အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို (၂၀၂၂)ခုနှစ်မှသာ ကျင်းပမည်

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို (၂၀၂၂)ခုနှစ်မှသာ ကျင်းပမည်။

အဆိုပါ အကြိမ် ၂၀ မြောက် အာဆီယံအာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို 2021 ခုနှစ် ဇွန်လ ၁၈ ရက် မှ ၂၇ ရက်အထိ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကမ္ဘာ့ကပ်ရောဂါကူးစက်မှု  အခြေအနေများကြောင့် လာမည့် ၂၀၂၂ ခုနှစ်ဇွန်လ သို့ ‌ပြောင်းရွေ့ခဲ့ကြောင်း အာဆီယံတက္ကသိုလ်များကောင်စီအဖွဲ့ဝင် ဒေါက်တာလှတင် မှ ပြောကြားထားသည်။ 

ထိုင်းနိုင်ငံမှ အားကစား အမျိုးပေါင်း ၃၀ ခန့် ပါဝင်ယှဥ်ပြိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ၁၆ မျိုး ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ရာ ပြေးခုန်ပစ်၊ မျှားပစ်၊ Chess၊ Badminton၊ Golf၊ Football၊ Table Tennis၊ Tennis၊ Volleyball၊ e-Sports၊ ကရာတေး၊ လှေလှော်၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း နှင့် ရေကူး အစရှိသည်တို့ ပါဝင်ကြောင်းသိရပါသည်။ 

Source: MRTV

By Myanmar Education Guide (EDGE)

Latest Post Read 1567 times