Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုလိုသည့် လူငယ်များလျှောက်သင့်သည့် Child’s Dream Scholarship

လက်ရှိ ၁၀ တန်းဖြေဆိုထားပြီး ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ် မဟုတ်ဘဲ အခြားသော ရည်မှန်ထားသည့် တက္ကသိုလ်များကို တက်ရောက်ရန် ငွေကြေး ခက်ခဲနေသည် ဖြစ်စေ၊ အမှတ်မမှီကြသည်ဖြစ်နေသည့် ညီငယ်၊ညီမငယ်များအတွက် ယခု Child’s Dream Scholarship အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Full Scholarship ဖြစ်သည့် အတွက် ငွေကြေးအခက်အခဲရှိသော်လည်း ပညာရေးမှတ်တမ်းကောင်းမွန်လိုသူများ၊ ရေရှည်တွင် ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရယူလိုသူများ၊ ပညာသင်ကြားပြီးနောက် မိခင်မြန်မာနိုင်ငံသို့ ပြန်လာကာ နိုင်ငံ့အကျိုးတိုးတက်‌ရေးကို အားတက်သရော ထမ်းဆောင်လိုသည့် လူငယ်များအတွက် လက်မလွှတ်သင့်သည့် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။

ဒီ စကောလားရှစ် အောက်တွင် ရွေးချယ်စရာ မေဂျာများစွာ ရှိသည့်အပြင် တက်ရောက်နိုင်သည့်ကျောင်းပေါင်း များစွာလည်းရှိပါသည်။ 

1) Full Scholarship တွင် 

  • ကျောင်းလခနှင့် ဆက်စပ်သော ကုန်ကျစရိတ်များ (တက္ကသိုလ်ဝင်ကြေး၊ လစဥ်ကြေး)
  • ကျောင်းသုံးပစ္စည်းများ ( ယူနီဖောင်း၊ စာအုပ်၊ စာရေးကိရိယာများ)
  • နေထိုင်စရိတ် (အိမ်လခ (သို့) အဆောင်လခ၊ အစားသောက်စရိတ်၊ ခရီးစရိတ်)
  • အခြားကုန်ကျစရိတ် များပါဝင်ပါသည်။

2) Funding Majors များမှာ 

  • Education
  • Nursing,
  • Computer,
  • Agriculture,
  • Engineer,
  • English,
  • Law,
  • Psychology,
  • Philosophy,
  • Geography,
  • Anthropology,
  • International Relations,
  • Oriental Studies,
  • Veterinary Science တို့ဖြစ်ပါသည်။ 


3) တက္ကသိုလ်များအနေဖြင့် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များဖြစ်ပြီး 

  • Asia-Pacific International University - Education in Teaching 
  • Bangkok University - Communication Arts
  • Bangkok University - Innovative Media Production 
  • Chiang Mai University - Social Sciences
  • Chulalongkorn University - Economics
  • King Mongkut - Software Engineering 
  • King Mongkut - Engineering and Technology Management
  • Mae Fah Luang University - Public Health
  • Mahidol University - Natural Resources and Environmental Management 
  • Rangsit University - International Relations and Development
  • Thammasat University - Economics
  • Thammasat University - Civil Engineering
  • Thammasat University - Mechanical Engineering
  • Thammasat University - Social Policy and Development

4) Form ဖြည့်ရန်အတွက် လုပ်ငန်းရပ်များမှာ 

  • မိမိတက်လိုသည့် ကျောင်းများ၏ သက်ဆိုင်ရာ လိုအပ်ချက်များကို website တွင်ရှာကာ လျှောက်လွှာတွင် ဖြည့်ပါ။
  • [email protected] သို့ လိုအပ်သော စာရွက်စာတမ်းများ၊ ဖြည့်စွက်ထားသည့် form ကို ဖြည့်ပါ။
  • Deadline ရက်ကို  အမြဲသတိပြုထားပါ။

5) Deadline  : 28 Feb 2021

  • March : Shortlist Interview
  • May : Offer scholarship (Depends on which students got Admission)
  • June-Aug : Term Stats (Depends on School) 

ပညာသင်ဆုလျှောက်ထားတဲ့ကျောင်းသားများအနေနဲ့မြန်မာနိုင်ငံသားဖြစ်ရပြီး အသက် ၃၀ အောက် Financial Needs တကယ် လိုအပ်တဲ့ကျောင်းသားဖြစ်ဖို့လိုပါတယ်။

လျှောက်လွှာရယူရန် >>> Click Here <<<

Child's Dream Page >>> Click Here <<<

Ref: Take your Time
By Myanmar Education Guide (EDGE) 

Latest Post International International/Private News Read 1739 times