(၅) ရက်ကြာ အခမဲ့ သင်တန်းပေးသွားမယ့် AI Ready ASEAN Training

MYEO ကနေ မြန်မာနိုင်ငံက ဒေသအသီးသီးအတွက် AI ရဲ့ အခြေခံသဘောတရားတွေကို Training ပေးသွားမယ့် AI Bus Program ကို စီစဉ်ပေးထားပါတယ်။

AI Bus Porgram ဆိုတာ ASEAN Foundation နဲ့ Google.org တို့ ပူးပေါင်း လုပ်ဆောင်ထားတဲ့ AI Ready ASEAN Training ကို MYEO က အခမဲ့ သင်တန်းပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။

AI Bus ဆိုတဲ့အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ ရောက်အောင်လည်း ဒေသမျိုးစုံမှာ လုပ်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရန်ကုန်၊ ကရင်နဲ့ မွန်ပြည်နယ်က လူတွေအတွက် သင်တန်းပေးပြီးသွားပြီဖြစ်ပြီး အခုတစ်ခါ အလှည့်ကျတဲ့ ဒေသကတော့ မန္တလာမြေ ဖြစ်ပါတယ်။

ဒါကြောင့် မန္တလေးက ကျောင်းသား/သူတွေ၊ လူငယ်တွေ၊ ဆရာ/မတွေ၊ မိဘတွေ ဘယ်သူမဆို AI ကို အခြေခံကစ နားလည်သဘောပေါက်ပြီး အသုံးချတတ်ချင်တယ်ဆိုရင် MYEO Messenger မှာ learning ai mdy လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

သင်တန်းနေ့ရက်နဲ့ အချိန်

MYEO AI Bus (Mandaly) Online Training ကို လာမယ့် ဇန်နဝါရီ (၂၆) မှ (၃၀) အထိ (၅) ရက်ကြာ သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းအချိန်ကတော့ ည (၆) နာရီကနေ (၈) နာရီအထိ သတ်မှတ်ထားပါတယ်။

  • Jan 26 - Orientation & Hour of Code
  • Jan 27 - Training Day 1
  • Jan 28 - Training Day 2
  • Jan 29 - Training Day 3
  • Jan 30 - Training Day 4

သင်တန်းမှာ သင်ကြားပေးမယ့် အကြောင်းအရာများ

  • Introduction to AI
  • The Variety of AI
  • Fundamentals of Generative AI
  • AI Ethics & Responsible AI Use 

သင်တန်းပြီးရင် ဘာတွေ နားလည်သွားမလဲ?

  • AI အလုပ်လုပ်ပုံ၊ စွမ်းဆောင်ရေးတွေနဲ့ ကန့်သတ်ချက်တွေကို နားလည်ခြင်း
  • AI ဆီက အကောင်းဆုံးရလဒ်တွေ ရရှိစေမယ့် Promot တွေ ရေးတတ်သွားခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ AI Tools တွေကို လိုသလို အသုံးပြုနိုင်ခြင်း 
  • အချက်အလက်အမှားနဲ့ အတုအယောင်တွေကို ခွဲခြားသုံးသပ်နိုင်ခြင်း
  • AI ရဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းချက်တွေကို သိရှိပြီး အန္တရာယ်ကင်းကင်း အသုံပြုနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒီသင်တန်းကို ဘာကြောင့် တက်ရောက်သင့်လဲ?

  • သင်တန်းကုန်ကျစရိတ် အခမဲ့ဖြစ်ခြင်း
  • နိုင်ငံတကာအသိအမှတ်ပြု သင်တန်းအောင်လက်မှတ် ရရှိခြင်း
  • AI ကို အသုံးချပြီး လုပ်နိုင်စွမ်းတွေ မြင့်တက်လာခြင်း
  • AI ကို Ethic ရှိရှိ Privacy မထိခိုက်ဘဲ အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အသေးစိတ်ကို စုံစမ်းရန် - MYEO Facebook Page

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 3844 times