ထိုင်းမှာ ဘွဲ့ကြို/ဘွဲ့လွန် တက်ချင်သူတွေအတွက် TISR ပညာသင်ဆု

Thammasat University က ၂၀၂၆ ပညာသင်နှစ်မှာ နိုင်ငံတကာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် စရိတ်ငြိမ်း ကျောင်းတက်နိုင်အောင် Thammasat International Student Recruitment Program (TISR) ကို စီစဉ်ပေးထားပါတယ်။

Thammasat University ဆိုတာ နိုင်ငံတကာအဆင့်မီတဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး Tha Prachan၊ Rangist၊ Lampang နဲ့ Pattaya တို့မှာ Campus (၄) ခု ရှိပါတယ်။

ဒီတက္ကသိုလ်မှာ စီးပွားရေး၊ အင်ဂျင်နီယာ၊ နည်းပညာ၊ နိုင်ငံရေး၊ ဥပဒေ၊ ဆေးပညာ၊ လူမှုဗေဒ၊ သတင်းပညာစတဲ့ ပညာရပ်တွေကို အထူးပြုသင်ကြားပေးနေတာ ဖြစ်ပါတယ်။

ရွေးချယ်လျှောက်ထားနိုင်တဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် ပရိုဂရမ်များ

> https://oia.tu.ac.th/criteria-and-required-documents/

ပညာသင်ဆု (၃) မျိုး

TISR ပရိုဂရမ်မှာ -

ကျောင်းလခ ကင်းလွတ်ခွင့်အပြင် တစ်လကို ဘတ် (၇,၅၀၀) ရရှိမယ့် ပညာသင်ဆု

ကျောင်းလခ ကင်းလွတ်ခွင့်သာ ရရှိမယ့် ပညာသင်ဆု

ကျောင်းလခ (၅၀)% ကင်းလွတ်ခွင့် ဆိုပြီး ပညာသင်ဆုအမျိုးအစား (၃) မျိုး ခွဲထားပါတယ်။

ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်းများ

  • ပတ်စ်ပို့
  • အထက်တန်းအောင်လက်မှတ်
  • အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲအမှတ်စာရင်း
  • SAT အမှတ်စာရင်း

မှတ်ချက်။ ။ TOEFL၊ IELTS၊ SAT၊ GSAT တို့လို စာမေးပွဲတွေကို ဖြေဆိုထားခြင်း မရှိဘူးဆိုရင် TISR Test ကို မိမိလျှောက်မယ့်မေဂျာဌာနက လက်ခံရင် အစား ဖြေဆိုနိုင်ပါတယ်။ ဒါကြောင့် မေဂျာအလိုက် ဝင်ခွင့်လိုအပ်ချက်တွေကို သေချာဖတ်ကြည့်ဖို့ အထူး လိုအပ်ပါတယ်။

အွန်လိုင်းလျှောက်လွှာ

လျှောက်ထားရမယ့်ပုံစံကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အောက်ပါ အွန်လိုင်းလျှောက်လွှာကို ဖြည့်စွက်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

https://oia.tu.ac.th/tisr/

ဧပြီလကုန်မှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို သိရမှာဖြစ်ပြီး သက်ဆိုင်ရာ မေဂျာဌာနရဲ့ အင်တာဗျူးနဲ့ TISR Test အတွက် Information တွေကို မေလ ပထမအပတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။ ပညာသင်ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို မေလကုန်မှာ အသိပေးသွားမှာ ဖြစ်ပါတယ်။ 

ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုန် > https://oia.tu.ac.th/announcement/round-2-

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 3921 times