Sales Hotline : 09448001653       Download App



ဆွီဒင်နိုင်ငံမှ မဟာဘွဲ့တက်ရောက်မည့် သူများအတွက်ပညာသင်ဆု

**Zawgyi**

ဆီြဒင္ႏိုင္ငံ တကၠသုိလ္မ်ားတြင္ မဟာဘြဲ႔တက္ေရာက္မည့္သူမ်ားေလ်ွာက္ထားႏိုင္မည့္ ပညာသင္ဆုအစီအစဥ္ျဖစ္ၿပီး ဆီြဒင္ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေငြေၾကးပံ့ပိုးေပးသည့္ ပညာသင္ဆုလည္းျဖစ္ပါသည္။


ကမ႓ာအႏွံ႔ရွိ လူငယ္ေခါင္းေဆာင္မ်ားကို ပညာရပ္ပိုင္းဆိုင္ရာ၊ က်ြမ္းက်င္မႈဆိုင္ရာ အရည္အေသြးမ်ား ျမွင့္တင္ေပးႏိုင္ရန္ပညာသင္ဆုေပးျခင္းျဖစ္ၿပီး ဆီြဒင္ႏုိင္ငံႏွင့္ အျခားႏိုင္ငံမ်ားအၾကား ေကာင္းမြႏ္သည့္ေရရွည္ဆက္ဆံေရးတည္ေဆာက္ႏိုင္ရန္လည္း ေမ်ွာက္လင့္သည္ဟု ဆီြဒင္အစိုးရက ေျပာၾကားထားပါသည္။


Swedish Institute Scholarships for Global Professionals (SISGP) အစီအစဥ္အရ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ ဆီြဒင္ႏိုင္ငံ တကၠသုိလ္မ်ားတြင္ မဟာဘြဲ႔တက္ေရာက္မည့္ ႏိုင္ငံတကာ ေက်ာင္းသား/သူမ်ားအတြက္ ပညာသင္ဆုေပးျခင္းျဖစ္ၿပီး ေက်ာင္းသား/သူဦးေရ (၃၀၀) ခန္႔ကို ပညာသင္ဆုေပးမည္ဟု Swedish Institute ကေၾကညာထားပါသည္။


ဆြြီဒင္တကၠသိုလ္မ်ားတြင္ သင္ၾကားေနသည့္ မည္သည့္ဘာသာရပ္တြင္မဆို မဟာဘြဲ႔သင္တန္းတက္လိုုပါက SISGP ကို ေလ်ွာက္ထားခြင့္ရွိပါသည္။


ပညာသင္ဆုရရွိပါက ေက်ာင္းလခ၊ လစဥ္အသံုးစရိတ္အျဖစ္ ဆီြဒင္ခရိုနာ (၁၀၀၀)၊ ဇာတိႏိုင္ငံမွ ဆီြဒင္သို႔ အသြားအျပန္ ခရီးစရိတ္အျဖစ္ ဆီြဒင္ခရိုနာ (၁၅၀၀၀)၊ နာမက်န္းႏွင့္မေတာ္တဆ ထိခိုက္မႈဆိုင္ရာ အာမခံ၊ SI Network for Future Global Leaders အသင္းဝင္ေၾကး၊SI Alumni Network အသင္းဝင္ေၾကးမ်ား ေပးအပ္မည္ျဖစ္ပါသည္။


ပညာသင္ဆုေလ်ွာက္ထားသူမ်ားသည္ အလုပ္ခ်ိန္အနည္းဆံုး နာရီ (၃၀၀၀) ၾကာလုပ္ကိုင္ထားဖူးရမည္ျဖစ္ၿပီး ထိုလုပ္ငန္းခြင္တြင္ ေခါင္းေဆာင္မႈစြမ္းရည္ေကာင္းေကာင္းျဖင့္ အလုပ္လုပ္ကိုင္ခဲ့ေၾကာင္း အေထာက္အထားျပရမည္ျဖစ္ပါသည္။


ဆီြဒင္တကၠသုိလ္မ်ားတြင္ တက္ေရာက္ခြင့္ရရန္ တကၠသုိလ္ဝင္ခြင့္သီးျခားေလ်ွာက္ထားရမည္ျဖစ္ၿပီး ယင္းတကၠသုိလ္ဝင္ခြင့္ကို ေအာက္တိုဘာ (၁၆) ရက္မွ ၂၀၂၀ ဇန္နဝါရီ (၁၅) ရက္အတြင္း ေလ်ွာက္ထားရမည္ျဖစ္ပါသည္။


ဝင္ခြင့္ရၿပီးပါက Swedish Institute Scholarship for Global Professionals ပညာသင္ဆုကို ၂၀၂၀ ေဖေဖာ္ဝါရီ (၁၀) ရက္မွ (၂၀) ရက္အထိ ေလ်ွာက္ထားရမည္ျဖစ္ပါသည္။

Read More:>>> ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

ပညာသင္ဆုကို https://si.se/en/apply/scholarships/swedish-institute-scholarships-for-global-professionals/ Link တြင္ဝင္ေရာက္ ေလ်ွာက္ထားရမည္ျဖစ္ပါသည္။
Source:7Day News

**Unicode**

ဆွီဒင်နိုင်ငံ တက္ကသိုလ်များတွင် မဟာဘွဲ့တက်ရောက်မည့်သူများလျှောက်ထားနိုင်မည့် ပညာသင်ဆုအစီအစဉ်ဖြစ်ပြီး ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန ငွေကြေးပံ့ပိုးပေးသည့် ပညာသင်ဆုလည်းဖြစ်ပါသည်။


ကမ္ဘာအနှံ့ရှိ လူငယ်ခေါင်းဆောင်များကို ပညာရပ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ မြှင့်တင်ပေးနိုင်ရန်ပညာသင်ဆုပေးခြင်းဖြစ်ပြီး ဆွီဒင်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ကောင်းမွန်သည့်ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ရန်လည်း မျှောက်လင့်သည်ဟု ဆွီဒင်အစိုးရက ပြောကြားထားပါသည်။


Swedish Institute Scholarships for Global Professionals (SISGP) အစီအစဉ်အရ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဆွီဒင်နိုင်ငံ တက္ကသိုလ်များတွင် မဟာဘွဲ့တက်ရောက်မည့် နိုင်ငံတကာ ကျောင်းသား/သူများအတွက် ပညာသင်ဆုပေးခြင်းဖြစ်ပြီး ကျောင်းသား/သူဦးရေ (၃၀၀) ခန့်ကို ပညာသင်ဆုပေးမည်ဟု Swedish Institute ကကြေညာထားပါသည်။


ဆွီဒင်တက္ကသိုလ်များတွင် သင်ကြားနေသည့် မည်သည့်ဘာသာရပ်တွင်မဆို မဟာဘွဲ့သင်တန်းတက်လိုပါက SISGP ကို လျှောက်ထားခွင့်ရှိပါသည်။


ပညာသင်ဆုရရှိပါက ကျောင်းလခ၊ လစဉ်အသုံးစရိတ်အဖြစ် ဆွီဒင်ခရိုနာ (၁၀၀၀)၊ ဇာတိနိုင်ငံမှ ဆွီဒင်သို့ အသွားအပြန် ခရီးစရိတ်အဖြစ် ဆွီဒင်ခရိုနာ (၁၅၀၀၀)၊ နာမကျန်းနှင့်မတော်တဆ ထိခိုက်မှုဆိုင်ရာ အာမခံ၊ SI Network for Future Global Leaders အသင်းဝင်ကြေး၊SI Alumni Network အသင်းဝင်ကြေးများ ပေးအပ်မည်ဖြစ်ပါသည်။


ပညာသင်ဆုလျှောက်ထားသူများသည် အလုပ်ချိန်အနည်းဆုံး နာရီ (၃၀၀၀) ကြာလုပ်ကိုင်ထားဖူးရမည်ဖြစ်ပြီး ထိုလုပ်ငန်းခွင်တွင် ခေါင်းဆောင်မှုစွမ်းရည်ကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း အထောက်အထားပြရမည်ဖြစ်ပါသည်။


ဆွီဒင်တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရန် တက္ကသိုလ်ဝင်ခွင့်သီးခြားလျှောက်ထားရမည်ဖြစ်ပြီး ယင်းတက္ကသိုလ်ဝင်ခွင့်ကို အောက်တိုဘာ (၁၆) ရက်မှ ၂၀၂၀ ဇန်နဝါရီ (၁၅) ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပါသည်။


ဝင်ခွင့်ရပြီးပါက Swedish Institute Scholarship for Global Professionals ပညာသင်ဆုကို ၂၀၂၀ ဖေဖော်ဝါရီ (၁၀) ရက်မှ (၂၀) ရက်အထိ လျှောက်ထားရမည်ဖြစ်ပါသည်။

Read More:>>> ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

ပညာသင်ဆုကို https://si.se/en/apply/scholarships/swedish-institute-scholarships-for-global-professionals/ Link တွင်ဝင်ရောက် လျှောက်ထားရမည်ဖြစ်ပါသည်။
Source:7Day News

International Latest Post Read 512 times