Connected Oregon Padauk Education ကနေ "Teaching A Good Lesson” (ကောင်းမွန်သော သင်ခန်းစာတစ်ခုကို ဘယ်လိုပို့ချမလဲ) ခေါင်းစဉ်ကို ဆွေးနွေးသွားမယ့် Free Webinar တစ်ခု ပြုလုပ်ဖို့ရှိပါတယ်။
ဆရာ၊ဆရာမတွေအတွက် သင်ခန်းစာတစ်ခုကို သင်ကြားတဲ့အခါ ထိရောက်အောင် ဘယ်လို ပြင်ဆင်မလဲ၊ ကျောင်းသားတွေ စိတ်ဝင်စားလာအောင် ဘယ်လို သင်ကြားရမလဲဆိုတာ သိကိုသိထားရမယ့် အပိုင်းပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း သင်ကြားရေးအတွေ့အကြုံနည်းသေးတဲ့ ဆရာ/ဆရာမတွေ၊ သင်ကြားရေးနယ်ပယ်မှာ မိမိစွမ်းရည်ကို မြှင့်တင်ချင်တဲ့ ဆရာ/ဆရာမတွေအတွက် ရည်ရွယ်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
ဒီ Webinar မှာ ဘာတွေ ရရှိသွားမလဲ?
Webinar အစီအစဉ်က ၂၀၂၆ ခုနှစ်၊ ဧပြီ (၅) ရက်၊ တနင်္ဂနွေနေ့၊ ည (၇) နာရီမှ (၈) နာရီခွဲအထိ ပြုလုပ်မှာ ဖြစ်ပြီး Zoom ကနေ တက်ရောက်နိုင်ပါတယ်။
ဆွေးနွေးပေးမယ့်သူကတော့ Lancaster University မှ MA (TESOL) ဘွဲ့နှင့် ရန်ကုန်တက္ကသိုလ်မှ MA (English) ဘွဲ့တို့ကို ရရှိထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ကိုင်နေသူ ဆရာမ မေမေဝင်းပဲ ဖြစ်ပါတယ်။
တက်ရောက်လိုတဲ့ ဆရာ/ဆရာမတွေအနေနဲ့ ဧပြီ (၃) ရက်နေ့၊ ည (၁၀) နာရီ နောက်ဆုံးထားပြီး အောက်ကလင်ခ့်ကတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
> https://docs.google.com/forms
==============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။