MYEO ကနေ မြန်မာနိုင်ငံက ဒေသအသီးသီးအတွက် AI ရဲ့ အခြေခံသဘောတရားတွေကို Training ပေးသွားမယ့် AI Bus Program ကို စီစဉ်ပေးထားပါတယ်။
AI Bus Porgram ဆိုတာ ASEAN Foundation နဲ့ Google.org တို့ ပူးပေါင်း လုပ်ဆောင်ထားတဲ့ AI Ready ASEAN Training ကို MYEO က အခမဲ့ သင်တန်းပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။
AI Bus ဆိုတဲ့အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ ရောက်အောင်လည်း ဒေသမျိုးစုံမှာ လုပ်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရန်ကုန်၊ မန္တလေး၊ ကရင်၊ မွန်ပြည်နယ်က လူတွေအတွက် သင်တန်းပေးပြီးသွားပြီဖြစ်ပြီး အခုတစ်ခါ အလှည့်ကျတာကတော့ ရှမ်းပြည်နယ်ဖြစ်ပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်က ကျောင်းသား/သူတွေ၊ လူငယ်တွေ၊ ဆရာ/မတွေ၊ မိဘတွေ ဘယ်သူမဆို AI ကို အခြေခံကစ နားလည်သဘောပေါက်ပြီး အသုံးချတတ်ချင်တယ်ဆိုရင် MYEO Messenger မှာ "ai bus shan" လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
သင်တန်းနေ့ရက်နဲ့ အချိန်
Training ကို လာမယ့် မတ်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ (၆) ရက်ကြာ အခမဲ့ သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းအချိန်ကတော့ ည (၆) နာရီကနေ (၈) နာရီအထိ ရုံးချိန်လွတ် သတ်မှတ်ထားပါတယ်။
သင်တန်းမှာ သင်ကြားပေးမယ့် အကြောင်းအရာများ
သင်တန်းပြီးရင် ဘာတွေ နားလည်သွားမလဲ?
ဒီသင်တန်းကို ဘာကြောင့် တက်ရောက်သင့်လဲ?
အသေးစိတ်ကို စုံစမ်းရန် - MYEO Facebook Page
====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။