Sales Hotline : 09448001653       Download App



အမေရိကန်နှင့် စင်ကာပူနိုင်ငံတို့မှ ပေးအပ်မည့် ပညာသင်ဆု

** Unicode **

**အမေရိကန်ပညာသင်ဆု**
အမေရိကန်ပြည်ထောင်စုသို့ (၆) ပတ်ကြာပညာတော်သင်သွားရောက်နိုင်ရန် အမေရိကန်အစိုးရက မြန်မာဆရာ/ဆရာမများကို ပေးအပ်သည့် Teaching Excellence and Achievement (TEA) ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာမှ ဆရာ/ဆရာမများကို ၎င်းတို့၏ ကျွမ်းကျင်ရာ ဘာသာရပ်များ ပိုမိုဖွံ့ဖြိုးရန်၊ သင်ကြားရေးစွမ်းရည်များပိုမိုကောင်းမွန်ရန်၊ အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်ပြီး အတွေ့အကြုံဗဟုသုတများ ပိုမိုရရှိစေရန် Teaching Excellence and Achievement (TEA) ပညာသင်အစီအစဉ်က ပံ့ပိုးပေးမည်ဟု ဆိုပါတယ်။

မြန်မာနိုင်ငံမှ ဆရာ/ဆရာမများအတွက် အကောင်းဆုံးသင်ကြားခြင်းနှင့် အောင်မြင်ခြင်းဟူသည့် TEA ပညာတော်သင်အစီအစဉ်အတွက် စတင်လျှောက်ထားရမည့်ရက်ကို ဇန်နဝါရီအတွင်း ကြေညာမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာထားပါတယ်။

TEA ပညာတော်သင်အစီအစဉ်အရ သီတင်း(၆) ပတ်ကြာ အမေရိကတ်ပြည်ထောင်စုသို့ သွားရောက်ရမည်ဖြစ်ပြီး သင်ကြားရေးနည်းစနစ်များ၊ သင်ရိုးညွှန်းတမ်း ပိုမိုကောင်းမွန်အောင်ရေးဆွဲမှုများ၊ သင်ခန်းစာပြုစုခြင်းများဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက်ခွင့်ရမည်ဖြစ်ပါတယ်။

ဘွဲ့လက်မှတ်နှင့်အမှတ်စာရင်းများပေးအပ်မည်မဟုတ်ဘဲ သင်တန်းပြီးမြောက်ကြောင်းအသိအမှတ်ပြု လက်မှတ်အပ်နှင်းမည့် အစီအစဉ်ဖြစ်ပါတယ်။

အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးပညာလေ့လာမှု စသည့်ဘာသာရပ်များ သင်ကြားနေသည့် အစိုးရဝန်ထမ်း ဆရာ/ဆရာမများ၊ အပြင်ပုဂ္ဂလိက ဆရာ/ဆရာမများ လျှောက်ထားနိုင်ပါတယ်။

သင်ကြားရေးလုပ်သက် (၅) နှစ် (သို့) (၅) နှစ်နှင့် အထက်ရှိထားရမည်ဖြစ်ပြီး လက်ရှိတွင် ဆရာ/ဆရာမအဖြစ်လုပ်ကိုင်နေသူဖြစ်ရမည်ဖြစ်ပါတယ်။

ပညာသင်ဆုနှင့်ပတ်သက်၍ အသေးစိတ်ကို https://mm.usembassy.gov/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

**စင်ကာပူနိုင်ငံပညာသင်ဆု**
Dr.GohKengSwee ပညာသင်ဆုသည် Association of Banks in Singapore (ABS) မှပေးအပ်သည့် ပုဂ္ဂလိကပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

Dr.GohKengSwee ပညာသင်ဆုကို စင်ကာပူနိုင်ငံရှိ National University of Singpore (NUS)၊ Nanyang Technological University (NTU), Singapore Management University of Technology and Design (SUTD) တက္ကသိုလ်များတွင် တက်ရောက်မည့် သူများလျှောက်ထားနိုင်ပါတယ်။

တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိရန် မိမိအစီအစဉ်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ကျောင်းတက်ရောက်ခွင့်ရရှိသူများကိုသာ ပညာသင်ဆု စိစစ်ပေးအပ်မည်ဖြစ်ပါတယ်။

လျှောက်ထားသူများသည် NUS, NTU, SMU, SUTD တို့တွင် ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်များမှ လွှဲ၍ ဘွဲ့ကြိုဘာသာရပ်သင်တန်းတစ်ခုခု ဝင်ခွင့်ရရှိထားရမည်ဖြစ်ပါတယ်။

ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနိုင်ရမည်ဖြစ်ပြီး ပညာရေးမှတ်တမ်းကောင်း ရှိထားရမည်ဖြစ်ပါတယ်။ Scholastic Assessment Test (SAT) ရမှတ်တင်ပြရမည်ဖြစ်ပြီး SAT ရမှတ်အပေါ်မူတည်ကာ ပညာသင်ဆုစိစစ်ရွေးချယ်မည်ဖြစ်ပါတယ်။

ပညာသင်ကာလအများဆုံး (၄) နှစ်အတွင်း ကုန်ကျမည့်ကျောင်းစရိတ်များနှင့် အခြားပညာရေးဆိုင်ရာ အသုံးစရိတ်များ၊ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အသွားလေယာဉ်ခ၊ နှစ်စဉ်ပညာသင်ဆုငွေ စင်ကာပူဒေါ်လာ (၆၅၀၀)၊ အဆောင်ခများ ပံ့ပိုးမေးမည်ဖြစ်ပါတယ်။

ပညာသင်ဆုရရှိသူ၏ စင်ကာပူနိုင်ငံတွင် တက်ရောက်နေစဉ် ပညာရေးမှတ်တမ်း၊ စွမ်းဆောင်ရည် ကောင်းမွန်မှုတို့အပေါ် နှစ်စဉ်ပြန်လည်သုံးသပ်ပြီး ပညာသင်ဆု ဆက်လက်ပေးအပ်သင့်/မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက် လျှောက်ထားရမည့် နောက်ဆုံးရက်များမှာ သက်ဆိုင်ရာ တက္ကသိုလ်များက သတ်မှတ်ထားသည့် နေ့ရက်များအတိုင်းသာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားရန် နောက်ဆုံးရက် မတ်လ (၁၅) ရက်ဖြစ်ပါတယ်။

ပညာသင်ဆုဖြင့် ဘွဲ့ရပြီးပါက စင်ကာပူနိုင်ငံ (သို့) အမိနိုင်ငံရှိ စင်ကာပူနိုင်ငံသားပိုင်ကုမ္ပဏီတွင် (၃) နှစ်အလုပ်လုပ်ကိုငင်မည်ဟု ဝန်ခံကတိရေးထိုးရမည်ဖြစ်ပါတယ်။

Dr.GohKengSwee ပညာသင်ဆုကို www.pscgateway.gov.sg/app/gks/account/uidsignin. တွင်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Credit: 7Day News

 

** Zawgyi **

**အေမရိကန္ပညာသင္ဆု**
အေမရိကန္ျပည္ေထာင္စုသို႔ (၆) ပတ္ၾကာပညာေတာ္သင္သြားေရာက္ႏိုင္ရန္ အေမရိကန္အစိုးရက ျမန္မာဆရာ/ဆရာမမ်ားကို ေပးအပ္သည့္ Teaching Excellence and Achievement (TEA) ပညာသင္ဆုအစီအစဥ္ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံတကာမွ ဆရာ/ဆရာမမ်ားကို ၄င္းတုိ႔၏ က်ြမ္းက်င္ရာ ဘာသာရပ္မ်ား ပိုမိုဖြံ႔ၿဖိဳးရန္၊ သင္ၾကားေရးစြမ္းရည္မ်ားပိုမိုေကာင္းမြန္ရန္၊ အေမရိကန္ၿပည္ေထာင္စုႏွင့္ပတ္သက္ၿပီး အေတြ႔အႀကံဳဗဟုသုတမ်ား ပိုမိုရရိွေစရန္ Teaching Excellence and Achievement (TEA) ပညာသင္အစီအစဥ္က ပံ့ပိုးေပးမည္ဟု ဆိုပါတယ္။

ျမန္မာႏိုင္ငံမွ ဆရာ/ဆရာမမ်ားအတြက္ အေကာင္းဆံုးသင္ၾကားျခင္းႏွင့္ ေအာင္ျမင္ျခင္းဟူသည့္ TEA ပညာေတာ္သင္အစီအစဥ္အတြက္ စတင္ေလ်ွာက္ထားရမည့္ရက္ကို ဇန္နဝါရီအတြင္း ေၾကညာမည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံရံုးက ေၾကညာထားပါတယ္။

TEA ပညာေတာ္သင္အစီအစဥ္အရ သီတင္း(၆) ပတ္ၾကာ အေမရိကတ္ျပည္ေထာင္စုသို႔ သြားေရာက္ရမည္ျဖစ္ၿပီး သင္ၾကားေရးနည္းစနစ္မ်ား၊ သင္ရိုးညႊန္းတမ္း ပိုမိုေကာင္းမြန္ေအာင္ေရးဆြဲမႈမ်ား၊ သင္ခန္းစာျပဳစုျခင္းမ်ားဆိုင္ရာ ေဆြးေႏြးပြဲမ်ားကို တက္ေရာက္ခြင့္ရမည္ျဖစ္ပါတယ္။

ဘြဲ႔လက္မွတ္ႏွင့္အမွတ္စာရင္းမ်ားေပးအပ္မည္မဟုတ္ဘဲ သင္တန္းၿပီးေျမာက္ေၾကာင္းအသိအမွတ္ျပဳ လက္မွတ္အပ္ႏွင္းမည့္ အစီအစဥ္ျဖစ္ပါတယ္။

အဂၤလိပ္စာ၊ သခ်ၤာ၊ သိပၸံႏွင့္ လူမႈေရးပညာေလ့လာမႈ စသည့္ဘာသာရပ္မ်ား သင္ၾကားေနသည့္ အစိုးရဝန္ထမ္း ဆရာ/ဆရာမမ်ား၊ အျပင္ပုဂၢလိက ဆရာ/ဆရာမမ်ား ေလ်ွာက္ထားႏိုင္ပါတယ္။

သင္ၾကားေရးလုပ္သက္ (၅) ႏွစ္ (သို႔) (၅) ႏွစ္ႏွင့္ အထက္ရွိထားရမည္ျဖစ္ၿပီး လက္ရွိတြင္ ဆရာ/ဆရာမအျဖစ္လုပ္ကိုင္ေနသူျဖစ္ရမည္ျဖစ္ပါတယ္။

ပညာသင္ဆုႏွင့္ပတ္သက္၍ အေသးစိတ္ကို https://mm.usembassy.gov/ တြင္ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

**စင္ကာပူႏိုင္ငံပညာသင္ဆု**
Dr.GohKengSwee ပညာသင္ဆုသည္ Association of Banks in Singapore (ABS) မွေပးအပ္သည့္ ပုဂၢလိကပညာသင္ဆုအစီအစဥ္ျဖစ္ပါတယ္။

Dr.GohKengSwee ပညာသင္ဆုကို စင္ကာပူႏိုင္ငံရွိ National University of Singpore (NUS)၊ Nanyang Technological University (NTU), Singapore Management University of Technology and Design (SUTD) တကၠသုိလ္မ်ားတြင္ တက္ေရာက္မည့္ သူမ်ားေလ်ွာက္ထားႏိုင္ပါတယ္။

တကၠသုိလ္မ်ားသို႔ ဝင္ခြင့္ရရွိရန္ မိမိအစီအစဥ္ျဖင့္သာ ေလ်ွာက္ထားရမည္ျဖစ္ၿပီး ေက်ာင္းတက္ေရာက္ခြင့္ရရွိသူမ်ားကုိသာ ပညာသင္ဆု စိစစ္ေပးအပ္မည္ျဖစ္ပါတယ္။

ေလ်ွာက္ထားသူမ်ားသည္ NUS, NTU, SMU, SUTD တို႔တြင္ ေဆးပညာရပ္ဆိုင္ရာ ဘာသာရပ္မ်ားမွ လႊဲ၍ ဘြဲ႔ႀကိဳဘာသာရပ္သင္တန္းတစ္ခုခု ဝင္ခြင့္ရရွိထားရမည္ျဖစ္ပါတယ္။

ေခါင္းေဆာင္မႈစြမ္းရည္ကို ျပသႏိုင္ရမည္ျဖစ္ၿပီး ပညာေရးမွတ္တမ္းေကာင္း ရွိထားရမည္ျဖစ္ပါတယ္။ Scholastic Assessment Test (SAT) ရမွတ္တင္ျပရမည္ျဖစ္ၿပီး SAT ရမွတ္အေပၚမူတည္ကာ ပညာသင္ဆုစိစစ္ေရြးခ်ယ္မည္ျဖစ္ပါတယ္။

ပညာသင္ကာလအမ်ားဆံုး (၄) ႏွစ္အတြင္း ကုန္က်မည့္ေက်ာင္းစရိတ္မ်ားႏွင့္ အျခားပညာေရးဆိုင္ရာ အသံုးစရိတ္မ်ား၊ ျမန္မာႏိုင္ငံမွ စင္ကာပူႏိုင္ငံသို႔ အသြားေလယာဥ္ခ၊ ႏွစ္စဥ္ပညာသင္ဆုေငြ စင္ကာပူေဒၚလာ (၆၅၀၀)၊ အေဆာင္ခမ်ား ပံ့ပိုးေမးမည္ျဖစ္ပါတယ္။

ပညာသင္ဆုရရွိသူ၏ စင္ကာပူႏိုင္ငံတြင္ တက္ေရာက္ေနစဥ္ ပညာေရးမွတ္တမ္း၊ စြမ္းေဆာင္ရည္ ေကာင္းမြန္မႈတုိ႔အေပၚ ႏွစ္စဥ္ျပန္လည္သံုးသပ္ၿပီး ပညာသင္ဆု ဆက္လက္ေပးအပ္သင့္/မသင့္ကို ဆံုးျဖတ္ေပးမည္ျဖစ္ပါတယ္။

ေက်ာင္းဝင္ခြင့္အတြက္ ေလ်ွာက္ထားရမည့္ ေနာက္ဆံုးရက္မ်ားမွာ သက္ဆိုင္ရာ တကၠသုိလ္မ်ားက သတ္မွတ္ထားသည့္ ေန႔ရက္မ်ားအတိုင္းသာ ျဖစ္ပါတယ္။

ပညာသင္ဆုေလ်ွာက္ထားရန္ ေနာက္ဆံုးရက္ မတ္လ (၁၅) ရက္ျဖစ္ပါတယ္။

ပညာသင္ဆုျဖင့္ ဘြဲ႔ရၿပီးပါက စင္ကာပူႏိုင္ငံ (သို႔) အမိႏိုင္ငံရွိ စင္ကာပူႏိုင္ငံသားပိုင္ကုမၸဏီတြင္ (၃) ႏွစ္အလုပ္လုပ္ကိုငင္မည္ဟု ဝန္ခံကတိေရးထုိးရမည္ျဖစ္ပါတယ္။

Dr.GohKengSwee ပညာသင္ဆုကို www.pscgateway.gov.sg/app/gks/account/uidsignin. တြင္ဝင္ေရာက္ေလ်ွာက္ထားႏိုင္ပါတယ္။

Credit: 7Day News

Latest Post International Read 1143 times