Sales Hotline : 09448001653       Download App



The Big Bad Wolf ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော်ကြီးကို တတိယ အကြိမ်မြောက်ကျင်းပမည်

**Unicode**

ယခုနှစ်အစောပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပခဲ့သည့် The Big Bad Wolf စာအုပ်ရောင်းပွဲ၏ အောင်မြင်မှု အကျိုးဆက်အနေဖြင့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲသည် (၂၀၂၀) ဇန်နဝါရီလတွင် ရန်ကုန်သို့ တစ်ဖန် ရောက်ရှိလာမည် ဖြစ်သည်။
 

ရန်ကုန်၊ မြန်မာ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ – The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် (၂၀၂၀) အား သာကေတ မြို့နယ် Fortune Plaza ရှိ Myanmar Expo Hall တွင် ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၂၀) ရက်နေ့ထိ (၁၁) ရက်တိုင်တိုင် မနက် (၉) နာရီမှ ည (၁၂) နာရီအချိန်ထိ ကျင်းပသွားမည် ဖြစ်သည်။  မြန်မာနိုင်ငံရှိ စာအုပ်ချစ်သူများသည် အသစ်စက်စက် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း (၁) သန်း ကျော်အား မူရင်းဈေး၏ (၅၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်နိုင်သည်။
 

The Big Bad Wolf Books ၏ တွဲဖက် တည်ထောင်သူ Jacqueline Ng မှ “ကျွန်မတို့ မြန်မာနိုင်ငံကို ဒုတိယနှစ် ခြေလှမ်းအဖြစ် ပြန်လာရတာ မြန်မာနိုင်ငံက လူတွေကို စာဖတ်ခြင်းရဲ့ အနှစ်သာရတွေကို ပြန်လည်ဝေမျှခွင့်ရတဲ့အပြင် ဈေးသက်သာတဲ့ အင်္ဂလိပ်စာအုပ်တွေကို လူတိုင်း ပိုပြီး လက်လှမ်းမီနိုင်အောင် လုပ်ပေးခွင့်ရမှာ ဖြစ်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ စာပေနဲ့ အခြားဗဟုသုတတွေအပေါ် စိတ်ဝင်စားမှုကလည်း အရမ်းအံ့အားသင့်စရာ ကောင်းပြီး The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀ ကလည်း အဲ့ဒီစိတ်ဝင်စားမှုတွေကို ကူညီထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ရောင်းပွဲ ကနေတဆင့် ကျွန်မတို့ စာအုပ်တွေကို လူတိုင်း လက်လှမ်းမီနိုင်အောင်၊ များများဖတ်နိုင်အောင် ပြုလုပ်ပေးပြီး ရရှိလာတဲ့ ဗဟုသုတတွေနဲ့ အတူ သူတို့တွေရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လှုံဆော်ပေးကာ စွမ်းရည် မြှင့်တင်ပေးဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောသည်။

 

အဆိုပါ စာအုပ်ရောင်းပွဲတွင် စာအုပ်ချစ်သူများအနေဖြင့် အရောင်းရဆုံး စာအုပ်များ၊ ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ် ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာ နှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်များအပြင် အခြားစာအုပ်အမျိုးအစားပေါင်းများစွာ ဝယ်ယူနိုင်မည် ဖြစ်သည်။ ကလေးများ အတွက်လည်း The Big Bad Wolf ၂၀၂၀ စာအုပ်ရောင်းပွဲတွင် ပုံပြင်စာအုပ်များ၊  ဉာဏ်စမ်း စာအုပ်များ၊ စာအုပ်ထူများ၊ ဆေးရောင်ခြယ် စာအုပ်များ နှင့် ရုပ်ပြစာအုပ်များအပြင် အပြန်အလှန် လေ့ကျင့်သင်ကြားပေးသည့်စာအုပ်များ စသည်ဖြင့် အမျိုးအစား စုံလင်စွာ ရရှိနိုင်မည် ဖြစ်သည်။

 

“ဒီနှစ်အစောပိုင်းတုန်းက ကျွန်မတို့ Magical Books တွေကို ပထမဆုံး အကြိမ် အဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီ စာအုပ်လေးတွေက ကလေးငယ်တွေကို စာဖတ်ဖို့ တွန်းအားပေးတဲ့ ကိရိယာ တစ်ခုဖြစ်တာမို့ မိဘတွေ အနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ဝယ်ပေးဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ (၂၀၂၀) မှာလည်း မိဘတွေ အတွက် Magical Books ခေါ်  Augmented Reality (AR) သုံးဘက်မြင်ရုပ်လုံးကြွနည်းပညာ နဲ့ဖတ်ရှုရတဲ့ စာအုပ် အမျိုးအစား အစုံအလင်ကို စာအုပ်ရောင်းပွဲမှာ ရောင်းချသွားမှာပါ။ နောက်မျိုးဆက်သစ်တွေအတွက် စာဖတ်တဲ့ပုံစံကို ပြောင်းလဲပေးတဲ့ ခေတ်မီ AR နည်းပညာတွေကို သုံးထားလို့ ကလေးတွေ ဒီ Magical Books တွေကနေတဆင့် စာဖတ်တာ၊ ကစားတာနဲ့ လေ့လာသင်ယူတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ Magical Books တွေမှာဆို ဇာတ်ကောင်တွေက စကားတွေပြော၊ ကခုန် သီချင်းဆိုပြီး အသက်ဝင်လာတာမို့လို့ ကလေးတွေ စာဖတ်ဖို့၊ လေ့လာသင်ယူဖို့ စိတ်လှုပ်ရှား စရာဖြစ်နေမှာပါ။ Disney က ခေါင်းစဉ်သစ် (၄) ခု အပါအဝင် စာအုပ် အသစ် (၉) အုပ်ကိုလည်း ပထမဆုံး အကြိမ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ The Big Bad Wolf စာအုပ်ရောင်းပွဲမှာ ခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်။ Little Giraffe’s Big Idea၊ Cinderella နှင့် Little Bear's Big Adventure တို့လို puzzle set အသစ် (၂) ခုကိုလည်း The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် (၂၀၂၀) မှာ ရောင်းချပေးသွားမှာပါ။ ကလေးတွေ အကြိုက်ဆုံး Disney စာအုပ်တွေ ဖြစ်တဲ့ Disney Frozen: A Sleepover Part ၊ Disney Winnie The Pooh: Fun With First Words နဲ့ ပညာရေးစာအုပ် (၂) ခု ဖြစ်တဲ့ ABC Fun With Mickey နှင့် 123 Fun with Mickey တို့လို စာအုပ်တွေ မြင်ရင် ကလေးတွေ ပျော်ရွင်ခုန်ပေါက် နေမှာသေချာပါတယ်” ဟု Jacqueline မှ ပြောသည်။


 

The Big Bad Wolf စာအုပ်ရောင်းပွဲ၏ VIP နေ့တွင် ပထမဦးဆုံး အတွေ့အကြုံခံစားရသူ တစ်ဦး ဖြစ်နိုင်ရန် The Big Bad Wolf မြန်မာ၏ လူမှုကွန်ယက် စာမျက်နှာများမှတဆင့် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်၍ VIP လက်မှတ်များအား ရယူနိုင်ပါသည်။  စာအုပ်ရောင်းပွဲ၏ VIP နေ့သည် အများပြည်သူသို့ တရားဝင် ဖွင့်လှစ်ခြင်း မပြုမီ တရက် အလို ဇန်နဝါရီလ (၉) ရက်နေ့တွင် ကျင်းပမှာ ဖြစ်ပြီး VIP လက်မှတ် ကိုင်ဆောင်ထားသူများအား ဝင်ရောက်ခွင့်ပေးသွားမည် ဖြစ်သည်။ VIP လက်မှတ် ကိုင်ထားသူများသည် သူတို့၏ အကြိုက်ဆုံး စာအုပ်များအား ပထမဦးဆုံး စိတ်ကြိုက် ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။

Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဖြစ်သူ၊ The Big Bad Wolf စာအုပ်ရောင်းပွဲ ရန်ကုန် ၂၀၂၀ ၏ ပွဲစီစဉ်သူလည်း ဖြစ်သူ ဦးမျိုးအောင်မှ “ဒီနှစ်အစောပိုင်း ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပခဲ့တဲ့ စာအုပ်ရောင်းပွဲတွေမှာ အရမ်းအားပေးခဲ့ကြလို့ အခုလို ရန်ကုန်မှာ ဒုတိယ အကြိမ်အဖြစ် ကျင်းပဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။ ၂၀၁၉ ခုနှစ်က ရန်ကုန်နဲ့ မန္တလေးမှာ စုစုပေါင်း လာရောက်ဝယ်ယူသူ (၂၅၀,၀၀၀) ကျော်လောက်ရှိတယ်။ မြန်မာနိုင်ငံက စာဖတ်ပရိတ်သတ်တွေအတွက် စာအုပ်ရောင်းပွဲကို ၂၀၂၀ မှာ ပြန်လည် ကျင်းပခွင့်ရတာ ဝမ်းသာသလို လာရောက်ဝယ်ယူသူ ပိုများလိမ့်မယ်လို့ထင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေ စာဖတ်ချင်စိတ် ပိုမိုတိုးပွားလာစေဖို့နဲ့ မြန်မာနိုင်ငံမှာ စာဖတ်တဲ့ဓလေ့ ကို ဆက်လက် ဖွံဖြိုးတိုးတက် လာစေဖို့လည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” ဟု ပြောသည်။

 

 

The Big Bad Wolf စာအုပ်ရောင်းပွဲကို (၂၀၀၉) ခုနှစ်တွင် မလေးရှားနိုင်ငံတွင် စတင်ခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ယူအေအီး နှင့် မြန်မာနိုင်ငံတို့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။ (၂၀၁၉) ခုနှစ်တွင် မြို့ပေါင်း (၃၂) မြို့နှင့် နိုင်ငံ ၁၀ နိုင်ငံတို့တွင် စာအုပ်ရောင်းပွဲ ကျင်းပခဲ့သည်။ ရန်ကုန်မြို့၏ The Big Bad Wolf စာအုပ်ရောင်းပွဲသည် “စာအုပ်တစ်အုပ်ချင်းစီနဲ့ ကမ္ဘာကြီးကို ပြောင်းလဲကြမယ်” ဆိုသော ရည်မှန်းချက်ကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

 

 

The Big Bad Wolf Books သည် ၎င်း၏ လူမှုအကျိုးပြု အစီအစဉ်များထဲမှ Red Readerhood ဆိုသည့် လှူဒါန်းမှုမှတဆင့် လူမှုအဖွဲ့အစည်းများသို့ ပြန်လည် ထောက်ပံ့ပေးလျှက်ရှိသည်။ ယခုရန်ကုန်တွင်ကျင်းပမည့် The Big Bad Wolf စာအုပ်ရောင်းပွဲသည်လည်း Save the Library အဖွဲ့အစည်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အများပြည်သူနှင့် ကျောင်းစာကြည့်တိုက်များ အတွက် လှူဒါန်းသွားမည် ဖြစ်သည်။ Save the Library သည် ရန်ပုံငွေများ စုဆောင်းပြီး စာအုပ်အသစ်များ ဝယ်ယူထိန်းသိမ်း၍ အများပြည်သူ နှင့် ကျောင်းသား/သူများအား စာကြည့်တိုက်များတွင် ဖတ်ရှုနိူင်ရန် အကူအညီပေးနေသော  အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ (၂၀၁၉) ခုနှစ်တွင် ရန်ကုန်နဲ့ မန္တလေး စာအုပ်ရောင်းပွဲမှ စာအုပ်ပေါင်း (၆,၅၁၂) အုပ် ရရှိခဲ့ပြီး အများပြည်သူ နှင့် ကျောင်းသား/သူများအတွက် အင်္ဂလိပ်စာအုပ်များဖတ်ရှုနိုင်ရန် စာကြည့်တိုက်များတွင် ထောက်ပံ့ပေးခဲ့သည်။ ယခု နှစ်တွင် The Big Bad Wolf မှ စာအုပ်ပေါင်း (၅၀၀) လှူဒါန်းသွားမည်ဖြစ်ပြီး လာရောက် ဝယ်ယူကြမည့်သူများကိုလည်း ကြိုက်နှစ်သက်ရာ စာအုပ်များကို ဝယ်ယူ၍ ငွေရှင်းကောင်တာ နောက်တွင် ရှိသည့် Red Readerhood ‌ကောင်တာတွင် လှူဒါန်းပေးရန် တိုက်တွန်းပါသည်။

 

 

 

မြန်မာနိုင်ငံမှ စာအုပ်ချစ်သူများ အနေဖြင့် The Big Bad Wolf စာအုပ်ရောင်းပွဲနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းများ၊ ပြိုင်ပွဲများ၊ giveaways များနှင့် အခြား စိတ်ဝင်စားစရာများအား အောက်ပါ တရားဝင် လူမှုကွန်ယက် စာမျက်နှာများမှ တဆင့် သိရှိနိုင်ပါသည်။
 
**Facebook: bbwbooksmm

**Instagram: bigbadwolfbooks_mm

**The Big Bad Wolf စာအုပ်ရောင်းပွဲအကြောင်း**

ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲ အဖြစ် လူသိများသော The Big Bad Wolf စာအုပ်ရောင်းပွဲသည် စာအုပ်အမျိုးအစား အစုံအလင်ကို အနိမ့်ဆုံး ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် အလေးထားဆောင်ရွက်ပြီး စာအုပ် အသစ်များအား မူရင်းဈေး၏ (၅၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချပေးလျှက်ရှိသည်။ စာအုပ်ရောင်းပွဲ၏ အဓိက ရည်ရွယ်ချက်မှာ လူတိုင်း အသက်အရွယ်မရွေး စာအုပ်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် စာများများ ဖတ်နိုင်ရန် တွန်းအားပေးရန် ဖြစ်သည်။

စာအုပ်ရောင်းပွဲတွင် အရောင်းကောင်းဆုံး ဖြစ်ရပ်မှန် နှင့် စိတ်ကူးယှဉ် ဝတ္ထုများ၊ လူငယ်အကြိုက် ဝတ္ထုများ နှင့် ကလေး စာအုပ်များ အပါအဝင် စာအုပ်အမျိုးအစား အစုံအလင်ကို ရောင်းချလျှက်ရှိသည်။

ဤစာအုပ်ရောင်းပွဲကို BookXcess ၏ တွဲဖက်တည်ထောင်သူ Andrew Yap နှင့် Jacqueline Ng တို့မှ မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ စာအုပ်ရောင်းပွဲသည် မလေးရှားနိုင်ငံ၏ မြို့ကြီးများအပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာ နှင့် ယူအေအီး နိုင်ငံတို့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ စာဖတ်ပရိတ်သတ်များ ဈေးနှုန်းချိုသာစွာ စာဖတ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

 

**Zawgyi**

ယခုႏွစ္အေစာပိုင္းတြင္ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕၌ က်င္းပခဲ့သည့္ The Big Bad Wolf စာအုပ္ေရာင္းပြဲ၏ ေအာင္ျမင္မႈ အက်ိဳးဆက္အေနျဖင့္ ကမာၻ႔အႀကီးဆုံး စာအုပ္ေရာင္းပြဲသည္ (၂၀၂၀) ဇန္နဝါရီလတြင္ ရန္ကုန္သို႔ တစ္ဖန္ ေရာက္ရွိလာမည္ ျဖစ္သည္။
 

ရန္ကုန္၊ ျမန္မာ (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာလ (၁၇) ရက္ေန႔ – The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ (၂၀၂၀) အား သာေကတ ၿမိဳ႕နယ္ Fortune Plaza ရွိ Myanmar Expo Hall တြင္ ဇန္နဝါရီလ (၁၀) ရက္ေန႔မွ (၂၀) ရက္ေန႔ထိ (၁၁) ရက္တိုင္တိုင္ မနက္ (၉) နာရီမွ ည (၁၂) နာရီအခ်ိန္ထိ က်င္းပသြားမည္ ျဖစ္သည္။  ျမန္မာႏိုင္ငံရွိ စာအုပ္ခ်စ္သူမ်ားသည္ အသစ္စက္စက္ အဂၤလိပ္ဘာသာစာအုပ္ေပါင္း (၁) သန္း ေက်ာ္အား မူရင္းေဈး၏ (၅၀) ရာခိုင္ႏႈန္းမွ (၉၀) ရာခိုင္ႏႈန္းအထိ အထူးေလွ်ာ့ေဈးျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး မည္သူမဆို အခမဲ့ဝင္ေရာက္ႏိုင္သည္။
 

The Big Bad Wolf Books ၏ တြဲဖက္ တည္ေထာင္သူ Jacqueline Ng မွ “ကြၽန္မတို႔ ျမန္မာႏိုင္ငံကို ဒုတိယႏွစ္ ေျခလွမ္းအျဖစ္ ျပန္လာရတာ ျမန္မာႏိုင္ငံက လူေတြကို စာဖတ္ျခင္းရဲ႕ အႏွစ္သာရေတြကို ျပန္လည္ေဝမွ်ခြင့္ရတဲ့အျပင္ ေဈးသက္သာတဲ့ အဂၤလိပ္စာအုပ္ေတြကို လူတိုင္း ပိုၿပီး လက္လွမ္းမီႏိုင္ေအာင္ လုပ္ေပးခြင့္ရမွာ ျဖစ္တဲ့အတြက္ အရမ္းဝမ္းသာမိပါတယ္။ ျမန္မာႏိုင္ငံသားေတြရဲ႕ စာေပနဲ႔ အျခားဗဟုသုတေတြအေပၚ စိတ္ဝင္စားမႈကလည္း အရမ္းအံ့အားသင့္စရာ ေကာင္းၿပီး The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ ၂၀၂၀ ကလည္း အဲ့ဒီစိတ္ဝင္စားမႈေတြကို ကူညီေထာက္ပံ့ေပးဖို႔ပဲ ျဖစ္ပါတယ္။ ဒီစာအုပ္ေရာင္းပြဲ ကေနတဆင့္ ကြၽန္မတို႔ စာအုပ္ေတြကို လူတိုင္း လက္လွမ္းမီႏိုင္ေအာင္၊ မ်ားမ်ားဖတ္ႏိုင္ေအာင္ ျပဳလုပ္ေပးၿပီး ရရွိလာတဲ့ ဗဟုသုတေတြနဲ႔ အတူ သူတို႔ေတြရဲ႕ အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ လႈံေဆာ္ေပးကာ စြမ္းရည္ ျမႇင့္တင္ေပးဖို႔ ေမွ်ာ္လင့္ထားပါတယ္” ဟု ေျပာသည္။

အဆိုပါ စာအုပ္ေရာင္းပြဲတြင္ စာအုပ္ခ်စ္သူမ်ားအေနျဖင့္ အေရာင္းရဆုံး စာအုပ္မ်ား၊ ဂႏၳဝင္ဝတၳဳမ်ား၊ သိပၸံစိတ္ကူးယဥ္ဝတၳဳမ်ား၊ အခ်စ္ ဝတၳဳမ်ား၊ သုတစာေပမ်ား၊ သ႐ုပ္ျပစာအုပ္မ်ား၊ စီးပြားေရး၊ တက္က်မ္း၊ ဗိသုကာ ႏွင့္ ဟင္းခ်က္နည္းဆိုင္ရာ စာအုပ္မ်ားအျပင္ အျခားစာအုပ္အမ်ိဳးအစားေပါင္းမ်ားစြာ ဝယ္ယူႏိုင္မည္ ျဖစ္သည္။ ကေလးမ်ား အတြက္လည္း The Big Bad Wolf ၂၀၂၀ စာအုပ္ေရာင္းပြဲတြင္ ပုံျပင္စာအုပ္မ်ား၊  ဉာဏ္စမ္း စာအုပ္မ်ား၊ စာအုပ္ထူမ်ား၊ ေဆးေရာင္ျခယ္ စာအုပ္မ်ား ႏွင့္ ႐ုပ္ျပစာအုပ္မ်ားအျပင္ အျပန္အလွန္ ေလ့က်င့္သင္ၾကားေပးသည့္စာအုပ္မ်ား စသည္ျဖင့္ အမ်ိဳးအစား စုံလင္စြာ ရရွိႏိုင္မည္ ျဖစ္သည္။
 

“ဒီႏွစ္အေစာပိုင္းတုန္းက ကြၽန္မတို႔ Magical Books ေတြကို ပထမဆုံး အႀကိမ္ အျဖစ္ မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီ စာအုပ္ေလးေတြက ကေလးငယ္ေတြကို စာဖတ္ဖို႔ တြန္းအားေပးတဲ့ ကိရိယာ တစ္ခုျဖစ္တာမို႔ မိဘေတြ အေနနဲ႔ သူတို႔ရဲ႕ ကေလးငယ္ေတြအတြက္ ဝယ္ေပးဖို႔ စိတ္အားထက္သန္ခဲ့ၾကပါတယ္။ (၂၀၂၀) မွာလည္း မိဘေတြ အတြက္ Magical Books ေခၚ  Augmented Reality (AR) သုံးဘက္ျမင္႐ုပ္လုံးႂကြနည္းပညာ နဲ႔ဖတ္ရႈရတဲ့ စာအုပ္ အမ်ိဳးအစား အစုံအလင္ကို စာအုပ္ေရာင္းပြဲမွာ ေရာင္းခ်သြားမွာပါ။ ေနာက္မ်ိဳးဆက္သစ္ေတြအတြက္ စာဖတ္တဲ့ပုံစံကို ေျပာင္းလဲေပးတဲ့ ေခတ္မီ AR နည္းပညာေတြကို သုံးထားလို႔ ကေလးေတြ ဒီ Magical Books ေတြကေနတဆင့္ စာဖတ္တာ၊ ကစားတာနဲ႔ ေလ့လာသင္ယူတာေတြကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒီ Magical Books ေတြမွာဆို ဇာတ္ေကာင္ေတြက စကားေတြေျပာ၊ ကခုန္ သီခ်င္းဆိုၿပီး အသက္ဝင္လာတာမို႔လို႔ ကေလးေတြ စာဖတ္ဖို႔၊ ေလ့လာသင္ယူဖို႔ စိတ္လႈပ္ရွား စရာျဖစ္ေနမွာပါ။ Disney က ေခါင္းစဥ္သစ္ (၄) ခု အပါအဝင္ စာအုပ္ အသစ္ (၉) အုပ္ကိုလည္း ပထမဆုံး အႀကိမ္အေနနဲ႔ အျပည္ျပည္ဆိုင္ရာ The Big Bad Wolf စာအုပ္ေရာင္းပြဲမွာ ခင္းက်င္း ျပသသြားမွာ ျဖစ္ပါတယ္။ Little Giraffe’s Big Idea၊ Cinderella ႏွင့္ Little Bear's Big Adventure တို႔လို puzzle set အသစ္ (၂) ခုကိုလည္း The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ (၂၀၂၀) မွာ ေရာင္းခ်ေပးသြားမွာပါ။ ကေလးေတြ အႀကိဳက္ဆုံး Disney စာအုပ္ေတြ ျဖစ္တဲ့ Disney Frozen: A Sleepover Part ၊ Disney Winnie The Pooh: Fun With First Words နဲ႔ ပညာေရးစာအုပ္ (၂) ခု ျဖစ္တဲ့ ABC Fun With Mickey ႏွင့္ 123 Fun with Mickey တို႔လို စာအုပ္ေတြ ျမင္ရင္ ကေလးေတြ ေပ်ာ္႐ြင္ခုန္ေပါက္ ေနမွာေသခ်ာပါတယ္” ဟု Jacqueline မွ ေျပာသည္။
 

The Big Bad Wolf စာအုပ္ေရာင္းပြဲ၏ VIP ေန႔တြင္ ပထမဦးဆုံး အေတြ႕အႀကဳံခံစားရသူ တစ္ဦး ျဖစ္ႏိုင္ရန္ The Big Bad Wolf ျမန္မာ၏ လူမႈကြန္ယက္ စာမ်က္ႏွာမ်ားမွတဆင့္ ၿပိဳင္ပြဲမ်ား ဝင္ေရာက္ ယွဥ္ၿပိဳင္၍ VIP လက္မွတ္မ်ားအား ရယူႏိုင္ပါသည္။  စာအုပ္ေရာင္းပြဲ၏ VIP ေန႔သည္ အမ်ားျပည္သူသို႔ တရားဝင္ ဖြင့္လွစ္ျခင္း မျပဳမီ တရက္ အလို ဇန္နဝါရီလ (၉) ရက္ေန႔တြင္ က်င္းပမွာ ျဖစ္ၿပီး VIP လက္မွတ္ ကိုင္ေဆာင္ထားသူမ်ားအား ဝင္ေရာက္ခြင့္ေပးသြားမည္ ျဖစ္သည္။ VIP လက္မွတ္ ကိုင္ထားသူမ်ားသည္ သူတို႔၏ အႀကိဳက္ဆုံး စာအုပ္မ်ားအား ပထမဦးဆုံး စိတ္ႀကိဳက္ ဝယ္ယူခြင့္ ရရွိမည္ ျဖစ္သည္။

Ready 2 Read ျမန္မာ၏ ဒါ႐ိုက္တာ ျဖစ္သူ၊ The Big Bad Wolf စာအုပ္ေရာင္းပြဲ ရန္ကုန္ ၂၀၂၀ ၏ ပြဲစီစဥ္သူလည္း ျဖစ္သူ ဦးမ်ိဳးေအာင္မွ “ဒီႏွစ္အေစာပိုင္း ရန္ကုန္နဲ႔ မႏၲေလးမွာ က်င္းပခဲ့တဲ့ စာအုပ္ေရာင္းပြဲေတြမွာ အရမ္းအားေပးခဲ့ၾကလို႔ အခုလို ရန္ကုန္မွာ ဒုတိယ အႀကိမ္အျဖစ္ က်င္းပဖို႔ ဆုံးျဖတ္ျဖစ္သြားတာပါ။ ၂၀၁၉ ခုႏွစ္က ရန္ကုန္နဲ႔ မႏၲေလးမွာ စုစုေပါင္း လာေရာက္ဝယ္ယူသူ (၂၅၀,၀၀၀) ေက်ာ္ေလာက္ရွိတယ္။ ျမန္မာႏိုင္ငံက စာဖတ္ပရိတ္သတ္ေတြအတြက္ စာအုပ္ေရာင္းပြဲကို ၂၀၂၀ မွာ ျပန္လည္ က်င္းပခြင့္ရတာ ဝမ္းသာသလို လာေရာက္ဝယ္ယူသူ ပိုမ်ားလိမ့္မယ္လို႔ထင္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံသားေတြ စာဖတ္ခ်င္စိတ္ ပိုမိုတိုးပြားလာေစဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ စာဖတ္တဲ့ဓေလ့ ကို ဆက္လက္ ဖြံၿဖိဳးတိုးတက္ လာေစဖို႔လည္း ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္။” ဟု ေျပာသည္။

The Big Bad Wolf စာအုပ္ေရာင္းပြဲကို (၂၀၀၉) ခုႏွစ္တြင္ မေလးရွားႏိုင္ငံတြင္ စတင္ခဲ့ၿပီး အင္ဒိုနီးရွား၊ ထိုင္း၊ ေတာင္ကိုရီးယား၊ ပါကစၥတန္၊ ဖိလစ္ပိုင္၊ သီရိလကၤာ၊ ထိုင္ဝမ္၊ ယူေအအီး ႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ က်င္းပခဲ့ၿပီး ျဖစ္သည္။ (၂၀၁၉) ခုႏွစ္တြင္ ၿမိဳ႕ေပါင္း (၃၂) ၿမိဳ႕ႏွင့္ ႏိုင္ငံ ၁၀ ႏိုင္ငံတို႔တြင္ စာအုပ္ေရာင္းပြဲ က်င္းပခဲ့သည္။ ရန္ကုန္ၿမိဳ႕၏ The Big Bad Wolf စာအုပ္ေရာင္းပြဲသည္ “စာအုပ္တစ္အုပ္ခ်င္းစီနဲ႔ ကမာၻႀကီးကို ေျပာင္းလဲၾကမယ္” ဆိုေသာ ရည္မွန္းခ်က္ကို ဆက္လက္ထမ္းေဆာင္သြားမည္ျဖစ္သည္။

The Big Bad Wolf Books သည္ ၎၏ လူမႈအက်ိဳးျပဳ အစီအစဥ္မ်ားထဲမွ Red Readerhood ဆိုသည့္ လႉဒါန္းမႈမွတဆင့္ လူမႈအဖြဲ႕အစည္းမ်ားသို႔ ျပန္လည္ ေထာက္ပံ့ေပးလွ်က္ရွိသည္။ ယခုရန္ကုန္တြင္က်င္းပမည့္ The Big Bad Wolf စာအုပ္ေရာင္းပြဲသည္လည္း Save the Library အဖြဲ႕အစည္းႏွင့္ ဆက္လက္ ပူးေပါင္း ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး အမ်ားျပည္သူႏွင့္ ေက်ာင္းစာၾကည့္တိုက္မ်ား အတြက္ လႉဒါန္းသြားမည္ ျဖစ္သည္။ Save the Library သည္ ရန္ပုံေငြမ်ား စုေဆာင္းၿပီး စာအုပ္အသစ္မ်ား ဝယ္ယူထိန္းသိမ္း၍ အမ်ားျပည္သူ ႏွင့္ ေက်ာင္းသား/သူမ်ားအား စာၾကည့္တိုက္မ်ားတြင္ ဖတ္ရႈႏိူင္ရန္ အကူအညီေပးေနေသာ  အဖြဲ႕အစည္း တစ္ခု ျဖစ္သည္။ (၂၀၁၉) ခုႏွစ္တြင္ ရန္ကုန္နဲ႔ မႏၲေလး စာအုပ္ေရာင္းပြဲမွ စာအုပ္ေပါင္း (၆,၅၁၂) အုပ္ ရရွိခဲ့ၿပီး အမ်ားျပည္သူ ႏွင့္ ေက်ာင္းသား/သူမ်ားအတြက္ အဂၤလိပ္စာအုပ္မ်ားဖတ္ရႈႏိုင္ရန္ စာၾကည့္တိုက္မ်ားတြင္ ေထာက္ပံ့ေပးခဲ့သည္။ ယခု ႏွစ္တြင္ The Big Bad Wolf မွ စာအုပ္ေပါင္း (၅၀၀) လႉဒါန္းသြားမည္ျဖစ္ၿပီး လာေရာက္ ဝယ္ယူၾကမည့္သူမ်ားကိုလည္း ႀကိဳက္ႏွစ္သက္ရာ စာအုပ္မ်ားကို ဝယ္ယူ၍ ေငြရွင္းေကာင္တာ ေနာက္တြင္ ရွိသည့္ Red Readerhood ‌ေကာင္တာတြင္ လႉဒါန္းေပးရန္ တိုက္တြန္းပါသည္။

ျမန္မာႏိုင္ငံမွ စာအုပ္ခ်စ္သူမ်ား အေနျဖင့္ The Big Bad Wolf စာအုပ္ေရာင္းပြဲႏွင့္ ပတ္သက္သည့္ ေနာက္ဆုံးသတင္းမ်ား၊ ၿပိဳင္ပြဲမ်ား၊ giveaways မ်ားႏွင့္ အျခား စိတ္ဝင္စားစရာမ်ားအား ေအာက္ပါ တရားဝင္ လူမႈကြန္ယက္ စာမ်က္ႏွာမ်ားမွ တဆင့္ သိရွိႏိုင္ပါသည္။
 
**Facebook: bbwbooksmm

**Instagram: bigbadwolfbooks_mm

**The Big Bad Wolf စာအုပ္ေရာင္းပြဲအေၾကာင္း**

ကမာၻ႔အႀကီးဆုံး စာအုပ္ေရာင္းပြဲ အျဖစ္ လူသိမ်ားေသာ The Big Bad Wolf စာအုပ္ေရာင္းပြဲသည္ စာအုပ္အမ်ိဳးအစား အစုံအလင္ကို အနိမ့္ဆုံး ေဈးႏႈန္းျဖင့္ ဝယ္ယူႏိုင္ရန္ အေလးထားေဆာင္႐ြက္ၿပီး စာအုပ္ အသစ္မ်ားအား မူရင္းေဈး၏ (၅၀) ရာခိုင္ႏႈန္းမွ (၉၀) ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေဈးျဖင့္ ေရာင္းခ်ေပးလွ်က္ရွိသည္။ စာအုပ္ေရာင္းပြဲ၏ အဓိက ရည္႐ြယ္ခ်က္မွာ လူတိုင္း အသက္အ႐ြယ္မေ႐ြး စာအုပ္မ်ားအား ေဈးႏႈန္းခ်ိဳသာစြာျဖင့္ ဝယ္ယူႏိုင္ရန္ႏွင့္ စာမ်ားမ်ား ဖတ္ႏိုင္ရန္ တြန္းအားေပးရန္ ျဖစ္သည္။

စာအုပ္ေရာင္းပြဲတြင္ အေရာင္းေကာင္းဆုံး ျဖစ္ရပ္မွန္ ႏွင့္ စိတ္ကူးယွဥ္ ဝတၳဳမ်ား၊ လူငယ္အႀကိဳက္ ဝတၳဳမ်ား ႏွင့္ ကေလး စာအုပ္မ်ား အပါအဝင္ စာအုပ္အမ်ိဳးအစား အစုံအလင္ကို ေရာင္းခ်လွ်က္ရွိသည္။

ဤစာအုပ္ေရာင္းပြဲကို BookXcess ၏ တြဲဖက္တည္ေထာင္သူ Andrew Yap ႏွင့္ Jacqueline Ng တို႔မွ မေလးရွားႏိုင္ငံတြင္ ၂၀၀၉ ခုႏွစ္က စတင္တည္ေထာင္ခဲ့သည္။ စာအုပ္ေရာင္းပြဲသည္ မေလးရွားႏိုင္ငံ၏ ၿမိဳ႕ႀကီးမ်ားအပါအဝင္ ထိုင္း၊ အင္ဒိုနီးရွား၊ သီရိလကၤာ၊ ဖိလစ္ပိုင္၊ ထိုင္ဝမ္၊ ေတာင္ကိုရီးယား၊ ပါကစၥတန္၊ ျမန္မာ ႏွင့္ ယူေအအီး ႏိုင္ငံတို႔တြင္ က်င္းပခဲ့ၿပီး ကမာၻတစ္ဝွမ္းရွိ စာဖတ္ပရိတ္သတ္မ်ား ေဈးႏႈန္းခ်ိဳသာစြာ စာဖတ္ႏိုင္ရန္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္သည္။
 

Latest Post News News Read 1546 times