Sales Hotline : 09448001653       Download App



Temasek International College

Temasek International College

TIC သည် business administration ၊ business management  နှင့် hospitality and tourism စသည့် ဘာသာရပ်များကို အဓိကသင်ကြားပေးသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

TIC  နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်များမှာ မလေးရှားနိုင်ငံအစိုးရ အသိအမှတ်ပြုထိပ်တန်း တက္ကသိုလ် HELP University နှင့် စင်ကာပူနိုင်ငံအစိုးရ ပညာရေးအဖွဲ့အစည်းက အသိအမှတ်ပြု Edu Trust လက်မှတ်ကို လေးနှစ် ဆက်တိုက်ရရှိထားသော SDH Institute များ ဖြစ်ပါသည်။

TIC သည် ကျောင်းသား၊ ကျောင်းသူများအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲမှုအပိုင်းမှာ တိုးတက်လာရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

ဟိုတယ်နှင့်စားသောက်ဆိုင်နယ်ပယ်များတွင် အတွေ့အကြုံရင့်သောဆရာများဖြစ်သည့် စပိန်နိုင်ငံမှ Mr. Miquel Robert Martinez နှင့် စင်္ကာပူနိုင်ငံမှ Mr. Isaac Joshua တို့မှ လက်တွေ့ကျကျ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

TIC မှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ နှင့် အောင်မြင်ထားသူများအတွက် အင်္ဂလိပ်စာspeaking နှင့် listening စွမ်းရည်တိုးတက်စေရန်၊ vocabulary နှင့် နေ့စဉ်သုံးဝေါဟာရများ ကြွယ်ဝစေရန်သာမက Presentation Skill များလည်းတိုးတက်စေရန် အတွေ့အကြုံရင့် English native speaker နှင့် local teacher များမှ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

သင်တန်းများနှင့်ပို့ချသည့်ဘာသာရပ်များ

TIC တွင် သင်တန်းများမှာ master of business administration ၊ bachelor of business management (Hons) ၊ bachelor of business (hospitality management)(Hons) ၊ advanced diploma in hospitality andtourism management နှင့် part time diploma in hospitality and tourism management ၊ business communication နှင့် English proficiency ၊ diploma of leadership and management စသည်တို့ကို ဖွင့်လှစ် ထားပါသည်။

TIC ၏ hospitality and tourism managementသင်တန်းမှ ကျောင်းသားများသည် စင်ကာပူနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများနှင့်အတူ နှစ်ပတ်ကြာသင်ကြားနိုင်ပါသည်။

တက္ကသိုလ်ဝင်တန်းမဖြေဆိုလိုသော ကျောင်းသားများနှင့်  pre-IGCSE ကျောင်းသားများအတွက် နိုင်ငံတကာအဆင့်မီပညာရပ်များကို တိုက်ရိုက်သင်ကြားနိုင်ရန် ဆက်သွယ်ပေးသည့် bridging program အား တက်ရောက်ပြီး TIC မှ management program များကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသည် foundation program ကို တက်ရောက်ရမည်ဖြစ်ပြီး foundation ပြီးပါက advanced diploma in hotel and tourism management သင်တန်းကို တက်ရမည်ဖြစ်ပါသည်။

ထိုသင်တန်းပြီးဆုံးပါက နောက်ဆုံးတစ်နှစ်ကို bachelor of degree hospitality management ဘွဲ့ကို မြန်မာနိုင်ငံ သို့မဟုတ် စင်ကာပူနိုင်ငံသို့ တက်ရောက်နိုင်ပါသည်။

စင်ကာပူနိုင်ငံ တက်ရောက်ပါက ပြင်သစ်နိုင်ငံမှ ဘွဲ့ရရှိမည်ဖြစ်ပါသည်။

Diploma of leadership and management သင်တန်းသည် Australia Government အသိအမှတ်ပြုထားသည့် VET Qualification တစ်ခုကို TIC နှင့် Choice Training၊ Australia တို့ပူးပေါင်းပြီးဖွင့်လှစ်မည် ဖြစ်ပါသည်။

ထို diploma ရရှိပြီးပါက Australia ၊ USA ၊ UK နိုင်ငံများရှိတက္ကသိုလ်များတွင် bachelor degree များဆက်လက် တက်ရောက်နိုင်ပါသည်။

ထိုသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် တက္ကသိုလ်တက်ရောက်နေသူများတက်ရောက်နိုင် ပါသည်။

သင်တန်းကြေးများ

TIC တွင် တက်ရောက်လိုသူများသည် foundation program ကို ၃ လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှာ US$ 1,000 နှင့် registration fee US$ 350 ဖြစ်ပါသည်။

Foundation program သင်တန်းပြီးပါက advanced diploma in hotel and tourism management သင်တန်းကို ၁၅ လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှာ US $7,800 ဖြစ်ပါသည်။

bachelor of degree hospitality management ဘွဲ့၏ သင်တန်းကာလမှာ ၁၈ လဖြစ်ပြီးသင်တန်းကြေးမှာ ဖြစ်ပါသည်။

 

Contact

01-553897, 09-260001828

 

International/Private Read 1520 times