Sales Hotline : 09448001653       Download App



၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၂) ခု

လာမယ့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် Top Universities ကနေ ထုတ်ပြန် ကြေညာထားတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀၀) ထဲကနေ (၁၂) ကျောင်းကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။ ကျောင်းအားလုံးကို ကြည့်ရှုနိုင်မယ့် လင့်ခ်ကိုလည်း အောက်မှာ ဖော်ပြထားပါတယ်။

 

၁။ Massachusetts Institute of Technology

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာကတော့ နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ MIT ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Cambridge, Massachusetts မှာ တည်ရှိပါတယ်။ ဒီကျောင်းကနေ နှစ်စဉ် ကျောင်းသားပေါင်း (၁၁,၀၀၀) ကျော်ကို မွေးထုတ်ပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၃,၆၀၀) ကျော် လာရောက် ပညာသင်ကြားကြပါတယ်။

  • Postgraduate Programs (1)
  • Scholarship Available

 

၂။ University of Cambridge

နှစ်ပေါင်း (၈၀၀) ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ်းဘရစ်တက္ကသိုလ်ကတော့ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ဒုတိယနေရာကို ရယူထားပါတယ်။ အင်္ဂလန်အပြင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားပေါင်း (၂၁,၀၀၀) လောက် နှစ်စဉ် လာရောက် တက်ရောက်ကြပြီး နိုင်ငံပေါင်း (၁၂၀) ကျော်က ကျောင်းသား (၈,၀၀၀) နီးပါး သင်ကြားပေးပါတယ်။ 

  • Undergraduate Programs (35)
  • Postgraduate Programs (131)
  • Scholarship Available

 

၃။ University of Oxford

နာမည်ကြီး အောက်စ်စဖို့တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ တတိယနေရာကို ရယူထားပါတယ်။ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့မှာ တည်ရှိပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၁၄၀) ကျော်လောက်က ကျောင်းသားတွေ လာရောက် ပညာသင်ယူပါတယ်။ နှစ်စဉ် ကျောင်းသားစုစုပေါင်း (၂၂,၀၀၀) ကျော်ခန့် ရှိပြီး နိုင်ငံအနှံ့အပြားက ကျောင်းသား (၉,၀၀၀) ကျော်ကို လက်ခံ သင်ကြားပေးပါတယ်။ 

  • Undergraduate Programs (62)
  • Postgraduate Programs (349)
  • Scholarship Available

 

၄။ Harvard University

အမေရိကရဲ့ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ စတုတ္တမြောက် ဖြစ်ပြီး Cambridge, Massachusetts မှာ တည်ရှိပါတယ်။ နှစ်စဉ် ကျောင်းသားစုစုပေါင်း (၂၂,၀၀၀) နီးပါးကို ပညာသင်ကြားပေးပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၅,၃၀၀) ကျော် လာရောက် တက်ရောက်ကြပါတယ်။

  • Undergraduate Programs (1)
  • Postgraduate Programs (24)
  • Scholarship Available

 

၅။ Stanford University

၁၈၈၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ ပဉ္စမမြောက်နေရာမှာ ရပ်တည်နေပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း (၁၅,၀၀၀) ကို ပညာသင်ကြားပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၃,၃၀၀) ကျော်ကို လက်ခံ သင်ကြားပါတယ်။ 

  • Postgraduate Programs (13)
  • Scholarship Available

 

၆။ Imperial College London

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၆) နေရာမှာ ရှိနေတာကတော့ လန်ဒန်မြို့လယ်မှာ တည်ရှိတဲ့ Imperial College ဖြစ်ပြီး သိပ္ပံ၊ အင်ဂျင်နီယား၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားဦးရေ (၂၀,၀၀၀) ကျော် လာရောက် ပညာသင်ယူကြပြီး ကျောင်းသားတစ်ဝက်လောက်က ပြည်ပနိုင်ငံတွေက ဖြစ်ပါတယ်။

  • Undergraduate Programs (109)
  • Postgraduate Programs (168)
  • Average Tuition Fee ($35,000)
  • Scholarship Available

 

၇။ ETH Zurich

နံပါတ် (၇) နေရာမှာ ရှိနေတာကတော့ ဆွစ်ဇာလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Zurich မှာ ရှိတဲ့ ETH Zurich တက္ကသိုလ်ပါ။ ၁၈၈၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားစုစုပေါင်း (၂၁,၀၀၀) နီးပါး ရှိပြီး ပြင်ပနိုင်ငံတွေက ကျောင်းသား (၈,၅၀၀) ခန့် လာရောက် ပညာသင်ကြားကြပါတယ်။

  • Average Tuition Fee ($1,460)
  • Scholarship Available

 

၈။ National University of Singapore

စင်ကာပူနိုင်ငံမှာ ပညာရေးနဲ့ သုတေသနဆိုင်ရာ ဘာသာရပ်တွေ သင်ကြားပေးနေတဲ့ National University of Singapore (NUS) က နံပါတ် (၈) နေရာမှာ ရပ်တည်နေပါတယ်။ ဒီကျောင်းမှာ ပညာသင်ကြားတဲ့ ကျောင်းသား (၃၁,၀၀၀) ခန့် ရှိပြီး နိုင်ငံပေါင်း (၁၀၀) ကျော်က ကျောင်းသား (၈,၁၀၀) ကျော်ကို လက်ခံ သင်ကြားပေးနေပါတယ်။

  • Undergraduate Programs (68)
  • Postgraduate Programs (218)
  • Average Tuition Fee ($17,650)
  • Scholarship Available

 

၉။ University College London

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၉) နေရာမှာ ရှိတာကတော့ လန်ဒန်မှာ တည်ရှိတဲ့ University College London ( UCL ) ဖြစ်ပါတယ်။ သုတေသနဆိုင်ရာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးပါတယ်။ နိုင်ငံပေါင်း (၁၅၀) ကျော်က ကျောင်းသား (၂၅,၀၀၀)  လာရောက် ပညာသင်ယူကြပြီး စုစုပေါင်း ကျောင်းသားဦးရေ (၄၂,၀၀၀) နီးပါးထိ လက်ခံပါတယ်။

  • Undergraduate Programs (403)
  • Postgraduate Programs (624)
  • Average Tuition Fee ($24,000)
  • Scholarship Available

 

၁၀။ University of California, Berkeley

Berkeley မှာ ရှိတဲ့ ကယ်လီးဖိုးနီးယားတက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့  နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။ ၁၈၆၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး သုတေသနဆိုင်ရာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။ နှစ်စဉ် ကျောင်းသားစုစုပေါင်း (၄၀,၀၀၀) ကျော်ထိ လာရောက် ပညာသင်ယူကြပြီး ကမ္ဘာတစ်ဝှမ်းက ကျောင်းသား (၉,၀၀၀) နီးပါးကို လက်ခံ သင်ကြားပေးနေပါတယ်။

  • Postgraduate Programs (1)
  • Scholarship Available

 

၁၁။ University of Chicago 

၁၈၅၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ University of Chicago ဟာ နံပါတ် (၁၁) နေရာကို ရယူထားပြီး လူမှုရေး၊ စီးပွားရေး၊ ဥပဒေ ဘာသာရပ်တွေကို အဓိက သင်ကြားပေးပါတယ်။ နှစ်စဉ် ပြည်တွင်းပြည်ပ ကျောင်းသားစုစုပေါင်း (၁၆,၀၀၀) ကျော်ကို လက်ခံ ပညာသင်ကြားပေးပြီး နိုင်ငံအနှံ့အပြားက ကျောင်းသား (၄,၅၀၀) နီးပါး လာရောက် တက်ရောက်ကြပါတယ်။

  • Undergraduate Programs (36)
  • Postgraduate Programs (27)
  • Scholarship Available

 

၁၂။ University of Pennsylvania

အမေရိကန် Philadelphia မှာ တည်ရှိတဲ့ University of Pennsylvania ဟာ ၁၇၄၀ ခုနှစ်ကထဲက တည်ထောင်ခဲ့တဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပြီး  ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့  နံပါတ် (၁၂) နေရာမှာ ရှိနေပါတယ်။ ကျောင်းသားစုစုပေါင်း (၂၂,၀၀၀) ကျော် ရှိပြီး ပြင်ပနိုင်ငံတွေက ကျောင်းသား (၅,၅၀၀) နီးပါး လာရောက် ပညာသင်ကြားကြပါတယ်။

  • Undergraduate Programs (52)
  • Postgraduate Programs (15)
  • Scholarship Available

 

၂၀၂၄ ခုနှစ် အကောင်းဆုံးတက္ကသိုလ် (၁၀၀) စာရင်း

၂၀၂၃ ခုနှစ်ရဲ့  အကောင်းဆုံးတက္ကသိုလ် (၁,၇၉၉) ခု

 

လာမယ့် ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာရင်းထဲမှာ ထုံးစံအတိုင်း အမေရိကား တက္ကသိုလ်တွေဟာ ထိပ်ဆုံးနေရာကို ရယူထားပြီး ဗြိတိန်တက္ကသိုလ်တွေကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂျပန်၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတေးလီးယား၊ စင်ကာပူနဲ့ ကိုရီးယား စတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေဟာလည်း ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို ပါဝင်လာတာကို တွေ့ရပါတယ်။

International International/Private Latest Post University / College Read 2856 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176