားထားပါတယ်။ 

ဒီညွန်ကြားချက်က တနိုင်ငံလုံးကို ညွှန်ကြားထားတာလို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ဒီညွှန်ကြားချက်ကို အခြေခံပညာကျောင်း အားလုံးကို ဧပြီလ (၂) ရက်နေ့ကတည်းက ထပ်ဆင့်ညွှန်ကြားမှု ဆောင်ရွက်ထားပါတယ်”ဟု လည်းသိရပါတယ်။

တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းစတင် အပ်နှံချိန်တွင် တိုင်းရင်းသားလူမျိုးများ အလိုက် ကာယကံရှင်ကိုယ်တိုင် ပေးသွင်းလိုသည့် တိုင်းရင်းသားလူမျိုးများ၏အမည်ရှေ့တွင် ပါရှိသော ရှေ့ဆောင်စကားလုံးများ ဖြစ်သည့် စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန်း၊ နန့်၊ ဂါ့၊ မိ၊ မိုင် စသဖြင့် ထည့်သွင်းမှတ်တမ်းတင် ရေးသွင်း ဆောင်ရွက်ရန် ဧရာဝတီတိုင်းပညာရေးမှူးရုံး၏ ညွှန်ကြားစာတွင် ဖော်ပြထားပါတယ်။

ထို့ပြင် ကျောင်းစတင်အပ်နှံချိန်၌ အကြောင်းအမျိုးမျိုးကြောင့် မွေးစာရင်း၊ သန်းခေါင်စာရင်းများ မတင်ပြနိုင်သော ကျေးလက်ဒေသများနှင့် တိုင်းရင်းသား လူမျိုးအများစု နေထိုင်သော ဒေသများတွင် မိဘအုပ်ထိန်းသူ တို့၏ဆန္ဒအရ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးရန်လည်း ဧရာဝတီတိုင်းပညာရေးမှူးရုံးက တိုင်းအတွင်းရှိ ကျောင်းများအားလုံးကို ညွှန်ကြားထားပါတယ်။

ညွှန်ကြားရေးမှူး ဦးဖြူဝင်းက “တချို့မိဘတွေက အဝေးမှာ အလုပ်လုပ်တယ်။ ကျောင်းအပ်ချိန်မှာ ဦးလေး၊ အဒေါ်၊ အဘိုးအဘွားနဲ့လာအပ်တော့ ကလေးရဲ့ကိုယ်ရေးအချက်အလက်တွေ ကွဲလွဲတတ်ပါတယ်။ ဒါကြောင့် မွေးစာရင်း၊ သန်းခေါင်စာရင်း တောင်းတယ်ဆိုတာ ကလေးရဲ့ဘဝတလျှောက်လုံး အသုံးပြုရမယ့် ကိုယ်ရေး အချက်အလက်တွေ မှားယွင်းမှာစိုးလို့ ဖြစ်ပါတယ်။ ကျောင်းအပ်ချိန်မှာ ဒါတွေပါလာရင် ပိုကောင်းတာပေါ့။ လုံးဝမရှိလို့ မပါလာခဲ့ရင်လည်း လက်ခံပေးပါတယ်။ ဒါပေမယ့် မိဘတွေဘက်က ကလေးရဲ့ အချက်အလက်တွေ အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးရင် ရပါတယ်”ဟု ပြောပါတယ်။

တိုင်းရင်းသားအမည်များ ထည့်သွင်းနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးက အခြေခံ ပညာကျောင်းများအားလုံးအပြင် တိုင်းအတွင်းရှိ ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီများထံ အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ အကြောင်းကြားစာအရ ကျောင်းအပ်နှံချိန်တွင် ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ၏အမည်ရှေ့တွင် စကောကရင်ဖြစ်ပါက “စော၊ နော်”ဖြင့်လည်းကောင်း၊ ပိုးကရင် ဖြစ်ပါက “စ၊ နန့်”ဖြင့်လည်းကောင်း စာရင်းသွင်းအပ်နှံကြရန်နှင့် ကရင်တိုင်းရင်းသား မိဘအုပ်ထိန်းသူများအား အသိပညာပေး စည်းရုံးကြပါရန် တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများသို့ အကြောင်းကြားထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းအိုင်ခလိန်က “အရင်တုန်းက အခုလို ညွှန်ကြားတာ မရှိဘူး။ ဒီနှစ်မှ ပထမဆုံးစဖြစ်လာတာ။ ဒါက ထူးခြားတဲ့အခွင့်အရေး (၁) ခုပေါ့။ နာမည်ရှေ့မှာ “စော”၊ “နော်”၊“စ”၊ “နန့်”တို့ ထားလိုက်ခြင်းအားဖြင့် ကိုယ့်အမျိုးသားရဲ့ National Identity (အမျိုးသား လက္ခဏာ)ကို ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ 

ကျနော်တို့က လိုက်ပြီး တောင်းဆိုရင်တောင် ခက်နေဦးမယ်။ နိုင်ငံတော်က ကျောင်းသားကျောင်းသူ အောက်ခြေအဆင့်ကနေစပြီး အခုလို တိုင်းရင်းသားနာမည်တပ်ဖို့ လုပ်ပေးလိုက်တဲ့အတွက် ဒီအပေါ်မှာ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်”ဟု ပြောပါတယ်။

ကျောင်းအပ်နှံချိန်ကပင် တိုင်းရင်းသားတို့၏အမည်များရှေ့တွင် ရှေ့ဆောင်စကားလုံးများ ထည့်သွင်းကာစာရင်း ရေးသွင်း ခြင်းအားဖြင့် ကျောင်းသားကတ်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင်ပါ တိုင်းရင်းသား ကလေးငယ် တို့၏အမည် မှန်ကန်မှု ရှိမည်ဖြစ်သလို တိုင်းရင်းသား လူဦးရေစာရင်း တိကျ မှန်ကန်ရေး အတွက်လည်း အထောက် အကူပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီက ပြောပါတယ်။

ကော်မတီ ဥက္ကဋ္ဌ ကြံခင်းမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက “အခြေခံပညာ ကျောင်းတွေက တိုင်းရင်းသားကလေးငယ်တွေရဲ့ အမည်တွေ မှန်ကန်ရေးဆောင်ရွက်ဖို့ တိုင်းလွှတ်တော်မှာ ကျနော်တို့ ပထမအကြိမ် အစည်းအဝေး ကတည်းက တိုက်တွန်းခဲ့တာ ရှိပါတယ်။ 

အခုတော့ ကျနော်တို့ မျှော်လင့်ခဲ့တာတွေ အကောင်အထည် ပေါ်လာတယ်လို့ မြင်ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်၊ ရခိုင်နဲ့ ချင်း တိုင်းရင်းသားတွေရဲ့ လူဦးရေစာရင်း တိကျမှန်ကန်ရေးအတွက်လည်း အခုအစီအစဉ်က အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည် ပါတယ်”ဟု ပြောပါတယ်။

ဧရာဝတီတိုင်း၌ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် စကောကရင်စာပေ သင်ကြားနေသည့် အခြေခံပညာ ကျောင်းပေါင်း (၆၇၆) ကျောင်းရှိကာ ကျောင်းသားပေါင်း (၅၅၁၁၂) ဦး တက်ရောက်သင်ကြားခဲ့ပြီး ပိုးကရင်စာပေ သင်ကြားသည့်ကျောင်း (၁၀၄၇) ကျောင်းရှိကာ ကျောင်းသားပေါင်း (၈၇၄၂၄) ဦး သင်ကြားခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ရခိုင်စာပေသင်ကြား နေသည့်ကျောင်းပေါင်း (၄၈) ကျောင်းရှိကာ ကျောင်းသားပေါင်း (၄၀၀၈) ဦး သင်ကြားခဲ့ပြီး ချင်း(အရှို) စာပေ သင်ကြားနေသည့်ကျောင်း (၃၇) ကျောင်းရှိကာ ကျောင်းသားပေါင်း (၁၄၈၆) ဦး သင်ကြားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းအရ သိရပါတယ်။

Teaching Aid (8) သင်ထောက်ကူ အရောင်းကုမ္ပဏီများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ (၆ ဒဿမ ၃ သန်း) ခန့် မှီတင်းနေထိုင်ကြပြီး ဗမာတိုင်းရင်းသားမှာ လူဦးရေအများဆုံးဖြစ်ကာ ကရင်တိုင်းရင်းသားမှာ လူဦးရေ (၁ ဒဿမ ၄ သန်း) ကျော်ဖြင့် ဒုတိယ လူဦးရေ အများဆုံးဖြစ်ကြောင်း သိရပါတယ်။

ရခိုင်တိုင်းရင်းသားမှာ လူဦးရေ (၈) သောင်းကျော်ရှိပြီး တတိယလူဦးရေ အများဆုံးဖြစ်ကာ ချင်းတိုင်းရင်းသား များမှာ လူဦးရေ (၁) သောင်းကျော်ရှိကာ စတုတ္ထမြောက် လူဦးရေအများဆုံး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းများအရ သိရပါတယ်။


Credit: Irrawaddy

 

** Zawgyi **

၂၀၂၀ – ၂၀၂၁ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ႏွံခ်ိန္တြင္ တိုင္းရင္းသားတို႔၏ အမည္မ်ားေရွ႕တြင္ ထည့္သြင္းေသာ ႐ိုးရာနာမည္ အေခၚအေဝၚမ်ားျဖစ္သည့္ “ေစာ၊ စိုင္း၊ မင္း၊ ႏိုင္၊ ဆလိုင္း၊ ေနာ္၊ နန္း၊ နန႔္၊ ဂါ့၊ မိ၊ မိုင္”စသည့္ စကားလုံးမ်ားကို မွတ္တမ္းတင္ေရးသြင္းရန္ အေျခခံပညာဦးစီးဌာနက ျမန္မာတႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား အားလုံးကို ၫႊန္ၾကားထားေၾကာင္း သိရပါတယ္။


ဧရာဝတီတိုင္းေဒသႀကီး၊ ပညာေရးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးျဖဴဝင္း က “ေက်ာင္းအပ္ႏွံခ်ိန္မွာ တိုင္းရင္းသား လူမ်ိဳးေတြရဲ႕ သက္ဆိုင္ရာ မ်ိဳးႏြယ္အလိုက္ အမည္ေပးတဲ့ေနရာမွာပါရွိတဲ့ ေရွ႕ေဆာင္စကားလုံးေတြကို မွတ္တမ္းတင္ ေရးသြင္း ေဆာင္႐ြက္ဖို႔ အေျခခံပညာဦးစီးဌာနက ဧၿပီလ (၁) ရက္ေန႔ကတည္းက ၫႊန္ၾကားထားပါတယ္။ 

ဒီၫြန္ၾကားခ်က္က တႏိုင္ငံလုံးကို ၫႊန္ၾကားထားတာလို႔ သိရပါတယ္။ ဧရာဝတီတိုင္းမွာလည္း ဒီၫႊန္ၾကားခ်က္ကို အေျခခံပညာေက်ာင္း အားလုံးကို ဧၿပီလ (၂) ရက္ေန႔ကတည္းက ထပ္ဆင့္ၫႊန္ၾကားမႈ ေဆာင္႐ြက္ထားပါတယ္”ဟု လည္းသိရပါတယ္။

တိုင္းအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းစတင္ အပ္ႏွံခ်ိန္တြင္ တိုင္းရင္းသားလူမ်ိဳးမ်ား အလိုက္ ကာယကံရွင္ကိုယ္တိုင္ ေပးသြင္းလိုသည့္ တိုင္းရင္းသားလူမ်ိဳးမ်ား၏အမည္ေရွ႕တြင္ ပါရွိေသာ ေရွ႕ေဆာင္စကားလုံးမ်ား ျဖစ္သည့္ ေစာ၊ စိုင္း၊ မင္း၊ ႏိုင္၊ ဆလိုင္း၊ ေနာ္၊ နန္း၊ နန႔္၊ ဂါ့၊ မိ၊ မိုင္ စသျဖင့္ ထည့္သြင္းမွတ္တမ္းတင္ ေရးသြင္း ေဆာင္႐ြက္ရန္ ဧရာဝတီတိုင္းပညာေရးမႉး႐ုံး၏ ၫႊန္ၾကားစာတြင္ ေဖာ္ျပထားပါတယ္။

ထို႔ျပင္ ေက်ာင္းစတင္အပ္ႏွံခ်ိန္၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေမြးစာရင္း၊ သန္းေခါင္စာရင္းမ်ား မတင္ျပႏိုင္ေသာ ေက်းလက္ေဒသမ်ားႏွင့္ တိုင္းရင္းသား လူမ်ိဳးအမ်ားစု ေနထိုင္ေသာ ေဒသမ်ားတြင္ မိဘအုပ္ထိန္းသူ တို႔၏ဆႏၵအရ ေက်ာင္းအပ္လက္ခံ ေဆာင္႐ြက္ေပးရန္လည္း ဧရာဝတီတိုင္းပညာေရးမႉး႐ုံးက တိုင္းအတြင္းရွိ ေက်ာင္းမ်ားအားလုံးကို ၫႊန္ၾကားထားပါတယ္။

ၫႊန္ၾကားေရးမႉး ဦးျဖဴဝင္းက “တခ်ိဳ႕မိဘေတြက အေဝးမွာ အလုပ္လုပ္တယ္။ ေက်ာင္းအပ္ခ်ိန္မွာ ဦးေလး၊ အေဒၚ၊ အဘိုးအဘြားနဲ႔လာအပ္ေတာ့ ကေလးရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ ကြဲလြဲတတ္ပါတယ္။ ဒါေၾကာင့္ ေမြးစာရင္း၊ သန္းေခါင္စာရင္း ေတာင္းတယ္ဆိုတာ ကေလးရဲ႕ဘဝတေလွ်ာက္လုံး အသုံးျပဳရမယ့္ ကိုယ္ေရး အခ်က္အလက္ေတြ မွားယြင္းမွာစိုးလို႔ ျဖစ္ပါတယ္။ ေက်ာင္းအပ္ခ်ိန္မွာ ဒါေတြပါလာရင္ ပိုေကာင္းတာေပါ့။ လုံးဝမရွိလို႔ မပါလာခဲ့ရင္လည္း လက္ခံေပးပါတယ္။ ဒါေပမယ့္ မိဘေတြဘက္က ကေလးရဲ႕ အခ်က္အလက္ေတြ အမွန္ကန္ဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးရင္ ရပါတယ္”ဟု ေျပာပါတယ္။

တိုင္းရင္းသားအမည္မ်ား ထည့္သြင္းႏိုင္ေရးအတြက္ ဧရာဝတီတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးက အေျခခံ ပညာေက်ာင္းမ်ားအားလုံးအျပင္ တိုင္းအတြင္းရွိ ကရင္၊ ခ်င္းႏွင့္ ရခိုင္တိုင္းရင္းသား စာေပႏွင့္ယဥ္ေက်းမႈ ေကာ္မတီမ်ားထံ အသိေပး အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ပညာေရးမႉး႐ုံး၏ အေၾကာင္းၾကားစာအရ ေက်ာင္းအပ္ႏွံခ်ိန္တြင္ ကရင္တိုင္းရင္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏အမည္ေရွ႕တြင္ စေကာကရင္ျဖစ္ပါက “ေစာ၊ ေနာ္”ျဖင့္လည္းေကာင္း၊ ပိုးကရင္ ျဖစ္ပါက “စ၊ နန႔္”ျဖင့္လည္းေကာင္း စာရင္းသြင္းအပ္ႏွံၾကရန္ႏွင့္ ကရင္တိုင္းရင္းသား မိဘအုပ္ထိန္းသူမ်ားအား အသိပညာေပး စည္း႐ုံးၾကပါရန္ တိုင္းေဒသႀကီး ကရင္စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီက တိုင္းအတြင္းရွိ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ ကရင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမ်ားသို႔ အေၾကာင္းၾကားထားေၾကာင္း သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ ကရင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ဥကၠ႒ မန္းအိုင္ခလိန္က “အရင္တုန္းက အခုလို ၫႊန္ၾကားတာ မရွိဘူး။ ဒီႏွစ္မွ ပထမဆုံးစျဖစ္လာတာ။ ဒါက ထူးျခားတဲ့အခြင့္အေရး (၁) ခုေပါ့။ နာမည္ေရွ႕မွာ “ေစာ”၊ “ေနာ္”၊“စ”၊ “နန႔္”တို႔ ထားလိုက္ျခင္းအားျဖင့္ ကိုယ့္အမ်ိဳးသားရဲ႕ National Identity (အမ်ိဳးသား လကၡဏာ)ကို ေဖာ္ျပႏိုင္တာ ျဖစ္ပါတယ္။ 

က်ေနာ္တို႔က လိုက္ၿပီး ေတာင္းဆိုရင္ေတာင္ ခက္ေနဦးမယ္။ ႏိုင္ငံေတာ္က ေက်ာင္းသားေက်ာင္းသူ ေအာက္ေျခအဆင့္ကေနစၿပီး အခုလို တိုင္းရင္းသားနာမည္တပ္ဖို႔ လုပ္ေပးလိုက္တဲ့အတြက္ ဒီအေပၚမွာ ဝမ္းေျမာက္ ဝမ္းသာ ႀကိဳဆိုပါတယ္”ဟု ေျပာပါတယ္။

ေက်ာင္းအပ္ႏွံခ်ိန္ကပင္ တိုင္းရင္းသားတို႔၏အမည္မ်ားေရွ႕တြင္ ေရွ႕ေဆာင္စကားလုံးမ်ား ထည့္သြင္းကာစာရင္း ေရးသြင္း ျခင္းအားျဖင့္ ေက်ာင္းသားကတ္၊ အိမ္ေထာင္စုစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရး ကတ္ျပားမ်ားတြင္ပါ တိုင္းရင္းသား ကေလးငယ္ တို႔၏အမည္ မွန္ကန္မႈ ရွိမည္ျဖစ္သလို တိုင္းရင္းသား လူဦးေရစာရင္း တိက် မွန္ကန္ေရး အတြက္လည္း အေထာက္ အကူျပဳမည္ျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္တိုင္းရင္းသားလူမ်ိဳးမ်ား အေရးဆိုင္ရာ ေကာ္မတီက ေျပာပါတယ္။

ေကာ္မတီ ဥကၠ႒ ႀကံခင္းၿမိဳ႕နယ္၊ အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္ဇင္ဝင္းက “အေျခခံပညာ ေက်ာင္းေတြက တိုင္းရင္းသားကေလးငယ္ေတြရဲ႕ အမည္ေတြ မွန္ကန္ေရးေဆာင္႐ြက္ဖို႔ တိုင္းလႊတ္ေတာ္မွာ က်ေနာ္တို႔ ပထမအႀကိမ္ အစည္းအေဝး ကတည္းက တိုက္တြန္းခဲ့တာ ရွိပါတယ္။ 

အခုေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္ခဲ့တာေတြ အေကာင္အထည္ ေပၚလာတယ္လို႔ ျမင္ပါတယ္။ ဒါ့အျပင္ ဧရာဝတီတိုင္းမွာရွိတဲ့ ကရင္၊ ရခိုင္နဲ႔ ခ်င္း တိုင္းရင္းသားေတြရဲ႕ လူဦးေရစာရင္း တိက်မွန္ကန္ေရးအတြက္လည္း အခုအစီအစဥ္က အမ်ားႀကီး အေထာက္အကူျပဳမယ္လို႔ ယုံၾကည္ ပါတယ္”ဟု ေျပာပါတယ္။

ဧရာဝတီတိုင္း၌ ၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္တြင္ စေကာကရင္စာေပ သင္ၾကားေနသည့္ အေျခခံပညာ ေက်ာင္းေပါင္း (၆၇၆) ေက်ာင္းရွိကာ ေက်ာင္းသားေပါင္း (၅၅၁၁၂) ဦး တက္ေရာက္သင္ၾကားခဲ့ၿပီး ပိုးကရင္စာေပ သင္ၾကားသည့္ေက်ာင္း (၁၀၄၇) ေက်ာင္းရွိကာ ေက်ာင္းသားေပါင္း (၈၇၄၂၄) ဦး သင္ၾကားခဲ့ေၾကာင္း သိရပါတယ္။

ထို႔ျပင္ ရခိုင္စာေပသင္ၾကား ေနသည့္ေက်ာင္းေပါင္း (၄၈) ေက်ာင္းရွိကာ ေက်ာင္းသားေပါင္း (၄၀၀၈) ဦး သင္ၾကားခဲ့ၿပီး ခ်င္း(အရႈိ) စာေပ သင္ၾကားေနသည့္ေက်ာင္း (၃၇) ေက်ာင္းရွိကာ ေက်ာင္းသားေပါင္း (၁၄၈၆) ဦး သင္ၾကားခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးစာရင္းအရ သိရပါတယ္။

Teaching Aid (8) သင္ေထာက္ကူ အေရာင္းကုမၸဏီမ်ားႏွင့္ ပတ္သက္ၿပီးရွာရန္ႏွိပ္ပါ။

ဧရာဝတီတိုင္းေဒသႀကီးတြင္ လူဦးေရ (၆ ဒႆမ ၃ သန္း) ခန႔္ မွီတင္းေနထိုင္ၾကၿပီး ဗမာတိုင္းရင္းသားမွာ လူဦးေရအမ်ားဆုံးျဖစ္ကာ ကရင္တိုင္းရင္းသားမွာ လူဦးေရ (၁ ဒႆမ ၄ သန္း) ေက်ာ္ျဖင့္ ဒုတိယ လူဦးေရ အမ်ားဆုံးျဖစ္ေၾကာင္း သိရပါတယ္။

ရခိုင္တိုင္းရင္းသားမွာ လူဦးေရ (၈) ေသာင္းေက်ာ္ရွိၿပီး တတိယလူဦးေရ အမ်ားဆုံးျဖစ္ကာ ခ်င္းတိုင္းရင္းသား မ်ားမွာ လူဦးေရ (၁) ေသာင္းေက်ာ္ရွိကာ စတုတၳေျမာက္ လူဦးေရအမ်ားဆုံး ျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး၊ လူဝင္မႈႀကီးၾကပ္ေရးဌာန၏ စာရင္းမ်ားအရ သိရပါတယ္။

 
Credit: Irrawaddy

News News News News Latest Post Read 4426 times