ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်၏ နေ့သင်တန်းများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းများ၏ သင်တန်းကာလနှင့် စာမေးပွဲကာလများကိုလည်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက်ရောက်ရမည့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း အပါအဝင် ဒုတိယနှစ် (ပထမနှစ်ဝက်)၊ တတိယနှစ် (ပထမနှစ်ဝက်)၊ စတုတ္ထနှစ် (ပထမနှစ်ဝက်နှင့် ဒုတယနှစ်ဝက်) သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။
Advertisement : Yangon International School Industry Report 2025-26
ဒုတိယနှစ် (ပထမနှစ်ဝက်)၊ တတိယနှစ် (ပထမနှစ်ဝက်)၊ စတုတ္ထနှစ် (ပထမနှစ်ဝက်နှင့် ဒုတယနှစ်ဝက်) သင်တန်းသားများကို နိုဝင်ဘာ (၂၄) ရက်နေ့တွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ တက်ရောက်ခွင့် ရရှိသော ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာ (၂၉) နှင့် (၃၀) ရက်နေ့တွင် လူတွေ့စစ်ဆေးပြီး ဆရာအင်္ဂါရပ်နှင့် ကိုက်ညီသူများကိုသာ ကျောင်းအပ်လက်ခံပြီး သင်တန်းတက်ရောက်ခွင့်ပြုပါမည်။
သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့အထိ တက်ရောက်ရမည် ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှ (၂၅) ရက်နေ့အထိ (စနေ၊ တနင်္ဂနွေနေ့များမပါ) စာမေးပွဲ ဖြေဆိုရပါမည်။