(၁၂) ကြိမ်မြောက် နိုင်ငံခြားကျောင်းပေါင်းစုံပညာရေးပြပွဲ ကျင်းပမည်

**Zawgyi**



မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေးပိုမိုထွန်းပေါက်စေဖို့ အင်္ဂလန်၊ အမေရိကန်၊ ဆွဇ်ဇာလန်၊ သြစတြေးလျ၊ ကနေဒါ၊ ဟော်လန်၊ နယူးဇီလန်၊ စပိန်၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၁၈) ကျောင်းမှ ပါဝင်ပြသွားသွားမှာ ဖြစ်ပါတယ်။


Read More:>>>  အဝေးသင်ဝင်ခွင့်များ (၉-၁၂-၂၀၁၉) (တနင်္လာနေ့)တွင်ထွက်မည်ဟုသိရ


Credit: Internet

**Unicode**


ကမ္ဘာ့အဆင့် နိုင်ငံခြား တက္ကသိုလ်ကျောင်းပေါင်းစုံပါဝင်တဲ့ MSI ပညာရေးပြပွဲကို (၁၂) ကြိမ်မြောက်အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပညာရေးပြပွဲကို ဒီဇင်ဘာ ည(၁၄) ရက် နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအထိ ရန်ကုန်မြို့ Sule Shangri-La Hotel (ပဲခူးခန်းမ) မှာလည်းကောင်း၊ ဒီဇင်ဘာ (၁၅) ရက်နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel၊ အမရပူရခန်းမမှာလည်းကောင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေးပိုမိုထွန်းပေါက်စေဖု့ိ အင်္ဂလန်၊ အမေရိကန်၊ ဆွဇ်ဇာလန်၊ သြစတြေးလျ၊ ကနေဒါ၊ ဟော်လန်၊ နယူးဇီလန်၊ စပိန်၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၁၈) ကျောင်းမှ ပါဝင်ပြသွားသွားမှာ ဖြစ်ပါတယ်။

ပညာရေးပြပွဲမှာ ရာနှုန်းပြည့် ပညာသင်ဆုများအကြောင်းနဲ့ တစ်ပတ်လျှင် နာရီ (၂၀) နဲ့ ပိတ်ရက်တွေမှာ တရားဝင်အလုပ်လုပ်ကိုင်နိုင်မယ့်အကြောင်းတွေ၊ ဝင်ငွေလုပ်ခလစာရ Internship (အလုပ်သင်ကာလ) များကိုထားရှိပေးပြီး ဘွဲ့ရပြီးပါက မိတ်ဖက်ကုမ္ပဏီများမှာ ခိုင်မာစွာအလုပ်အကိုင်ရရှိနိုင်မယ့် အကြောင်းတွေ၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတို့မှ တစ်ဆင့် အခြားနိုင်ငံကြီးများသို့ Study Abroad နှင့်Semester Exchange Program တို့ကို ကုန်ကျစရိတ်သက်သာစွာနဲ့ ပညာဆက်လက်သင်ယူနိုင်မယ့်အကြောင်းတွေ၊ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံများရဲ့ ပညာရေးအခွင့်အလမ်းကွာခြားမှုများအကြောင်းတွေအပြင် ဘွဲ့ရပြီးပါက ရရှိမယ့် Postgraduate Work Permit (၃) နှစ်အထိ နေထိုင်ခွင့်လျှောက်ထားနိုင်မယ့် အကြောင်းတွေကို မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Read More:>>>  အဝေးသင်ဝင်ခွင့်များ (၉-၁၂-၂၀၁၉) (တနင်္လာနေ့)တွင်ထွက်မည်ဟုသိရ

ပညာရေးပြပွဲသို့ တက်ရောက်လိုသူများအနေဖြင့် Myanmar Search International ပညာရေးဝန်ဆောင်မှု ရန်ကုန်ရုံးချုပ် ဖုန်းနံပါတ် ၀၉-၅၁၀၃၉၁၅ နှင့် မန္တလေးရုံးခွဲဖုန်း ၀၉-၄၄၄၄၄၃၉၁၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Credit: Internet
 

International Latest Post Read 1145 times